Posts Tagged ‘Ayeyarwady’

ဧရာဝတီတိုင်းဒေသကြီးပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်း ယာဉ်များစနစ်တကျပြေးဆွဲရေးဥပဒေအကြောင်း

ဧရာဝတီတိုင်းဒေသကြီးပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်း ယာဉ်များစနစ်တကျပြေးဆွဲရေးဥပဒေ ကို ပထမအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က ၂၀၁၃ခုနှစ်မှာ ပြဌာန်းခဲ့တာပါ။ အဲ့ဒီဥပဒေအရ ဧရာဝတီတိုင်းဒေသကြီးပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်း ယာဉ်များစနစ်တကျပြေးဆွဲရေးကော်မတီဖွဲ့စည်းဖို့နဲ့ ကော်မတီရဲ့ လုပ်ငနး်တာဝန်နှင့်လုပ်ပိုင်ခွင့်တွေက မော်တော်ယာဉ်တွေရဲ့ စနစ်တကျပြေးဆွဲဖို့ စီမံကြီးကြပ်တာတွေ စီမံခန့်ခွဲရေးနည်းလမ်းတွေနှင့် အရေးယူတာတွေပြုလုပ်နိုင်တယ်လို့ ဥပဒေမှာပါဝင်ပါတယ်။ မှတ်ပုံမတင်ဘဲ မော်တော်ယာဉ်ပြေးဆွဲတာတွေကိုလည်း ပြစ်မှုနဲ့ပြစ်ဒဏ်တွေချမှတ်ဖို့ ဥပဒေမှာပါဝင်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးလမ်းများတံတားများဥပဒေအကြောင်း

ဧရာဝတီတိုင်းဒေသကြီးလမ်းများတံတားများဥပဒေကို ပထမအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ ၂၀၁၄ ခုနှစ်က ပြဌာန်းခဲ့တာပါ။ ဥပဒေရဲ့ ရည်ရွယ်ချက်တွေထဲမှာ လမ်းနှင့်တံတားတွေပေါ်မှာ ဖြတ်သန်းသွားလာအသုံးပြုတဲ့နေရာမှာ စနစ်တကျကြီးကြပ်ကွပ်ကဲနိုင်ဖို့နဲ့တိုင်းဒေသကြီးအတွက် အခွန်အခများရရှိနိုင်ဖို့ဆိုတဲ့ အချက်လည်းပါဝင်ပါတယ်။ အဲ့ဒီဥပဒေမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့လုပ်ပိုင်ခွင့်ကို လုပ်ထုံးလုပ်နည်းနဲ့အညီ အသုံးပြုခွင့်ကောက်ခံရမယ့်လမ်းနှင့်တံတားတွေသတ်မှတ်ပေးဖို့၊ကောက်ခံရမယ့်နှုန်းထား၊ယာဉ်အမျိုးအစားနှင့်ဝန်အလေးချိန်သတ်မှတ်ဖို့ ၊အသုံးပြုခကောက်ခံခြင်းကနေ ကင်းလွတ်ပေးဖို့ဆိုတဲ့အချက်တွေလည်းပါဝင်ပါတယ်။ အဲ့ဒီဥပဒေမှာ တားမြစ်ချက်တွေနဲ့ ပြစ်မှုပြစ်ဒဏ်တွေကလည်း လမ်းအသုံးပြုခကောက်ခံတဲ့အခြေအနေတွေပေါ်မူတည်ပြီး

ဧရာဝတီတိုင်းဒေသကြီးစက်မှုလယ်ယာကူးပြောင်းရေး စက်ကရိယာလိုအပ်ချက်နဲ့ ပတ်သတ်တဲ့အချက်အလက်များ

မိုးစပါးစိုက်ဧက ၃၇သိန်းနီးပါး ၊နွေစပါးစိုက်ဧက ၁၄သိန်းကျော်ရှိနေတဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ စက်မှုလယ်ယာစနစ်ကိုကူးပြောင်းဖို့က လိုအပ်ချက်တစ်ခုပါ။ လုပ်သားရှားပါးမှု၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေကြားက လယ်ယာလုပ်ငန်းတွေကို အချိန်မီပြီးစီးအောင် ဆောင်ရွက်ဖို့ဆိုတာက စက်ယန္တရားတွေရဲ့ အကူအညီက အရေးပါတဲ့ အခြေအနေ ဖြစ်နေပါပြီ။ တောင်သူတွေကလည်း သီးနှံပျက်စီးမှု ကို လျှော့ချနိုင်ဖို့

ဧရာဝတီတိုင်းဒေသကြီးတည်ဆောက်ရေးလုပ်ငန်းစီစစ်ရေးကော်မတီတွင် Register ပြုလုပ်ထားသော QC ကုမ္ပဏီတွေကို ဘယ်လိုဆက်သွယ်မလဲ

အောက်တိုဘာလကနေ စက်တင်ဘာလအထိ ဘဏ္ဍာရေးနှစ်ပြောင်းလဲထား တဲ့ အခု ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်က ကုန်ဆုံးဖို့ နှစ်လကျော်ခန့်သာ ကျန်ရှိပါတော့တယ်။ ဘဏ္ဍာရေးနှစ်ရဲ့ ကာလသတ်မှတ်ချက်ပြောင်းလဲလိုက်တာရဲ့ အကြောင်းအရင်းတစ်ချက်က မိုးတွင်းကာလမှာ တည်ဆောက်ရေးလုပ်ငန်းတွေ မလုပ်ဆောင်နိုင်မှာ စိုးတဲ့အတွက် ဆောင်းရာသီနှင့်နွေရာသီကာလတွေမှာတင် လုပ်ငန်းတွေပြီးပြတ်စေဖို့ ရည်ရွယ်တာဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေရဲ့ ပြောကြားမှုတွေကနေ သိရှိထားပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေး (၃/၂၀၁၉) ကခွင့်ပြုလိုက်တဲ့ ရင်းနှီးမြုပ်နှံမှု လုပ်ငန်း (၂)ခု အကြောင်း

၂၀၁၉ ခုနှစ် ဇွန်လ ၁၉ရက်နေ့က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) မှာ ကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီအစည်းအဝေး (၃/၂၀၁၉) မှာ ရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၂ခုကို အတည်ပြု ပေးလိုက်တာပါ။ အတည်ပြုပေးလိုက်တဲ့ လုပ်ငန်း နှစ်ခု ကတော့ မြန်မာကျပ်ငွေ

ဧရာဝတီတိုင်းဒေသကြီးထဲက ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံရရှိတဲ့ အခွန်ငါးမျိုးအပေါ်မှာဘာသတင်းတွေ လုပ်လို့ရမလဲ (Story Tips)

၁ အခွန်ငါးမျိုး ဘဏ္ဍာရေးနှစ်အလိုက်ကောက်ခံရရှိမှုအခြေအနေ စုစုပေါင်းပေါ်မှာ တိုးတက်လာတဲ့ ရာခိုင်နှုန်းအခြေအနေ ၂ ဘယ်လို မူဝါဒတွေနှင့် ဘယ်လိုရင်းနှီးမြုပ်နှံမှုတွေကြောင့် အခွန်ကောက်ခံရရှိမှုနှုန်းတိုးလာတာလဲ တိုးသင့်တိုးထိုက်တဲ့ ရာခိုင်နှုန်းဖြစ်ရဲ့လား ၃ အောင်ဘာလေသိန်းဆုခွန်က ကောက်ခံရရှိမှု ရာခိုင်နှုန်းအများဆုံးဖြစ်နေတာဘာကြောင့်လဲ တစ်နိုင်ငံလုံးမှာ လူဦးရေဒုတိယအများဆုံးတိုင်းဒေသကြီးမှာ ဒေသခံတွေရဲ့ မျှော်လင့်ချက်က ထီဖြစ်နေတာလား

ဧရာဝတီတိုင်းဒေသကြီးရဲ့ အခွန်အကောက်ရငွေ (၉)မျိုး ရရှိမှုအခြေအနေကိုလေ့လာခြင်း

၂၀ဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ နှင့် ၂၀၁၅ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ဇယား၅ ပါ အခွန်အခတွေထဲက အခွန် ၉မျိုးကို ဧရာဝတီတိုင်းဒေသကြီးအစိုးရဘတ်ဂျတ်ပါ ဦးစီးဌာန၊အဖွဲ့အစည်းတွေက ကောက်ခံပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ အခွန်အကောက်ရငွေက ကျပ် ၉၄၂၆သန်းရရှိမယ်လို့ ခန့်မှန်းထားပြီး

ဧရာဝတီတိုင်းဒေသကြီးမှာ အခြေခံပညာကဏ္ဍအတွက် ရန်ပုံငွေသုံးစွဲရမယ့်အခြေအနေတွေ အကြောင်း

ဧရာဝတီတိုင်းဒေသကြီးမှာ အခြေခံပညာကဏ္ဍအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ငွေကျပ် ၂၈ဘီလီယံကျော် သုံးစွဲခဲ့ပြီး စာသင်ကျောင်းအဆောက်အဦး ၆၇၀ ကျော်ကို တည်ဆောက်ဖို့ ငွေလုံးငွေရင်းအသုံးစရိတ်ရရှိခဲ့တာပါ။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ အခြေခံပညာကျောင်းတွေအတွက်ရရှိလာတဲ့ ငွေလုံးငွေရင်းရန်ပုံငွေ ရရှိတဲ့ကျောင်းတွေကို ဧရာဝတီတိုင်းဒေသကြီးတင်ဒါလုပ်ထုံးလုပ်နည်းနှင့်အညီ တင်ဒါပေးခဲ့တာက မတ်လနှင့် ဧပြီလတွေမှာမှ ပြီးစီးခဲ့တာပါ။

ဧရာဝတီတိုင်းဒေသကြီးအတွင်းပြည်တွင်းအခွန်များများဦးစီးဌာနရဲ့အခွန်ငါးမျိုးကောက်ခံရရှိမှုအခြေအနေ

ဧရာဝတီတိုင်းဒေသကြီးထဲမှာ ပြည်တွင်းအခွန်များဦးစီးဌာနက ပြည်ထောင်စုဘတ်ဂျတ်အတွက် အခွန်ငွေတွေကို ကောက်ခံပြီး အဲဒီလိုကောက်ခံရရှိတဲ့ အခွန်ရငွေတွေကို တိုင်းဒေသကြီး အတွက် အခွန်ဝေစုအဖြစ် လွှဲပြောင်းထောက်ပံ့တာမျိုးလည်းရှိပါတယ်။ ဧရာဝတီတိုင်းဒေသကြီးပြည်တွင်းအခွန်များဦးစီးဌာနရဲ့ အခွန်အရပ်ရပ်ကောက်ခံရရှိငွေ တွေက အောင်ဘာလေသိန်းဆုခွန် တံဆိပ်ခေါင်းခွန် ဝင်ငွေခွန် ကုန်သွယ်လုပ်ငန်းခွန် အထူးကုန်စည်ခွန် တို့ ဖြစ်ကြပြီး ပြည်ထောင်စုကနေ

ဧရာဝတီတိုင်းဒေသကြီး ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်မှုနှင့် ကြုံတွေ့နေရတဲ့အခြေအနေများ

ဧရာဝတီတိုင်းဒေသကြီးထဲမှာ ဆီထွက်သီးနှံစိုက်ပျိုးတာက စိုက်ဧက တစ်သိန်းခွဲခန့် နှစ်စဉ်လျာထားစိုက်ပျိုးနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရဲ့ စာရင်းမှတ်တမ်းတွေအရသိရပါတယ်။ ဆီထွက်သီးနှံစိုက်ပျိုးမှုတွေအနေနဲ့ က မြေပဲ နှမ်းနှင့် နေကြာတွေကို ဧရာဝတီတိုင်းဒေသကြီးမှာ စိုက်ပျိုးကြပေမယ့် နေကြာစိုက်ပျိုးတာကတော့ အထွက်နှုန်းကြောင့် တွက်ခြေကိုက်မှု အားနည်းနေသေးတာကြော်င့ အောင်မြင်မှုအားနည်းနေတဲ့အခြေအနေပါ။ အဲဒီတော့ ဧရာဝတီတိုင်းဒေသကြီးထဲမှာ ဆီထွက်သီးနှံစိုက်ပျိုးမှုက