Yangon Innovation Center ဖွင့်ပွဲ

/ /

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ ့ရဲ့ ကြီးကြပ်စီမံ ဆောင်ရွက်မှုနဲ့ Seedstars က လုပ်ငန်းပိုင်းတာဝန်ယူအကောင်အထည်ဖော်ဆောင်သော Yangon Innovation Center ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှကိုယ်တိုင်လာရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။

နည်းပညာရပ်ဆိုင်ရာ တီထွင်ဆန်းသစ်မှုပြပွဲကို ဇူလိုင်လ ၁၇ – ၁၈ (၂) ရက်တာအတွက် YRYEA မှ ပြပွဲအခမ်းအနားအစီစဉ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ နှင့် ပူးပေါင်းကျင်းပပေးသွားမှာဖြစ်ပါတယ်။

ဒီဖွင့်ပွဲမှာ စွန့်ဦးတီထွင်လုပ်ငန်း ၂၉ ခုနဲ့ သူတို့တွေ အတွေ့အကြုံတွေကို မျှဝေသွားဖို့ရှိပြီး လုပ်ငန်းစလိုတဲ့သူတွေအတူ အလုပ်လုပ်နိုင်မယ့်နေရာတွေ၊ထုတ်ကုန် အသစ်လေးတွေ ဖန်တီးဖို့နေရာတွေ၊
နောက်ဆုံးပေါ်နည်းပညာတွေလေ့လာဖို့ နည်းပညာမျှဝေတဲ့ နေရာတွေ၊
ကျောင်းတွေက ဆရာတွေအခမဲ့ ပညာဒါနသင်ပေးမယ့်နေရာတွေကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။
အလုပ်လုပ်ရင်း စားသောက်နိုင်မယ့် food zone နဲ့ အဖွဲ့ဝင်တွေ နားနေဖို့အတွက် သီးသန့်နားနေရာတွေကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။

နေရက် – ၁၇-၁၈ ရက်၊ ဇူလိုင်၊ ၂၀၁၉
နေရာ – Yangon Innovation Center (YIC)
လိပ်စာ – ကျန်းမာရေးဆိပ်ကမ်းဝင်း၊ ကမ်းနားလမ်းနဲ့ ပန်းဆိုးတန်းလမ်းထောင့်

Facebook Comments