Posts Tagged ‘story tips’

ပဋိပက္ခတွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် အဟန့်အတားလား

မိုင်းရူကော၊ ရွှေဖီမြေ မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုများ နှောင့်နှေးသွားသည်ဟု သုံးသပ်မှုများ ရှိနေသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပဋိပက္ခဖြစ်ပွားနေသည့် ကချင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်များတွင် စီးပွားရေးဝင်ရောက်လုပ်ကိုင်ရန် အလားအလာကောင်းများရှိသော်လည်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ရင်းနှီးမြှုပ်နှံသူများက ဆက်လက်ရှေ့မတိုးသာပဲ ရှိနေသည်။

မွန်ပြည်နယ် ဆားထုတ်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဘာတွေ အခက်အခဲရှိနေလဲ

မွန်ပြည်နယ်သည် နှစ်စဉ် နေလှန်ဆား မက်ထရစ်တန်ချိန် ၃ သောင်းကျော် ထွက်ရှိသည့် ပြည်နယ် တစ်ခု ဖြစ်ပြီး ဆားထွက်ရှိမူမှာ နိုင်ငံအတိုင်းအတာအရ ဒုတိယအများဆုံး ထွက်ရှိနေသည်။ ယခုဘဏ္ဍာရေးနှစ်မှာတော့ ဆားထုတ်လုပ်မှု ဧကပေါင်း ၃၉၀ဝ ကျော်မှ ဆားမက်ထရစ် တန်ချိန် ၃၃၈၄၅

ဧရာဝတီတိုင်းဒေသကြီးမှာ အခြေခံပညာကဏ္ဍအတွက် ရန်ပုံငွေရရှိမှုနှင့်ပတ်သတ်ပြီး ဘာသတင်းတွေ လုပ်လို့ရမလဲ (Story Tips)

၁။ ဧရာဝတီတိုင်းဒေသကြီးမှာ အခြေခံပညာကဏ္ဍ အတွက် နှစ်အလိုက် ခွင့်ပြုရန်ပုံငွေရရှိမှုအခြေအနေ ၂။ ပညာရေးဝန်ကြီးဌာနက ပြည်ထောင်စုဘတ်ဂျတ်ဖြစ်တဲ့အတွက် နှစ်အလိုက် ဧရာဝတီတိုင်းဒေသကြီးကို ခွဲဝေရရှိတဲ့ ရန်ပုံငွေအခြေအနေ ၃။ ဧရာဝတီတိုင်းဒေသကြီးထဲက တည်ဆောက်ဖို့ လိုအပ်နေတဲ့ ကျောင်းအဆောက်အဦးလိုအပ်ချက်အခြေအနေ ၄။ ကျောင်းအဆောက်အဦးလိုအပ်ချက် ကို နှစ်အလိုက်

ဧရာဝတီတိုင်းဒေသကြီးထဲက ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံရရှိတဲ့ အခွန်ငါးမျိုးအပေါ်မှာဘာသတင်းတွေ လုပ်လို့ရမလဲ (Story Tips)

၁ အခွန်ငါးမျိုး ဘဏ္ဍာရေးနှစ်အလိုက်ကောက်ခံရရှိမှုအခြေအနေ စုစုပေါင်းပေါ်မှာ တိုးတက်လာတဲ့ ရာခိုင်နှုန်းအခြေအနေ ၂ ဘယ်လို မူဝါဒတွေနှင့် ဘယ်လိုရင်းနှီးမြုပ်နှံမှုတွေကြောင့် အခွန်ကောက်ခံရရှိမှုနှုန်းတိုးလာတာလဲ တိုးသင့်တိုးထိုက်တဲ့ ရာခိုင်နှုန်းဖြစ်ရဲ့လား ၃ အောင်ဘာလေသိန်းဆုခွန်က ကောက်ခံရရှိမှု ရာခိုင်နှုန်းအများဆုံးဖြစ်နေတာဘာကြောင့်လဲ တစ်နိုင်ငံလုံးမှာ လူဦးရေဒုတိယအများဆုံးတိုင်းဒေသကြီးမှာ ဒေသခံတွေရဲ့ မျှော်လင့်ချက်က ထီဖြစ်နေတာလား

ဧရာဝတီတိုင်းဒေသကြီးအစိုးရရဲ့ တိုင်းအတွင်းရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေနဲ့ မျှော်လင့်ထားတဲ့ရင်းနှီးမြှုပ်နှံမှုတွေအကြောင်း

ဧရာဝတီတိုင်းဒေသကြီးအစိုးရရဲ့ တိုင်းအတွင်းရင်းနှီးမြှုပ်နှံမှုအခွင့်လမ်းတွေနဲ့ မျှော်လင့်ထားတဲ့ရင်းနှီးမြှုပ်နှံမှုတွေအကြောင်းဧရာဝတီတိုင်းဒေသကြီး ရဲ့ရင်းနှီးမြုပ်နှံမှုအခွင့်အလမ်းတွေနဲ့ပတ်သက်ပြီး ဧရာဝတီတိုငိးဒေသကြီးဝန်ကြီးချုပ်ရဲ့ Invest Myanmar Summit 2019 မှာရှင်းလင်းတင်ပြတဲ့အကြောင်အရာတွေပါ။ ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ စိုက်ပျိုးရေး မွေးမြူးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများစွာရှိတဲ့တိုင်းဒေသကြီးဖြစ်တယ်လို့ဆိုပါတယ်။မြေလွတ်မြေရိုင်း ဧက တစ်သိန်းကျော်ရှိပြီး ရှင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာအသုံးပြုသွားမယ်လို့ဆိုပါတယ်။လက်ရှိမှာ ပုသိမ်စက်မှုမြို့တော်စီမံကိန်း နဲ့ မအူပင်စက်မှုမြို့တော်စီမံကိန်းတွေကိုလည်းအကောင်းအထည်ဖော်နေပြီး ဒီစီမံကိန်းတွေမှာ အလုပ်ရုံ

ဧရာဝတီတိုင်းဒေသကြီးရဲ့ခရီးသွားလုပ်ငန်းတွေနှင့် ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုအခြေအနေပေါ်မှာ ဘာသတင်းတွေလုပ်လို့ရမလဲ (Story tips)

၁။ ဧရာဝတီတိုင်းဒေသကြီးထဲမှာ ဟိုတယ်နှင့် တည်းခိုရိပ်သာတွေကို ဝန်ကြီးဌာနလိုင်စင် ခွင့်ပြုပေးထားမှုအခြေအနေနှင့် စည်ပင်သာယာရေးလိုင်စင် တည်းခိုခန်းများ ခွင့်ပြုထားမှုအခြေအနေ ၂။ ဟိုတယ်နှင့််တည်းခိုရိပ်သာတွေ ဝန်ကြီးဌာန လိုင်စင်လျှောက်ထားမှုအခြေအနေနှင့် လိုအပ်ချက်တွေ (ဥပမာ – နိုင်ငံခြားခရီးသွားဧည့်သည်တွေတည်းခိုနိုင်ဖို့ ဝန်ကြီးဌာနလိုင်စင်လိုအပ်ပေမယ့် မြေယာပိုင်ဆိုင်မှုနှင့် အထောက်အထားအားနည်းချက်အခြေအနေ၊မြေယာအငြင်းပွားနေရာတွေနှင့် ဟိုတယ်နှင့်တည်းခိုရိပ်သာလိုင်စင်လိုအပ်ချက်အခြေအနေတွေအကြောင်း) ၃။