၂၀၁၉-၂၀၂၀ ဘတ်ဂျက်၏ ထူးခြားချက် သုံးချက်

/ /

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို အတည်ပြုနိုင်ရန် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးနေပြီဖြစ်သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဘတ်ဂျက်ရေးဆွဲထားရာတွင် ထူးခြားချက်(၃)ချက် ပါရှိသည်။ ၎င်းတို့မှာ
၁။၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လိုငွေနှင့် GDP အချိုးကို ၅ ရာခိုင်နှုန်းထက် ကျော်လွန် ခွင့်ပြုထားခြင်း။
၂။ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ အရေးပေါ်ရန်ပုံငွေ လျာထားသည့်ပုံစံကို ပြောင်းလဲခြင်း၊
၃။နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ ငွေကြေး စီမံခန့်ခွဲမှု အစီအစဉ်ပြောင်းလဲခြင်း။ (နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ၏ ငွေကြေးစီမံခန့်ခွဲမှုကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်က စ၍ ပြောင်းလဲဆောင်ရွက်မည် ဖြစ်ပြီး ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေစာရင်း SEE Account (UFA – SEE)နှင့် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေစာရင်း Other Account (UFA – OA) ဖွင့်လှစ်ဆောင်ရွက်နေသည့် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများကို (UFA – SEE) Account တစ်ခုတည်းနှင့်သာ ဆောင်ရွက်စေမည်ဖြစ်။ ယင်းအဖွဲ့အစည်းများ၏ ကုန်သွယ်မှု (အရှုံး /အမြတ်) စာရင်းအရ အမြတ်ရရှိပါက ဝင်ငွေခွန်ပေးဆောင်ရန်နှင့် ကျန်ရှိသည့် အမြတ်ငွေ အားလုံးကို နိုင်ငံတော်သို့ ထည့်ဝင်ငွေအဖြစ် ထည့်ဝင်ရန် ပြောင်းလဲသတ်မှတ်။ UFA(OA) စာရင်းများကို စာရင်းစစ်ဆေးပြီးနောက် စနစ်တကျ ပိတ်သိမ်းမည်ဖြစ်။)

ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးတွင် ဆွေးနွေးပြောဆိုချက်များကို အောက်ပါလင့်တွင် လေ့လာကြည့်နိုင်သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဘဏ္ဍာရေးကော်မရှင် (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်လမ်းညွှန်…

Posted by Myanmar President Office on Monday, June 17, 2019

ဓာတ်ပုံ- internet

Facebook Comments