မွန်ပြည်နယ်မှာ ခွင့်ပြုပေးထားသော ကျောက်ထုတ်လုပ်ရေး လုပ်ငန်းများအကြောင်း သိကောင်းစရာ

/ /


မွန်ပြည်နယ်မှာ ပုဂ္ဂလိက လမ်းခင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများကို ၂၀၁၂ -၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စပြီး အစိုးရအဖွဲ့က တရားဝင် လုပ်ငန်း လုပ်ကိုင်ခွင့်များ ချထားပေးခဲ့သည်။
ထိုဘဏ္ဍာနှစ်ရေးနှစ်မှစပြီး ယနေ့အထိ လမ်းခင်းကျောက်ထုတ်လုပ်ရေး ကုမ္ပဏီပေါင်း ၂၁ ခုကို လုပ်ကိုင်ခွင့်ပေးအပ်ခဲ့သည်။ ကျောက်ထုတ်လုပ်ခွင့် ရရှိထားသော ကုမ္ပဏီများတွင် ရွှေမြင့်မိုရ်ထွန်း၊ ရာမညယူနိုက်တက်၊ လင်းရွှေစင်၊ Unique Value Manufacturing ၊ Long Life Aggregate Mining ၊ ငွေသြဇာသတ္တုတူးဖော်ရေး၊ မင်းဇေယျ၊ ပအိုပ့်အမျိုးသားအဖွဲ့ချုပ်၊ ဓနထန်းကီ၊ ဦးစိုးနိုင်ဆွေ၊ AZAMI ၊ Holly Group ၊ LM Jwellery ၊ ချိုမေတ္တာကျောက်ထုတ်လုပ်ရေး၊ Tain Takhun (1) ၊ Tain Takhun (2) ၊ ထူးနိုင်လင်း၊ ဦးမောင်လန်း၊ Gandawin Gems Garden ၊ Kaung Myat Yemon Mying ၊ Global Vertex Group ကုမ္ပဏီတို့ ဖြစ်သည်။
ထိုကျောက်ထုတ်လုပ်ရေး ကုမ္ပဏီများသည် ၂၀၁၂ -၁၃ ဘဏ္ဍာရေးနှစ်တွင် ကျောက်ကျင်းရေ ၆၀ဝ၀ ၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ကျောက်ကျင်းရေ ၂၆၂၀ဝ ၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကျောက်ကျင်းရေ ၄၅၅၆၀ ၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်၌ ကျောက်ကျင်းရေ ၉၀၅၀ဝ ၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ကျောက်ကျင်းရေ ၉၉၀ဝ၀ ၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှာတော့ ကျောက်ကျင်ရေး ၉၃၀ဝ၀ ထုတ်လုပ်ရန် အစိုးရထံ တင်ပြထားသည်။
ထိုကဲ့သို့ လုပ်ကိုင်ခွင့် ရရှိထားသော ကျောက်ကုမ္ပဏီများသည် နှစ်အလိုက် ကျောက်ထုတ်လုပ်ခွင့်ကို သက်တမ်းတိုးဆောင်ရွက်ရပြီး၊ ယခုဘဏ္ဍာရေးနှစ်မှာတော့ ပြန်လည် သက်တမ်းတိုးထားသည့် ကုမ္ပဏီပေါင်း ၁၀ ခုအထိ ရှိနေပြီး၊ ကျန်ကုမ္ပဏီအချို့မှာ သက်တမ်းတိုးခွင့် လျှောက်ထားဆဲ ဖြစ်သည်။
ကျောက်ထုတ်လုပ်ရေး ကုမ္ပဏီများ ကျောက်တစ်ကျင်းလျှင် ကာလပေါက်ဈေး ၂၅ ရာခိုင်နှုန်းကို အစိုးရထံ အခွန်ပေးသွင်းရသည်။
သတင်းသမားများအနေဖြင့် ကျောက်ထုတ်လုပ်ခွင့် သက်တမ်းတိုးပေးမှု အခြေအနေနှင့် ကုမ္ပဏီ တစ်ခုချင်းဆီ၏ ကျောက်ထုတ်လုပ်မှုများကို စုံစမ်း ဖော်ထုတ်ရေးသားနိုင်အပြင် ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုများကိုလည်း ရေးသားနိုင်သည်။ တဆက်တည်း ကျောက်ကျင်းရေ တင်ပြထားသော အရေအတွက်ထက် ပိုထုတ်နေသော အခြေအနေကြောင့်လည်း ကုမ္ပဏီများကို မွန်ပြည်နယ် ဝန်ကြီးချုပ်က သတိပေးထားသည်။
မှတ်ချက်။ ။ အခု ကျောက်ထုတ်လုပ်ခွင့် ရရှိထားသော ကုမ္ပဏီများမှာ မွန်ပြည်သစ်တောဦးစီးဌာနပိုင် သစ်တောကြိုးဝိုင်း/ကြိုးပြင်တွင် လုပ်ကိုင်နေသည့် ကုမ္ပဏီများသာ ဖြစ်သည်။ မွန်ပြည်နယ်မှာတော့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ခွင့်ပြုပေးထားသည့် ကျောက်ထုတ်ရေး ကုမ္ပဏီ အပါအဝင် ကုမ္ပဏီပေါင်း ၈၀ ကျော်ရှိနေသည်။
ကျောက်ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး မွန်ပြည်နယ်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အောင် ဖုန်း ဝ၉၄၉၂၄၀၂၉၃ အား ဆက်သွယ်မေးမြန်း၍ အချက်အလက် ရယူနိုင်သည်။

Facebook Comments