မန္တလေးတိုင်းအတွင်းရှိ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံဖြိုးတိုးတက်ရန်အတွက် လုပ်ဆောင်သင့်သည့် အကြံပြုချက်များ ပါဝင်သော Business Agenda 2022

/ /

Business Agenda (စီးပွားရေးအစီအစဉ်) ဆိုသည်မှာ စီးပွားရေး မူဝါဒဆိုင်ရာ စာတမ်းတစ်စောင်ဖြစ်ပြီး အစိုးရနှင့် ပုဂ္ဂလိက ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေး ပုဂ္ဂလိက ကဏ္ဍ လိုအပ်ချက်များကို အစိုးရဌာနများ၊ မူဝါဒရေးဆွဲသူများထံ တင်ပြသည့် အစီအစဉ် ဖြစ်သည်။ယင်း Business Agenda တွင် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ မြေပြင်တွင် ဖြစ်ပေါ်နေသော ကိစ္စရပ်များကို အခြေခံ၍ ပုဂ္ဂလိက လုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်ရေး ၂၀၁၉မှ ၂၀၂၂အထိ (၄)နှစ်တာအတွင်း လုပ်ဆောင်ရန်လိုအပ်သော ကဏ္ဍ(၈)ခုနှင့် ယင်းကဏ္ဍများအောက်မှ လုပ်ဆောင်သင့်သည့် အစီအစဉ်(၂၂)ချက်ကို ဖော်ပြထားသည်။Business Agenda 2022 (စီးပွားရေးအစီအစဉ်) စာအုပ်ငယ်ကို ILO ၏ ပံ့ပိုးမှုဖြင့် MRCCI အမှုဆောင်အဖွဲ့ဝင်များ စုပေါင်း၍ ၂၀၁၈ တွင် စတင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ဇူလိုင်(၂၁)ရက်တွင် တိုင်းအစိုးရထံ အခမ်းအနားဖြင့် ပေးအပ်ခဲ့သည်။ပိုမိုတိုးတက်ကောင်းမွန်သော မန္တလေးတိုင်းဒေသကြီးဆီသို့ စီးပွားရေးအတွက် ပိုမိုကောင်းမွန်သော ဒေသဖြစ်စေမည့် လုပ်ဆောင်ချက် (၂၂) ချက် စီးပွားရေးအစီအစဉ် ၂၀၂၂” စာအုပ်ကို အောက်ဖော်ပြပါလင့်ခ်တွင် ဒေါင်းလုပ် ရယူနိုင်ပါသည်။

https://drive.google.com/drive/folders/1cm6_K6j6YANmsz5qbep2KCtQb_lAXPs5?fbclid=IwAR2-SwsA004vDm-nDyuNl-AJ_1aBvjo5vMgSu6Vy1mGO1XqIwvqKIMVLC50

Facebook Comments