ငွေကြေးလဲလှယ်မှုနူန်းထား မြင့်တက်နေမှုတွေကိုပါ ဆွေးနွေးကြမည့် ဒုသမ္မတဦးဆောင်တဲ့ ပွဲ မီဒီယာများ ကြိုစာရင်းပေးနိင်

/ /

နိုင်ငံတော်ဒုတိယသမ္မတ (၁) ဦးဆောင်ပြီး  ပြည်ထောင်စုဝန်ကြီးများနှင့် ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ (၁၉) ကြိမ်မြောက်ကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပမှာ ဖြစ်တဲ့ အတွက် အဆိုပါအစည်းအဝေးသို့ သတင်းတက်ရောက်ရယူနိုင်ပါရန် ဖိတ်ကြားထားပါတယ်။

သတင်းဌာနတစ်ခုမှ သတင်းထောက်တစ်ဦးနှင့် ကင်မရာမန်းတစ်ဦး စုစုပေါင်း (၂) ဦးသာ သတင်းရယူခွင့်ပြုမည်ဖြစ်ပါသဖြင့် ကြိုတင်စာရင်းပေးသွင်းရာတွင်   ဌာနရုံးစာ (Letter Head) ဖြင့် တက်ရောက်မည့်သူ၏ အမည်၊ ရာထူး၊ မှတ်ပုံတင်နံပါတ်တို့ကို ပြည့်စုံစွာဖော်ပြ၍  တာဝန်ခံအယ်ဒီတာ၏ လက်မှတ်ရေးထိုးပြီး (၂၃.၈.၂၀၁၈) ရက် ကြာသပတေးနေ့ ညနေ (၅းဝဝ နာရီ) မတိုင်မီ ပြည်သူ့ဆက်ဆံရေးဌာန၊ အီးမေးလ် pr@umfcci.com.mm သို့ စာရင်းပေးပို့ပေးဖို့ လိုပါတယ်။

နိုင်ငံတော် သမ္မတ(၁) ဦးမြင့်ဆွေနှင့် အတူ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ၊ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး တို့ကလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။ လက်ရှိ Hot Issue ဖြစ်နေတဲ့ ငွေကြေးလဲလှယ်မှုနူန်းထား မြင့်တက်မှုအခြေအနေ၊ အခွန်ဆိုင်ရာ ကိစ္စရပ်တွေနဲ အတူရခိုင်၊ကယား၊ပဲခူး(အနောက်) က ကုန်သည်ကြီးများအသင်းက တာဝန်ရှိသူတွေလည်း တက်ရောက်ပြီး ပြောကြမှာမို့ သတင်းများစွာ ရရှိနိင်ပါတယ်။

ကျင်းပမည့်နေ့ရက်            –           ၂၄.၈.၂၀၁၈ ရက် (သောကြာနေ့)

ကျင်းပမည့်အချိန်              –           နံနက် ၉းဝဝ နာရီ

ကျင်းပမည့်နေရာ              –           တတိယထပ်၊ အစည်းအဝေးခန်းမ၊ ကုန်သည်စက်မှုအသင်းချုပ်။

 

 

Facebook Comments