ကမ္ဘာ ့ဘဏ်မှ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လူမှုရေးနှင့် စီးပွားရေးအကူးအပြောင်းမှုအတွက် ပံ့ပိုးရန်ကမ်းလှမ်း

/ /
World Bank

World Bank

ကမ္ဘာ ့ဘဏ်မှ မြန်မာနိုင်ငံဘက်သို ့ပထမအဆင့်အနေဖြင့် အမေရိကန်ဒေါ်လာ သန်း၂၀ဝ မှ သန်း၂၅ဝ အထိ ငွေကြေးအကူူအညီပေးမည်ဖြစ်ပြီး ငြိမ်းချမ်းသာယာသော လူနေမှုပတ်ဝန်းကျင်ဖြစ်ပေါ်လာရန် စီးပွားရေးအခွင့်အလမ်းများနှင့်အလုပ်အကိုင်အခွင့်များပိုမို ဖန်တီးပေးနိုင်ပြီး ဒေသခံပတ်ဝန်းကျင်များတွင် အခြေခံဝန်ဆောင်မှုများနှင့်အခြေခံအဆောက်အဦများတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်သွားမည်ဟု ဖော်ပြထားပါတယ်။

ထို ့အပြင် ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေးနှင့် ဖွံ ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်ပြီး ၊ အလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်နိုင်ရန် ၊ အသေးစားလုပ်ငန်းများပိုမိုဖွံ ့ဖြိုးတိုးတက်လာစေပြီး နေရပ်ဒေသကိုပြန်လာသည့်ဒုက္ခသည်တွေအပါအဝင် လူမှုအသိုင်းအဝိုင်းများအားလုံးအတွက်မရှိမဖြစ်လိုအပ်သောအခြေခံလူမှုဝန်ဆောင်မှုများရရှိနိုင်စေရန်ရည်ရွယ်ပြီး အမေရိကန်ဒေါ်လာ သန်း၁၀ဝ ကိုလည်းအကူအညီပေးသွားမည်ဖြစ်ကြောင်းဖော်ပြထားပါတယ်။

ကမ္ဘာ ့ဘဏ်သည် မြန်မာနိုင်ငံ၏ဖွံ ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်အတွက် အဓိကအရေးကြီးသောမိတ်ဖက်အဖွဲ ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံ၏ အများပြည်သူနှင့်ပုဂ္ဂလိကကဏ္ဍတို ့တွင် အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံ ရင်းနှီးမြုပ်နှံထားပြီး အခြေခံကျန်းမာရေးနှင့်ပညာရေးဝန်ဆောင်မှုများကို ပိုပိုကောင်းမွန်အောင်ဆောင်ရွက်ပေးနိုင်ရန် လ ျှပ်စစ်နှင့် ဆက်သွယ်ရေးကဏ္ဍတွင်ပိုမို တိုးတက်လာစေရန် စိုက်ပျိုးရေးကုန်ထုတ်စွမ်းအားတိုးတက်ကောင်းမွန်ရေးနှင့် ပိုမိုဖွံဖြိုးတိုးတက်သော လူနေမှုဘဝရရှိစေရန်ရည်ရွယ်၍ လုပ်ဆောင်နေကြောင်းသိရပါတယ်။

သတင်းအပြည့်အစုံကိုတော့ ဖော်ပြထားတဲ ့ Link မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Source : https://www.worldbank.org/en/news/press-release/2018/07/10/world-bank-vice-president-offers-support-for-peace-social-inclusion-and-economic-transition-in-myanmar

Facebook Comments