မန္တလေးတိုင်းအတွင်း မြေလွတ်မြေရိုင်း ဧက ခြောက်သိန်းကျော်ရှိ

/ /

မန္တလေးတိုင်းဒေသကြီးအတွင်း မြေလွတ်မြေရိုင်း ဧက(၆၂၀ဝ၀ဝ)ကျော် ရှိပြီး ယင်မြေနေရာများတွင် စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြုပ်နှံလုပ်ကိုင်ရန် တိုင်းအစိုးရက ဖိတ်ခေါ်ထားသည်။

ပုဂ္ဂလိကလုပ်ငန်းရှင်များမှ မြေလွတ်မြေရိုင်းများ လုပ်ပိုင်ခွင့်ရရန် လျှောက်ထားရာတွင် နှစ်ရှည်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများအတွက် တစ်ကြိမ်လျှင် ဧက(၅၀ဝ၀)ဖြင့် စတင်လျှောက်ထားနိုင်ပြီး လုပ်ငန်း(၇၅)ရာခိုင်နှုန်းပြီးစီးပါက ထပ်မံလျှောက်ထားကာ အများဆုံးဧက(၅သောင်း)အထိ အကြိမ်ကြိမ်ခွင့်ပြုပေးဖြစ်သလို နှစ်(၃၀) လုပ်ကိုင်ခွင့်ပြုမည်ဖြစ်သည်။

ထို့အပြင် ဥယျာဉ်ခြံသီးနှံများအတွက် ဧက(၃၀ဝ၀)၊ ကျွဲ၊နွား၊မြင်း မွေးမြူရေးလုပ်ငန်းများအတွက် ဧက(၂၀ဝ၀)၊ ငါး၊ပုစွန်၊ဂဏန်း မွေးမြူရေးလုပ်ငန်းအတွက် ဧက(၁၀ဝ၀)၊ သိုးဆိတ်မွေးမြူခြင်းအတွက် ဧက(၅၀ဝ)နှင့် ကြက်၊ဝက်၊ဘဲ၊ငုံး မွေးမြူရေးလုပ်ငန်းအတွက် ဧက(၃၀ဝ)အထိ လျှောက်ထားနိုင်ကာ လုပ်ငန်းအားလုံးအတွက် နှစ်(၃၀) လုပ်ကိုင်ခွင့်ပြုမည်ဖြစ်သည်။

မြေလွတ်မြေရိုင်းများ လုပ်ကိုင်ခွင့်လျှောက်ထားရာတွင် စိုက်ပျိုးရေးလုပ်ငန်းအတွက် ဧက(၃၀ဝ)၊ မွေးမြူရေးလုပ်ငန်းအတွက် ဧက(၅၀)အထိ တိုင်းအဆင့်မှ ချထားပေးမည်ဖြစ်ပြီး ၄င်းပမာဏထက်ပိုပါက ပြည်ထောင်စုအဆင့်တွင် လျှောက်ထားရမည်ဖြစ်သည်။

မန္တလေးတိုင်းအတွင်း မြေလွတ်မြေရိုင်း ကျန်ရှိမူအခြေအနေမှာ အောက်ပါအတိုင်းဖြစ်သည်။

Facebook Comments