Story Tips

    ဧရာဝတီတိုင်းဒေသကြီးရဲ့ခရီးသွားလုပ်ငန်းအခြေအနေ နှင့် ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုအခြေအနေ


    ……………………………………………………………..
    ဧရာဝတီတိုင်းဒေသကြီးထဲမှာ ချောင်းသာ နဲ့ ငွေဆောင်ကမ်းခြေတို့ကို သွားရောက်လည်ပတ်ကြတဲ့သူတွေ သွားရောက်လည်ပတ်ချင်သူတွေများပါတယ် တစ်နှစ်ကို ခရီးသွားဘယ်လောက်က ဝင်ရောက်နေတာမျိုးလဲ
    မြစ်ဝကျွန်းပေါ်ဒေသမှာ မီးခိုးမထွက်တဲ့စက်ရုံတွေလို့ခေါ်တဲ့ ခရီးသွားလုပ်ငန်းတွေရဲ့ အခြေအနေတွေက ဘယ်လိုရှိပါသလဲ ကျနော်တို့ အချက်အလက်တွေကိုကြည့်ကြည့်လိုက်တော့
    ဧရာဝတီတိုင်းဒေသကြီးထဲမှာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရဲ့ ဟိုတယ်နှင့်တည်းခိုရိပ်သာလိုင်စင်ရရှိထားတဲ့အခြေအနေတွေအရဆိုရင် ၂၀၁၆ခုနှစ်က ပုသိမ်၊ချောင်းသာ၊ငွေဆောင်၊မော်တင်စွန်း၊ဖျာပုံ စတဲ့ဒေသတွေမှာ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၆၃လုံး ကို လိုင်စင်ချထားပေးခဲ့တယ်လို့ စာရင်းမှတ်တမ်းတွေအရ ဖော်ပြထားပါတယ်။


    ၂၀၁၆ခုနှစ်မှာ လိုင်စင်ချထားပေးတဲ့ ဟိုတယ်နဲ့တည်းခိုရိပ်သာ ၆၃လုံးရဲ့ အခန်းအရေအတွက်က ၂၆၁၇ခန်းရှိပါတယ်။အဲဒီဟိုတယ်နှင့်တည်းခိုရိပ်သာတွေက ချောင်းသာနဲ့ငွေဆောင်ကမ်းခြေတွေမှာ အများဆုံးဖြစ်ပြီး ပုသိမ်ဒေသမှာက ဒုတိယအများဆုံးဖြစ်ကာ ဆံတော်ရှင်မြတ်မော်တင်စွန်းဘုရားတည်ရှိတဲ့ မော်တင်စွန်းကမ်းခြေမှာက တစ်ခု နှင့် ဖျာပုံကမ်းခြေမှာက တစ်ခုတည်ရှိပါတယ်။
    ၂၀၁၇ခုနှစ်မှာတော့ ဝန်ကြီးဌာနကနေ လိုင်စင်ချထားပေးတဲ့ ဟိုတယ်နှင့်တည်းခိုရိပ်သာက တိုင်းဒေသကြီးထဲမှာ ၇၉လုံးရှိလာပါတယ်။အဲဒါက ၂၀၁၆ခုနှစ်ကထက် ၁၆လုံး ပိုမိုများပြားလာတာဖြစ်ပြီး တိုးလာတဲ့အရေအတွက်ရာခိုင်နှုန်းက ၂၅ရာခိုင်နှုန်းရှိပြီး အခန်းအရေအတွက်ကလည်း ၆၄၇ခန်းတိုးလာကာ အခန်းအရေအတွက်က၂၄ရာခိုင်နှုန်းတိုးလာပါတယ်။
    ခွင့်ပြုလိုက်တဲ့ ဟိုတယ်နှင့်တည်းခိုရိပ်သာတွေက ရွှေသောင်ယံကမ်းခြေဒေသ၊ မအူပင်၊ဟသာၤတနှင့်မော်လမြိုင်ကျွန်းမြို့တွေမှာ ဝန်ကြီးဌာနလိုင်စင်ရရှိတဲ့ ဟိုတယ်နှင့်တည်းခိုရိပ်သာတွေရှိလာတာပါ။
    ၂၀၁၈ခုနှစ်မှာတော့ ဟိုတယ်နှင့်တည်းခိုခန်းအရေအတွက်က ၈၆လုံးရှိလာပြီး ၂၀၁၇ခုနှစ်ထက် ၇လုံးတိုးလာပြီး အခန်းအရေအတွက်ကလည်း ၁၉၇ခန်းတိုးလာပါတယ်။
    ၂၀၁၈ခုနှစ်နှစ်ကုန်ပိုင်းအထိကို ဧရာဝတီတိုင်းဒေသကြီးထဲမှာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ လိုင်စင်ထုတ်ပေးထားတံ ဟိုတယ်နှင့်တည်းခိုရိပ်သာစုစုပေါင်း ၈၆လုံးရှိပြီးတော့ အခန်းအရေအတွက်က ၃၄၆၁ ခန်းရှိနေပါပြီ။
    ဧရာဝတီတိုင်းဒေသကြီးထဲက ကမ်းခြေဒေသတွေဖြစ်တဲ့ ချောင်းသာနဲ့ငွေဆောင်ကမ်းခြေဒေသတွေမှာ အရေအတွက်အများဆုံးဖြစ်ပြီး တိုင်းဒေသကြီးရဲ့မြို့တော်ဖြစ်တဲ့ ပုသိမ်မြို့မှာတော့ ဒုတိယအများဆုံးခွင့်ပြုထားပါတယ်။
    အဲဒီ့အပြင် ကမ်းခြေဒေသတွေ ဖြစ်တဲ့ မြတ် မော်တင်စွန်းဒေသ နှင့် ရွှေသောင်ယံကမ်းခြေတို့မှာလည်း ဝန်ကြီးဌာနလိုင်စင်ရရှိထားတဲ့ ဟိုတယ်နှင့်တည်းခိုခန်းတွေရှိနေပြီး နိုင်ငံခြားသားဧည်သည်ဝင်ရောက်မှုတွေရှိနေတာပါ။


    ဧရာဝတီတိုင်းဒေသကြီးထဲကကျန်တဲ့ မြို့တွေဖြစ်တဲ့ ဖျာပုံ၊ဟသာၤတ၊မအူပင် နှင့် မော်လမြိုင်ကျွန်းမြို့နယ်တွေမှာတော့ အစိုးရချင်းချိတ်ဆက်ဆောင်ရွက်မှုတွေ (G to G)၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ကြောင့် လာရောက်တဲ့ နိုင်ငံခြားသားဧည့်သည်တွေနှင့် NGO, INGO တွေရဲ့ လုပ်ငန်းတွေနှင့်လာရောက်တဲ့ နိုင်ငံခြားသားဧည့်သည်တွေကတည်းခိုကြတာပါ။
    အဲဒီလိုလိုင်စင်ထုတ်ပေးထားတာတွေရှိသလို တိုင်းဒေသကြီးအတွင်းမှာ လိုင်စင်လျှောက်ထားဆဲ ဟိုတယ်နှင့်တည်းခိုရိပ်သာကလည်း အလုံး ၂၀ လောက်ရှိပါတယ်။
    ၂၀၁၉ခုနှစ်နှစ်စကနေအခုအချိန်အထိတော့ ဟိုတယ်နှင့်တည်းခိုရိပ်သာလိုင်စင်တွေကို တစ်ခုမှခွင့်ပြုထားခြင်းမရှိသေးပါဘူး။
    အဲ့ဒါက ဘာကြောင့်လဲဆိုတော့ ၂၀၁၈ခုနှစ် စက်တင်ဘာလ က ပြည်သူ့လွှတ်တော်မှာပြဌာန်းလိုက်တဲ့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေအတိုင်းဆောင်ရွက်ရတော့မှာမို့လို့ပါ။
    အဲဒီဥပဒေသစ်အရ ဧရာဝတီတိုင်းဒေသကြီးမှာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီကို ဖွဲ့စည်းပြီးဖြစ်ပါပြီ။


    ဧရာဝတီတိုင်းဒေသကြီးရဲ့ကော်မတီမှာ
    ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဥက္ကဌ တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ဒုတိယဥက္ကဌ
    လမ်းဦးစီးဌာန အဖွဲ့ဝင်
    မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အဖွဲ့ဝင်
    တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ အဖွဲ့ဝင်
    လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန အဖွဲ့ဝင်
    ခရီးသွားလုပ်ငန်းဆိုင်ရာတတ်သိပညာရှင်တစ်ဦး အဖွဲ့ဝင်
    ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်းတွေကကိုယ်စားလှယ်(၃)ဦး အဖွဲ့ဝင်
    ဧရာဝတီတိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားလာရေးညွန်ကြားမှုဦးစီးဌာနမှူး အတွင်းရေးမှူး
    တို့နှင့်ဖွဲ့စည်းမှာဖြစ်ပြီး ဌာနဆိုင်ရာတွေက အဖွဲ့ဝင် ၆ဦးခန့်မှာဖြစ်လို့ အဖွဲ့ဝင် ၁၃ဦးနှင့် ခန့်အပ်ထားတယ်လို့ဆိုပါတယ်။


    ဥပဒေအသစ်အရ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအနေနဲ့ လုပ်ငန်းလိုင်စင်ချထားရေးနှင့် ခရီးသွားလုပ်ငန်းတိုးတက်လာစေဖို့အတွက် တစ်လကိုနှစ်ကြိမ်အစည်အဝေးခေါ်ယူကာ တတ်သိပညာရှင်တွေနှင့်ညှိနှိုင်းဆောင်ရွက်သွားဖို့တွေရှိနေတာပါ။
    လျှောက်ထားဆဲ ဟိုတယ်နှင့်တည်းခိုရိပ်သာတွေကိုလည်း အဲဒီအစည်းအဝေးတွေမှာ စီစစ်အတည်ပြုကာ ဝန်ကြီးဌာနကိုထောက်ခံတင်ပြတာတွေပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။


    နိုင်ငံခြားသားခရီးသည်ဝင်ရောက်မှုအခြေအနေတွေအရ ပုသိမ်ဒေသကို ဝင်ရောက်တာက တစ်နှစ်ထက်တစ်နှစ်လျော့လာပြီး ၂၀၁၆ခုနှစ်ကနေ ၂၀၁၈ခုနှစ်အထိ သုံးနှစ်လုံးမှာ တရုတ်ခရီးသွားဝင်ရောက်မှုကအများဆုံးဖြစ်နေပါတယ်။


    ချောင်းသာကမ်းခြေက အလျားတစ်မိုင်ခွဲခန့်ရှည်လျားပြီး ဝန်ကြီးဌာနလိုင်စင်ဟိုတယ်နှင့်တည်းခိုရိပ်သာတွေရှိသလို စည်ပင်သာယာရေးအဖွဲ့ ကနေ လိုင်စင်ရယူထားတဲ့တည်းခိုခန်းတွေလည်းရှိပါတယ်။ ချောင်းသာကမ်းခြေကို ပြင်သစ်လူမျိုးတွေလာရောက်လည်ပတ်တာက အများဆုံးဖြစ်နေပေမယ့် ၂၀၁၆ခုနှစ်ကနေ ၂၀၁၈ခုနှစ်အထိ သုံးနှစ်တာနှိုင်းယှဉ်ချက်အရ နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှုက သိသိသာသာကျဆင်းလာတာကိုတွေ့ရပါတယ်။


    ငွေဆောင်ကမ်းခြေကတော့ လေးမိုင်ခွဲကျော် ရှည်လျားတဲ့အတွက် အေးအေးဆေးဆေးနေချင်တဲ့ နိုင်ငံခြားသားတွေက ငွေဆောင်ကမ်းခြေကို သဘောကျကြပါတယ်။
    ချောင်းသာကမ်းခြေကို နိုင်ငံခြားသားတွေဝင်ရောက်မှုလျော့ကျသွားပေမယ့် ငွေဆောင်ကမ်းခြေကို နိုင်ငံခြားသားဧည့်သည်ဝင်ရောက်တာက တိုးလာတာတွေ့ရပါတယ်။


    အဲဒီလိုတိုးလာတဲ့အထဲမှာ တရုတ်နိုင်ငံသားက အများဆုံးဖြစ်ပြီး ဂျာမန်တွေက ဒုတိယနှင့် ပြင်သစ်လူမျိုးတွေက တတိယအများဆုံး လာရောက်လည်ပတ်ကြပါတယ်။


    ၂၀၁၄ခုနှစ်ဝန်းကျင်ကနေစပြီး ဧရာဝတီတိုင်းဒေသကြီးမှာ နာမည်ကြီးလာတဲ့ ဂေါ်ရင်ဂျီကမ်းခြေကတော့ ခရီးသွားဝင်ရောက်မှုရှိသလို ကမ်းခြေရဲ့ လည်ပတ်စရာများပြားတာတွေ၊ ကျွန်းတွေကို သွားရောက်လည်ပတ်နိုင်တာတွေနှင့် သဘာဝရင်းမြစ်တွေ ပေါကြွယ်ဝနေသေးတာကြောင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေရဲ့ စိတ်ဝင်စားတာကို ခံရတဲ့ ဒေသတစ်ခုဖြစ်နေပါတယ်။
    ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေးအခြေအနေတွေက လိုအပ်ချက်ရှိနေသေးတာတွေ ၊ တည်ရှိနေပြီးသား ဟိုတယ်နှင့်တည်းခိုရိပ်သာတွေက မြေယာပိုင်ဆိုင်မှုအနေအထားတွေကြောင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့အတွက်က အနည်းငယ်လိုအပ်ချက်တွေရှိနေသေးပါတယ်။
    ဂေါ်ရင်ဂျီကမ်းခြေဒေသကို နှစ်စဉ်ခရီးသွားဝင်ရောက်တာက သုံးသောင်းဝန်းကျင်ရှိမယ်လို့ ဟိုတယ်နှင့်ခရိးသွားညွှန်ကြားမှုဦးစီးဌာနကခန့်မှန်းထားပေမယ့် တည်ရှိနေတဲ့ တည်းခိုရိပ်သာ အလုံးရေ ၄ဝခန့်နှင့် ဘန်ဂလို ၃၀၀ကျော်တို့က လိုင်စင်ရရှိခြင်းမရှိသေးတာကြောင့် တိကျတဲ့ စာရင်းရရှိမှု အားနည်းနေသေးတာဖြစ်တယ်လို့သိရပါတယ်။


    အထက်မှာ စုစည်းတင်ပြထားတဲ့ အချက်အလက်တွေအရ ဧရာဝတီတိုင်းဒေသကြီးရဲ့ ခရီးသွားလုပ်ငန်းအခြေအနေ ကို စာရင်းမှတ်တမ်းတွေအရတွေ့ရှိရမှာဖြစ်သလို မြေယာပိုင်ဆိုင်မှုအခြေအနေနှင့်အထောက်အထားအားနည်းချက်တွေကြောင့် တရားဝင်လိုင်စင်မရရှိဘဲဖွင့်လှစ်ထားတဲ့ ဟိုတယ်နှင့် တည်းခိုရိပ်သာတွေလည်းရှိတဲ့အတွက် ခရီးသွားလုပ်ငန်းရဲ့ရရှိတဲ့ဝင်ငွေက တိကျတဲ့ ကိန်းဂဏန်း တွေ အဖြစ် တွေ့ရှိရဖို့ကလည်း အခက်အခဲရှိနေပါတယ်။


    အဲ့ဒီအပြင် ဒေသခံတွေရဲ့ လုပ်ငန်းတွေဆီကို စီးဝင်လာတဲ့ ခရီးသွားဧည့်သည်တွေဆီက ဝင်ငွေကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။


    ဧရာဝတီတိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရဲ့ ၂၀၁၀-၂၀၂၁ခုနှစ်အထိ မျှော်မှန်းချက်တစ်ချို့နဲ့ ဝင်ငွေရရှိမှုအခြေအနေတစ်ချို့ကိုလည်း ဖော်ပြထားပါတယ်။ လိုအပ်တဲ့အချက်အလက်တွေကို အောက်မှာလည်း Download ရယူနိုင်ပါတယ်။


    ရင်းမြစ် ။ ။ ဧရာဝတီတိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန


    ဧရာဝတီတိုင်းဒေသကြီးထဲက SMEs လုပ်ငန်းတွေအကြောင်း


    ဧရာဝတီတိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ စက်မှုလုပ်ငန်းစုစုပေါင်း ၆၀၃၀ ရှိပါတယ်။


    ဧရာဝတီတိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန လက်အောက်မှာရှိတဲ့အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရဲ့ စာရင်းမှတ်တမ်းတွေအရ ရှိတဲ့အထဲက SMEs Member Card လျှောက်ထားလာတဲ့ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်စုစုပေါင်း (၃၁၇၅)ဦးကို SMEs Member Card ထုတ်ပေးထားပြီးဖြစ်တယ်လို့သိရပါတယ်။


    ၂၀၁၈ခုနှစ်ဩဂုတ်လ ၃၁ရက်နေ့အထိ စာရင်းတွေအရ SMEs Member Card ထုတ်ပေးထားသူ ၂၈၄၀ ရှိတဲ့အတွက် ၂၀၁၉ခုနှစ် ဧပြီလကုန်အထိ ရှစ်လအတွင်း SMEs Member Card လျှောက်ထားသူ လုပ်ငန်းရှင် ၃၀၀ကျော်တိုးလာတာပဲဖြစ်ပါတယ်။


    ၂၀၁၈ခုနှစ်ဩဂုတ်လ ၃၁ရက်နေ့အထိ SMEလုပ်ငန်းရှင် ၄၉၀ဦးကို အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ချေးငွေရရှိရေးထောက်ခံချက်ထုတ်ပေးခဲ့ပြီး ၂၀၁၉ခုနှစ် ဧပြီလကုန်အထိမှာတော့ ချေးငွေရရှိရေး SMEလုပ်ငန်းရှင် ၁၄၀၀ဦး ကို ထောက်ခံချက်ထုတ်ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။


    ချေးငွေရရှိရေးအတွက် ထောက်ခံချက်လုပ်ပေးနိုင်တဲ့လုပ်ငန်းရှင် တိုးလာသလို မြန်မာ့စီးပွားရေးဘဏ်ရဲ့ SMEsချေးငွေရရှိသူကလည်း ၂၀၁၈ခုနှစ်ဩဂုတ်လ ၃၁ရက်နေ့အထိ တစ်ဦးသာရှိခဲ့ရာကနေ ၂၀၁၉ခုနှစ် ဧပြီလကုန်အထိမှာတော့ ၉ဦးအထိရှိလာပြီဖြစ်တယ်လို့လည်းသိရပါတယ်။
    ဒါပေမယ့် ထောက်ခံချက်ထုတ်ပေးထားတဲ့လုပ်ငန်းရှင်က ၁၄၀၀ ထဲကနေ မြန်မာ့စီးပွားရေးဘဏ်ရဲ့ SMEs ချေးငွေကိုရရှိတဲ့သူက ၉ဦးသာရရှိသေးတာက တော့ အတော့်ကို နည်းပါးသေးတဲ့အရေအတွက်ပဲဖြစ်ပါတယ်။


    ဧရာဝတီတိုင်းဒေသကြီးထဲမှာ မြန်မာ့စီးပွားရေးဘဏ်အပြင် ပုဂ္ဂလိကဘဏ်တွေဖြစ်တဲ့ CB Bank, A Bank, ဧရာဝတီဘဏ်, ကမ္ဘောဇဘဏ်, SMIDB Bank, မြန်မာ့ရှေ့ဆောင်ဘဏ်, မြန်မာနိုင်ငံသားများဘဏ်, ပထမပုဂ္ဂလိကဘဏ် နှင့် ယူနိုက်တက် အမရာဘဏ်တို့က SMEs ချေးငွေတွေကို CGI စနစ်နဲ့ ထုတ်ချေးပေးနေတာပါ။


    အဲဒီဘဏ်တွေထဲက CB Bank, A Bank, ဧရာဝတီဘဏ်, ကမ္ဘောဇဘဏ်, SMIDB Bank, မြန်မာ့ရှေ့ဆောင်ဘဏ်, မြန်မာနိုင်ငံသားများဘဏ် တို့ကတော့ JICA ရဲ့ နှစ်ဆင့်ခံချေးငွေကို ရယူကာ SMEs လုပ်ငန်းရှင်တွေကိုချေးပေးတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ပြုလုပ်ပေးနေတာပါ။


    ဧရာဝတီတိုင်းဒေသကြီးထဲက SMEs လုပ်ငန်းတွေရဲ့ ကြုံတွေ့နေရတဲ့ အရင်းအနှီး၊နည်းပညာ၊ဈေးကွက်ရရှိရေးအခက်အခဲတွေနှင့် လုပ်ငန်းလိုင်စင်၊မှတ်ပုံတင်လျှောက်ထားမှုတွေ၊မြေယာပိုင်ဆိုင်မှုအခြေအနေတွေကလည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေဖြစ်နေပါတယ်။





    Trade Remedy

    စီးပွားရေးသတင်းထောက်တွေကြားထဲမှာ မကြာခဏကြားနေရတဲ့ ကုန်သွယ်ရေးဆိုင်ရာ အသုံးအနှုန်းတွေဖြစ်တဲ့ Dumping ၊ Subsidy နဲ့ Safeguard လုပ်ခြင်းအကြောင်းတွေကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ရှင်းပြထားတာပါ။


    လွတ်လပ်တဲ့ကုန်သွယ်မှုလား၊ မျှတတဲ့ကုန်သွယ်မှုလားဆိုတာကိုလည်းရှုင်းပြထားပြီး ကုန်သွယ်ရေးဆိုင်ရာ ကုထုံးတွေကိုလည်း ရှင်းပြထားပါတယ်။


    ကုန်သွယ်မှုကျင့်ထုံးတွေကျင့်သုံးဖို့ လိုအပ်ချက်ကတော့ ဥပဒေပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရော အဲဒီလိုဥပဒေတွေရှိနေပြီလား။ အာဆီယံနဲ့ယှဉ်ရင်ရော ဘယ်လိုအခြေအနေရှိပါသလဲ။


    ဒါကို ဦးအောင်နိုင်ဦးရဲ့ တင်ပြချက်မှာ အသေးစိတ်ဖတ်ရူနိုင်ပါတယ်။
    ဦးအောင်နိုင်ဦးရဲ့ တင်ပြချက် PDF ကို အောက်ကလင့်မှာ ရယူနိုင်ပါတယ်။


    လောင်းကစားဥပဒေကို သတင်းသမားရူထောင့်မှ ချဉ်းကပ်ခြင်း


    ၂၀၁၉ မေလ ၇ ရက် ပြည်ထောင်စုလွှတ်တော်မှာ လောင်းကစားဥပဒေကို အတည်ပြုပြဌာန်းခဲ့ပါတယ်။


    ဒီမတိုင်မီကတော့ ၁၈၈၄ နဲ့ ၁၈၆၇ လောင်းကစားမှုအက်ဥပဒေ နှစ်ခုရှိပါတယ်။ ဒါ့အပြင် ၁၈၉၉ ခုနှစ် မြန်မာနိုင်ငံတော်လောင်းတမ်းကစားမှု ဥပဒေဆိုတာလည်း ရှိပါသေးတယ်။ ၁၈၉၉ ခုနှစ် မြန်မာနိုင်ငံ လောင်းတမ်းကစားမှုဥပဒေမှာတော့ အကောက်အစားမယူတဲ့ လောင်းကစားမှုကို တရားဝင်ခွင့်ပြုခဲ့ပါတယ်။ ဆိုရရင် အကောင်အစားမယူတဲ့ လောင်းကစားမှုကို ဖမ်းလို့မရပါဘူး။ အဲဒီဥပဒေကတော့ ကချင်၊ ကယားနဲ့ တောင်တန်းဒေသတွေမှာ အသက်မဝင်ခဲ့ပါဘူး။


    အခု ၂၀၁၉ ခုနှစ် လောင်းကစားဥပဒေမှာ ဘာတွေ အဓိကပါဝင်လာလဲ။ ထင်သာမြင်သာတဲ့ အချက်တွေကို ပြောရရင်


    (၁)လောင်းကစားဆိုတာ အကောက်အစားယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ ငွေကြေးသို့မဟုတ် ငွေကြေးတန်ဖိုးအဖြစ်လွှဲပြောင်းသတ်မှတ်ရန် သဘောတူတဲ့ပစ္စည်းအတွက် လောင်းကစားတာကို သတ်မှတ်တယ်။(အကောက်အစားယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ လောင်းကစားလို့သတ်မှတ်တဲ့အတွက် နာရေးအိမ်က ဖဲဝိုင်းတို့၊ ဘုရားပွဲက လောင်းကစားပွဲတို့ဟာ လောင်းကစားအဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ အကျုံးဝင်တာ တွေ့ရတယ်။)


    (၂) ကာစီနိုတွေကို ပြည်ထောင်စုအစိုးရခွင့်ပြုချက်နဲ့ ဖွင့်ခွင့်ရှိလာပါတယ်။ အဲဒီမှာ နိုင်ငံသားတွေ ဝင်ကစားလို့မရဘူး အတိအလင်းဖော်ပြထားတယ်။ (အကျိုးဆက်ကတော့ နိုင်ငံတော်က အခွန်ငွေရလာမယ်။ ထိုက်သင့်တဲ့ စည်းမျဉ်းစည်းကမ်းတွေလိုအပ်လာမယ်။ အဲဒါတွေမရှိရင် ပြဿနာရှိလာနိုင်တယ်။)

    (၃) လောင်းကစားကိရိယာသတ်မှတ်ချက်။
    (ဂျင်၊ ဖဲ၊ အန်စာတင်မကဘူး။ အီလက်ထရောနစ်ပစ္စည်းနှင့် အီလက်ထရောနစ် ဆက်သွယ်ရေးနည်းပညာသုံးကိရိယာတွေပါ ပါဝင်တဲ့အတွက် ဖုန်း၊ ကွန်ပြူတာတွေနဲ့ အွန်လိုင်းသုံး လောင်းကစားတွေပါ အကျုံးဝင်လာတယ်။)


    (၄)ဖမ်းဆီးခွင့်။
    (အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ လောင်းကစားရင် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးကတောင် ဖမ်းလို့ရတယ်။ အဲဒီလိုဖမ်းလို့လည်း ဝရမ်းမလိုဘူး။ ဆိုလိုတာက ဝရမ်းမပါဘဲ ဖမ်းလို့ရတယ်။)


    (၅) မည်သူမျှ လောင်းကစားရန် ငွေချေးခြင်း(သို့မဟုတ်) ငွေကြေးထောက်ပံ့ခြင်းမပြု။
    (လောင်းကစားလုပ်မယ့်သူကို ငွေချေးရင် အခုဥပဒေအရ ကိုယ်ပါထောင်ကျနိုင်တယ်။ ဒါ့ကြောင့် ကိုယ်ကငွေချေးရင် ဘာအတွက် ချေးတာလဲဆိုတာကိုပါ စိစစ်ရမယ့်သဘောဖြစ်လာတယ်။)


    (၆) မည်သူမှ လောင်းကစားအိမ်တွင် လောင်းကစားမပြုရ၊ ရောက်ရှိနေခြင်းမပြုရ။
    (ဒါ့ကြောင့် ဖဲဝိုင်းရှိတဲ့ နာရေးတွေဘာတွေမှာ ကိုယ်ရောက်နေရင် ဥပဒေအရဆို ကိုယ်ပါအမှုပတ်နိုင်တဲ့ သဘောဖြစ်တယ်။ နာရေးအိမ်တွေမှာ ဖဲဝိုင်းလုပ်တာဟာလည်း ဒီဥပဒေအရဆို အကျုံးမဝင်ဘူး။ ဘုရားပွဲတွေက လောင်းကစားဝိုင်းတွေလည်း ဒီအတိုင်းပဲဖြစ်တယ်။)


    Daw Zar Chi Htwe (Attorney at Law,Biz Law Consult Myanmar) နဲ့ Daw Shwe Yee Win (Attorney at Law,Biz Law Consult Myanmar)တို့ရဲ့ လောင်းကစားဥပဒေသုံးသပ်ချက်ကို PDF တင်ပေးထားပါတယ်။
    ပညာရှင်များ၏ သုံးသပ်ချက်စာတမ်းနဲ့ ၂၀၁၉ ခုနှစ် လောင်းကစားဥပဒေ ကို အောက်ပါ Link မှာ ဖတ်ရူနိုင်ပါတယ်။


    ဧရာဝတီတိုင်းဒေသကြီးရဲ့ခရီးသွားလုပ်ငန်းတွေနှင့် ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုအခြေအနေပေါ်မှာ ဘာသတင်းတွေလုပ်လို့ရမလဲ (Story tips)

    ၁။ ဧရာဝတီတိုင်းဒေသကြီးထဲမှာ ဟိုတယ်နှင့် တည်းခိုရိပ်သာတွေကို ဝန်ကြီးဌာနလိုင်စင် ခွင့်ပြုပေးထားမှုအခြေအနေနှင့် စည်ပင်သာယာရေးလိုင်စင် တည်းခိုခန်းများ ခွင့်ပြုထားမှုအခြေအနေ
    ၂။ ဟိုတယ်နှင့််တည်းခိုရိပ်သာတွေ ဝန်ကြီးဌာန လိုင်စင်လျှောက်ထားမှုအခြေအနေနှင့် လိုအပ်ချက်တွေ (ဥပမာ – နိုင်ငံခြားခရီးသွားဧည့်သည်တွေတည်းခိုနိုင်ဖို့ ဝန်ကြီးဌာနလိုင်စင်လိုအပ်ပေမယ့် မြေယာပိုင်ဆိုင်မှုနှင့် အထောက်အထားအားနည်းချက်အခြေအနေ၊မြေယာအငြင်းပွားနေရာတွေနှင့် ဟိုတယ်နှင့်တည်းခိုရိပ်သာလိုင်စင်လိုအပ်ချက်အခြေအနေတွေအကြောင်း)
    ၃။ အစိုးရချင်းချိတ်ဆက်ဆောင်ရွက်မှုတွေ၊နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကြောင့် နိုင်ငံခြားခရီးသွားဧည့်သည်တွေဝင်ရောက်မှုတွေရှိလာတဲ့ နယ်ဒေသတွေရဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာနိုင်ခြေတွေအကြောင်း(ဥပမာ ဖျာပုံ၊မအူပင်၊ဟင်္သာတ၊မော်လမြိုင်ကျွန်း)
    ၄။ ဖွံ့ဖြိုးလာခြေရှိတဲ့ ကမ်းခြေဒေသတွေရဲ့ ခရီးသွားလုပ်ငန်းအခြေအနေတွေအကြောင်း (ဥပမာ ရွှေသောင်ယံကမ်းခြေ ၊မြတ်မော်တင်စွန်းဘုရားရှိတဲ့ မော်တင်စွန်း ကမ်းခြေ၊)
    ၅။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေသစ်အရ ဖွဲ့စည်းလိုက်တဲ့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအကြောင်း(ဥပမာ ဘယ်လိုဖွဲ့စည်းထားတာလဲ ပါဝင်သူတွေရဲ့အခြေအနေ အတွေ့အကြုံ ၊တစ်လကို နှစ်ကြိမ်ပြုလုပ်မယ့် အစည်းအဝေးတွေရဲ့ ဆုံးဖြတ်ချက်တွေ)
    ၆။ တိုင်းဒေသကြီးရဲ့မြို့တော် ပုသိမ်မြို့ ကို ခရီးသွားဝင်ရောက်မှုအခြေအနေ (လက်ရှိအခြေအနေအရ ခရီးသွားဝင်ရောက်မှုတစ်နှစ်ထက်တစ်နှစ်ကျဆင်းလာပြီး တရုတ်နှင့်ဂျပန်က အများဆုံးဖြစ်နေတဲ့အခြေအနေကို အချက်အလက်တွေအရတွေ့ရ ဘာတွေလာလုပ်တာလဲ ဘယ်လိုလူမျိုးတွေလာတာလဲ သတင်းထုတ်လို့ရ)
    ၇။ ချောင်းသာကမ်းခြေရဲ့ လက်ရှိအခြေအနေ ခရီးသွားဝင်ရောက်မှုအတိုင်းအတာ(ဥပမာ ချောင်းသာကမ်းခြေကို ပြည်တွင်းခရီးသွားဝင်ရောက်မှုက တိုးလာပေမယ့် ပြည်ပခရီးသွားဝင်ရောက်မှုသိသိသာသာကျဆင်းသွားတဲ့အခြေအနေ ၊ချောင်းသာကမ်းခြေရဲ့ သန့်ရှင်းမှုနှင့် သဘာဝအခြေအနေတွေ ဆက်လက်တည်ရှိနေမှု၊ဒေသတွင်းလုပ်ငန်းတွေရဲ့ ဝန်ဆောင်မှုအခြေအနေ၊)
    ၈။ ငွေဆောင်ကမ်းခြေဒေသရဲ့ ခရီးသွားဝင်ရောက်မှုတိုးတက်လာတဲ့အခြေအနေ (ခရီးသွားဝင်ရောက်မှုတိုးတက်လာပေမယ့် တရုတ်နိုင်ငံသားတွေကအများဆုံးဖြစ်နေတာတွေ ဘယ်လိုပုံစံမျိုးလာတာလဲ ငွေအနည်းဆုံးသုံးတဲ့ ခရီးစဉ်တွေကို အသုံးပြုပြီးလာတာတွေလား ငွေဆောင်ကမ်းခြေရဲ့ သဘာဝပတ်ဝန်းကျင်အခြေအနေ ခရီးသွားတွေရဲ့ အသက်အန္တရာယ်လုံခြုံရေးဆောင်ရွက်ထားတဲ့အခြေအနေ)
    ၉။ ဂေါ်ရင်ဂျီကမ်းခြေရဲ့ မြေယာပိုင်ဆိုင်မှုအခြေအနေတွေ ဟိုတယ်နှင့်တည်းခိုရိပ်သာတွေရဲ့ ခရီးသွားဝင်ရောက်မှုအခြေအနေ သဘာဝရင်းမြစ်တွေတည်ရှိမှုအခြေအနေ လမ်းပန်းဆက်သွယ်ရေးအခြေအနေ တွေ သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုအခြေအနေ(ဥပမာ သဘာဝအခြေခံခရီးသွားလုပ်ငန်းလုပ်ဖို့ ရပ်ရွာပိုင်မြေတည်ရှိမှုအခြေအနေတွေအကြောင်း)
    ၁၀။ ဧရာဝတီတိုင်းဒေသကြီးထဲကို တရုတ်ခရီးသွားတွေ ဝင်ရောက်မှုနှင့် လေယာဉ်ခရီးစဉ်တွေရဲ့အကြောင်း
    (ပုသိမ်လေဆိပ်ကနေ တရုတ်ခရီးသွားတွေက Package ခရီးစဉ်တွေဝင်ရောက်မှုကနေ ဘယ်လိုအကျိုးရှိလဲ)
    ၁၁။ ဧရာဝတီတိုင်းဒေသကြီးရဲ့ ခရီးသွားဝင်ရောက်မှုကနေ တစ်နှစ်ကိုဝင်ငွေဘယ်လောက်ရှိလဲ(အစိုးရက အဲဒီဝင်ငွေတွေကို ဘယ်လိုမျိုး စာရင်းကောက်ယူထားတာလဲ အဲဒီဝင်ငွေကို တိုးတက်အောင် ဘယ်လိုအစီအစဉ်တွေရှိလဲ)
    ၁၂။ ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုတွေကန ဒေသတွင်းလုပ်ငန်းတွေကို ဘယ်လောက် အကျိုးရှိစေလဲ(ဥပမာ ချောင်းသာငွေဆောင်ကမ်းခြေက နေအိမ်တွေမှာ Home Stay နေထိုင်မှုတွေကနေ ဝင်ငွေဘယ်လောက်ရှိလဲ ဒေသတွင်းလက်မှုထွက်ကုန်နှင့်ပင်လယ်စာရောင်းဝယ်ရေးတွေ ဒေသတွင်းသယ်ယူပို့ဆောင်ရေးနှင့် လက်လုပ်လက်စားတွေ ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေရဲ့ ဝင်ငွေအခြေအနေနှင့် နိုင်ငံခြားခရီးသွားဧည့်သည်တွေရဲ့ ယုံကြည်စွာစားသုံးမှု ဥပမာ ထိုင်းမှာရှိတဲ့ လမ်းဘေးအစားအစာဆိုင်တွေမှာ နိုင်ငံခြားသားတွေယုံကြည်စိတ်ချစွာစားသုံးပြီး ဒီမှာစားသုံးမှုအားနည်းတဲ့အခြေအနေ အစိုးရကအဲ့ဒီအပေါ်မှာဘာလုပ်ပေးမှာလဲ)
    ၁၃။ ကမ်းခြေတွေမှာခွင့်ပြုချက်မရဘဲ ဆောက်ထားတဲ့ တည်းခိုရိပ်သာနှင့် ဘန်ဂလိုတွေကို စီးဝင်နေတဲ့ ခရီးသွားဧည့်သည်နှင့် ဝင်ငွေအခြေအနေ
    ၁၄။ ဧရာဝတီတိုင်းဒေသကြီးထဲမှာ ခရီးသွားလုပ်ငန်းကုမ္ပဏီတွေကိုခွင့်ပြုထားတဲ့အခြေအနေ (ဧရာဝတီတိုင်းဒေသကြီးရဲ့ ကမ်းခြေခရီးသွားလုပ်ငန်းတွေကို နိုင်ငံတကာခရီးသွားကုမ္ပဏီတွေနှင့် ရန်ကုန်အခြေစိုက်ခရီးသွားကုမ္ပဏီတွေကပဲ စီစဉ်ပေးနေတာလား ဒေသတွင်းခရီးသွားကုမ္ပဏီတွေရဲ့အရေးပါမှုအခြေအနေတွေ)
    ၁၅။ ဝန်ကြီးဌာနရဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်တွေက ဧရာဝတီတိုင်းဒေသကြီးအပေါ်သက်ရောက်မှု (ဥပမာ အရှေ့ဘက် နိုင်ငံတွေနှင့် အရှေ့တောင်အာရှနိုင်ငံတွေက ခရီးသွားတွေကိုဖိတ်ခေါ်မှုအခြေအနေနှင့် အနောက်ဖက် နိုင်ငံတွေက ခရီးသွားတွေကို ဖိတ်ခေါ်မှုအခြေအနေတွေ)
    ၁၆။ ဖျာပုံခရိုင် ဘိုကလေးမြို့နယ်ထဲက မိန်းမလှကျွန်းဘေးမဲ့တောရဲ့ သဘာဝအခြေခံခရီးသွားဝင်ရောက်မှုအခြေအနေ
    ဆက်သွယ်ရမယ့် သတင်းရင်းမြစ်များ
    ဦးလှမိုးအောင် ဝန်ကြီးချုပ်
    ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့
    ဝ၉-၇၇၈၇၂၉၈၈၄
    ဦးကျော်မြင့်
    စည်ပင်သာယာရေးဝန်ကြီး
    ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့
    ဝ၉-၄၅၉၀၁၇၀ဝ၈
    ဝ၉-၉၇၁၅၇၆၇၈၉
    ဦးဝင်းဌေး
    လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
    ဝ၉-၇၇၆၄၁၆၁၁၂
    ဝ၉-၄၅၉၀၁၇၀ဝ၇
    ဦးဇော်လင်းထွန်း
    ဧရာဝတီတိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှူး
    ဝ၉-၆၉၂၉၆၃၁၅
    ဦးဝင်းချို
    ဥက္ကဌ
    ပုသိမ်မြို့နယ်ဟိုတယ်လုပ်ငန်းရှင်များအသင်း
    ဝ၉-၂၅၀၁၆၆၁
    ဝ၉-၇၈၅၂၀၁၆၆၁
    ငွေဆောင် ဟိုတယ်နှင့်ခရီးညွှန်ကြားမှုရုံး
    ဝ၄၂-၂၁၉၄၂
    ချောင်းသာ ဟိုတယ်နှင့်ခရီးညွှန်ကြားမှုရုံး
    ဝ၄၂-၄၂၃၆၀


    ဧရာဝတီတိုင်းဒေသကြီးထဲက SMEs ,MSMEs လုပ်ငန်းတွေနဲ့ပတ်သတ်ပြီး ဘယ်လိုသတင်းတွေလုပ်လို့ရမလဲ

    ၁။ ဧရာဝတီတိုင်းဒေသကြီးထဲမှာ SMEs လုပ်ငန်းနှင့် MSMEs လုပ်ငန်းတို့ ခွဲခြားသတ်မှတ်ထားမှုနှင့်တည်ရှိမှုအခြေအနေ
    ၂။SMEs လုပ်ငန်းနှင့် MSMEs လုပ်ငန်းတို့ လိုင်စင်ဝင်ရောက်မှုအခြေအနေ၊ လိုင်စင်မဝင်ရောက်နိုင်တဲ့ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းတွေနှင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းတွေကဘာကြောင့် မဝင်တာလဲ၊ ဥပမာ အခွန်ရှောင်ချင်တာလား၊ လိုက်နာရမယ့်စည်းကမ်းသတ်မှတ်ချက်တွေကြောင့်လား၊အလုပ်အကိုင်က တစ်နှစ်ပတ်လုံးမကောင်းတဲ့အတွက်ကြောင့်လား
    ၃။MSMEs လုပ်ငန်းတွေအတွက် ဧရာဝတီတိုင်းဒေသကြီးကရေးဆွဲထားတဲ့ဥပဒေမှာ မှတ်ပုံတင်မဝင်ရောက်ရင် ငွေဒဏ်နဲ့ လုပ်ငန်းပိတ်သိမ်းသိမ်းဆည်းမယ့်ပြစ်ဒဏ်တွေပါဝင်ပေမယ့် အိမ်တွင်းမှုလုပ်ငန်းတွေမလိုက်နာနိုင်သေးတာဘာကြောင့်လဲ၊အစိုးရက ဘာတွေလုပ်ပေးမှာလဲ
    ၄။MSMEs လုပ်ငန်းတွေအတွက် စည်းကြပ်ဖို့ မှတ်ပုံတင်ပြုလုပ်ပေးဖို့ ၊သင်တန်းတွေပေးဖို့အတွက် က ဧရာဝတီတိုင်းဒေသကြီးထဲမှာက ဧရာဝတီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတစ်ခုပဲရှိတော့ လုပ်ငန်းဆောင်ရွက်ပေးနိုင်မှုအခြေအနေနှင့်အခက်အခဲ
    ၅။MSMEs လုပ်ငန်းတွေအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က MSMEs Zone တစ်ခု ကို မြို့နယ်တစ်ခုမှာ ထူထောင်ဖို့စီစဉ်ထားတယ်လို့ ပြောကြားထား(ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ် မှာ စီစဉ်နေတာဖြစ်တယ်လို့ အကြမ်းဖျဉ်းသိရ) အဲဒီလို တည်ဆောက်မယ့်အစီအစဉ်အတွက် ဘယ်လိုဒီဇိုင်းနဲ့ မျှော်မှန်းချက်လဲဆိုတဲ့အပေါ် သတင်းထုတ်လို့ရ
    ၆။SMEs နဲ့ MSMEs လုပ်ငန်းတွေမှာ လက်မှုရိုးရာလုပ်ငန်းတွေ (ဥပမာ ပုသိမ်ထီး၊ရေကြည်နှင့်ငါးသိုင်းချောင်းမြို့နယ်တွေမှာ ဝါးနှင့်ကြိမ်လက်မှုလုပ်ငန်းတွေ) ရဲ့ ကုန်ကြမ်းရှားပါးမှုနဲ့ရင်းမြစ်တွေ ဆက်လက်တည်ရှိနေမှုအထောက်အပံ့အခြေအနေတွေနှင့် ကြုံတွေ့နေရတဲ့အခက်အခဲတွေအကြောင်း
    ၇။SMEs လုပ်ငန်းတွေရဲ့ ချေးငွေရရှိမှု အခြေအနေ
    SMEs ချေးငွေရရှိဖို့ ဧရာဝတီတိုင်းဒေသကြီးSMEs ဌာနက ထောက်ခံပေးထားတဲ့လုပ်ငန်းက ငါးရာနီးပါးရှိပေမယ့် မြန်မာ့စီးပွားရေးဘဏ်ရဲ့ SMEs ချေးငွေရရှိသူက ၉ဦးသာရှိသေးတဲ့အခြေအနေ
    ပုဂ္ဂလိကဘဏ်တွေရဲ့ SMEs ချေးငွေထုတ်ပေးတဲ့ လုပ်ငန်းတွေအခြေအနေနဲ့ လုပ်ငန်းအရေအတွက်အပေါ်ပွင့်လင်းမြင်သာထုတ်ပြန်မှုအခြေအနေ (ပုဂ္ဂလိကဘဏ် (၇)ခုက JICA ရဲ့ နှစ်ဆင့်ခံချေးငွေ ရယူကာ SMEs လုပ်ငန်းတွေကိုပေးခြင်းဖြစ်ပြီး ချေးထားတဲ့လုပ်ငန်းအရေအတွက် ထုတ်ပြန်တာသိပ်မတွေ့ရ)
    ၈။SMEs ချေးငွေတွေရဲ့ သတ်မှတ်ချက်တစ်ချို့နဲ့ SMEs လုပ်ငန်းတစ်ချို့ရဲ့ အခက်အခဲများ
    (ဥပမာ SMEs လုပ်ငန်းရှင်တစ်ချို့ က မြေယာပိုင်ဆိုင်မှုအခက်အခဲရှိခြင်း၊ နေအိမ်က တိုက်တာအဆောက်အဦးဖြစ်နေပြီး လုပ်ငန်းက ဓနိမိုးထရံကာဖြစ်နေတဲ့အတွက် အပေါင်ပစ္စည်းအတွက်အခက်အခဲဖြစ်နေတာမျိုးတွေ၊ သုံးနှစ်စာဘဏ္ဍာရေးရှင်းတမ်း ရေးဆွဲဖို့အခက်အခဲရှိနေတာမျိုးတွေ(ဥပမာ သုံးနှစ်တာဘဏ္ဍာရေးရှင်းတမ်းကို ပွဲစားတစ်ချို့ကို ရေးဆွဲခိုင်းခြင်းမျိုးတွေနှင့် SMEs ချေးငွေရဖို့ ပွဲစားတစ်ချို့ကို အားကိုးနေရပြီး အဲ့ဒီအတွက် ကုန်ကျနေရတာမျိုးတွေ)
    ၉။ဧရာဝတီတိုင်းဒေသကြီးSMEs ဌာနအနေနဲ့ SMEs လုပ်ငန်းရှင်တွေအတွက် ဘဏ္ဍာရေးအသိပညာပိုင်း နှင့် လုပ်ငန်းအစီအစဉ် ရေးဆွဲမှုပိုင်းနည်းပညာပေးနေတဲ့အခြေအနေနှင့် တွေ့နေရတဲ့ အခက်အခဲ
    ၁၀။SMEs လုပ်ငန်းတွေအတွက် ကုန်ကြမ်း ရရှိမှုအခြေအနေ နှင့် ကုန်ကြမ်းသန့်ရှင်းမှုအခြေအနေ
    SMEs လုပ်ငန်းတစ်ချို့က ကုန်ကြမ်းရှားပါးမှုအခြေအနေနှင့်ကြုံတွေ့နေရပြီး SMEs လုပ်ငန်းတစ်ချို့ကတော့ ကုန်ကြမ်းလုံလုံလောက်လောက်ရရှိပေမယ့် သန့်ရှင်းမှုစံချိန်စံညွှန်းသတ်မှတ်ချက် ထားရှိဝယ်ယူပါက မလွယ်ကူတဲ့အခြေအနေမျိုးမှာရှိနေ(ဥပမာ မြေပဲတွေမှာမှိုပါဝင်မှု စစ်ဆေးဝယ်ယူဖို့အခက်အခဲရှိ ကောက်ညှင်းဆန်တွေမှာ အစိုဓာတ်နှင့်သန့်စင်မှုရွေးချယ်ဝယ်ယူရာမှာအခက်အခဲရှိနေ) အဲဒီအခက်အခဲတွေကြောင့် ထွက်ရှိလာတဲ့ ထုတ်ကုန်တွေက ပြည်ပတင်ပို့ရောင်းချနိုင်ဖို့ အရည်အသွေးပိုင်းလိုအပ်နေတာတွေ တွေ့ရပြီး တစ်ချို့ SMEs လုပ်ငန်းရှင်တွေကလည်း ပြည်တွင်းမှာရောင်းနေရတဲ့အခြေအနေမှာတင် ကျေနပ်နေတာတွေ့ရ)
    ၁၁။SMEs လုပ်ငန်းတွေအတွက် ထုတ်လုပ်မှုကျင့်စဉ်ကောင်း သိုလှောင်မှုကျင့်စဉ်ကောင်း တွေနှင့် နည်းပညာတွေရရှိဖို့အတွက် SMEs ဌာနအနေနဲ့ ဘယ်လိုတွေလုပ်ပေးနေလဲ ဘယ်အဖွဲ့အစည်းတွေနှင့် ချိတ်ဆက်ထားလဲ ဘယ်လိုသင်တန်းတွေပေးနေလဲ (ဥပမာ PUM Netherland လိုအဖွဲ့အစည်းမျိုးတွေနှင့် ချိတ်ဆက်ဆောင်ရွက်မှုအခြေအနေ)
    ၁၂။SMEs လုပ်ငန်းရှင်တွေရဲ့ Cluster အဖွဲ့အစည်းဖွဲ့ထားနိုင်မှုအခြေအနေ
    SMEs လုပ်ငန်းရှင်တွေအနေနဲ့ တွေ့ကြုံနေရတဲ့အခက်အခဲ ပြဿနာတွေကို ပူးပေါင်းဖြေရှင်းနိုင်ဖို့ နိုင်ငံတကာနှင့်ချိတ်ဆက်ဖို့ ဈေးကွက်ရှာဖို့ ကုန်စည်ပြပွဲတွေမှာသွားရောက်ပြသဖို့ နိုင်ငံတကာSMEs ဖိုရမ်တွေ အလုပ်ရုံဆွေးနွေးပွဲတွေမှာ ဧရာဝတီတိုင်းဒေသကြီး ရဲ့ SMEs လုပ်ငန်းနှင့် ထုတ်ကုန်တွေဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖွဲ့အစည်းဖွဲ့ထားနိုင်မှုအခြေအနေ
    (ဥပမာ ဧရာဝတီတိုင်းဒေသကြီးမှာ နာမည်ကြီးဒေသထွက်ကုန်တွေဖြစ်တဲ့ ပုသိမ်ထီး ဟာလဝါလုပ်ငန်းတွေရဲ့ လက်မှုပညာရှင်အဖွဲ့အစည်း လုပ်ငန်းရှင်အဖွဲ့အစည်းဖွဲ့ထားနိုင်မှုအခြေအနေနှင့် အခြား လုပ်ငန်းတွေဖြစ်တဲ့ ရွှေဆိုင်တွေ၊စက်မှုလုပ်ငန်းတွေရဲ့ လုပ်ငန်းရှင်အသင်းဖွဲ့စည်းထားနိုင်မှုနှင့် ညီညွတ်မှုအခြေအနေ)
    ၁၃။SMEs လုပ်ငန်းတွေရဲ့ ထွက်ကုန်တွေအပေါ်မှာ စံချိန်စံညွှန်းနှင့်အရည်အသွေးသတ်မှတ်မှု
    ပုသိမ်မြို့ရဲ့နာမည်ကြီးထွက်ကုန်တွေဖြစ်တဲ့ ပုသိမ်ထီးနှင့်ပုသိမ်ဟာလဝါရဲ့ စံချိန်စံညွန်းအရည်အသွေးသတ်မှတ်ထားနိုင်မှု (ဥပမာ ပုသိမ်ဟာလဝါ အတုအစစ်အငြင်းပွားမှုပြဿနာပေါ်ပေါက်လာတဲ့အခြေအနေတွေမှာ ပုသိမ်ဟာလဝါအစစ်ဘာလဲဆိုတာနှင့် ပါဝင်ပစ္စည်းဘယ်လိုသတ်မှတ်ထားတာလဲ ဆိုသည့်မေးခွန်းထွက်ပေါ်လာတာမျိုး နှင့် စက်မှုထုတ်ကုန်ပစ္စည်းတွေရဲ့ အရည်အသွေးစံသတ်မှတ်ချက်သတ်မှတ်ထားနိုင်မှုနှင့် နိုင်ငံတကာစံနှုန်းပြည့်မှီအောင်ဆောင်ရွက်နိ်ုင်မှု)
    ၁၄။နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေမှာပူးပေါင်းဆောင်ရွက်နိုင်မှု
    နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေဝင်ရောက်လာပေမယ့် စက်မှုလုပ်ငန်းSMEs တွေရဲ့ ထုတ်လုပ်မှု ထုတ်ကုန်တွေ အစိတ်အပိုင်းတွေက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို ဆက်စပ်လုပ်ကိုင်နိုင်မှု အခြေအနေ (ဥပမာ ပုသိမ်၊ဟင်္သာတ၊မြောင်းမြစက်မှုဇုန်တွေမှာရှိတဲ့ စက်မှုလုပ်ငန်း SMEs တွေရဲ့ ချိတ်ဆက်နိုင်မှုအခြေအနေ
    ၁၅။ဧရာဝတီတိုင်းဒေသကြီးက SMEs ထုတ်ကုန်တွေကို ဘယ်သူတွေဝယ်လဲ
    ဧရာဝတီတိုင်းဒေသကြီးထဲက SMEs ထုတ်ကုန်တွေကို ဝယ်ယူတဲ့ နိုင်ငံတွေ၊ကုန်သည်တွေ၊ဈေးကွက်တွေရဲ့အခြေအနေ (ဥပမာ ပုသိမ်ထီးနှင့်ဟာလဝါတွေကို နိုင်ငံတကာဈေးကွက်ကလက်ခံမှုအခြေအနေ ကွန်တိန်နာအလုံးအရေအတွက်နှင့်မှာယူမှုတွေကို ကုန်ကြမ်းအခြေအနေအရ ပို့နိုင်လား၊အရည်အသွေးနှင့် စံသတ်မှတ်ချက်အခြေအနေအရရောအခြေအနေဘယ်လိုရှိလဲ)
    ၁၆။ကုန်အမှတ်တံဆိပ်ဥပဒေကိုလိုက်နာနိုင်မှုအခြေအနေ
    ဧရာဝတီတိုင်းဒေသကြီးထဲက SMEs လုပ်ငန်းတွေနှင့် MSMEs လုပ်ငန်းတွေအနေနဲ့ ထွက်ပေါ်လာတဲ့ကုန်အမှတ်တံဆိပ်ဥပဒေအပေါ်လိုက်နာနိုင်မှုအခြေအနေဆက်သွယ်ရမယ့် သတင်းရင်းမြစ်များ
    ဦးဌေးဝင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး
    ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့
    ဝ၉-၂၅၄၁၂၆၁၃၇
    ဦးဝင်းဌေး လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
    ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့
    ဒေါ်ခင်ခင်ဆွေ
    (ဒုတိယညွှန်ကြားရေးမှူး)
    အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(SMEs ဌာန)
    ဝ၄၂-၂၉၀၂၁
    ဝ၉-၅၁၄၈၆၈၈
    ဝ၉-၇၉၂၈၄၃၆၁၁
    ဦးစိုးနိုင်ထူး
    တိုင်းဦးစီးဌာနမှူး
    အသေးစားစက်မှုလက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
    ဝ၉-၄၀၂၅၈၄၇၁၈
    ဦးနေဝင်းစိုး
    တာဝန်ခံ
    ဧရာကုန်သွယ်ရေးဗဟိုဌာန
    ဝ၉-၇၉၄၅၂၇၃၈၁
    ဝ၉-၄၂၂၄၆၈၅၇၀
    ဦးဝင်းမြင့်လှိုင်
    ဥက္ကဌ
    ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း
    ဝ၉-၈၅၅၀၇၉၈ဦးမြင့်လွင်
    ဥက္ကဌ
    ဧရာဝတီတိုင်းဒေသကြီးပုဂ္ဂလိကမော်တော်ယာဉ်လိုင်းများစနစ်တကျပြေးဆွဲရေးကော်မတီ
    ဝ၉-၂၅၀၁၂၃၆၀၂
    ဦးမင်းနိုင်
    ရွှေစာပုသိမ်ထီးထုတ်လုပ်ရေးလုပ်ငန်း
    ဝ၉-၉၆၁၅၆၅၁၆၆
    ဦးရဲလင်းအောင်
    ရွှေမြင်းပျံပုသိမ်ဟာလဝါ
    ဝ၉-ဝ၉-၉၆၂၀၁၀၇၇
    ဦးအောင်လွင်
    ဒုတိယဥက္ကဌ
    ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်း
    ဝ၉-၄၂၂၅၄၂၃၂၈,ဝ၉-၆၉၉၄၁၂၉၂၀
    ဦးအောင်မျိုးသန့်
    ဥက္ကဌ
    ဟင်္သာတဆန်စက်လုပ်ငန်းရှင်များအသင်း
    ဝ၉-၇၉၆၆၄၄၄၇၃
    ဦးအောင်ဘုန်း
    ဥက္ကဌ
    ဟင်္သာတစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ
    ဝ၉-၇၉၄၁၃၁၆၀ဝ
    ဦးလေးကို
    ဥက္ကဌ
    ပုသိမ်စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ
    ဝ၉-၄၅၁၂၄၀ဝ၅၅,ဝ၉-၇၇၁၀၉၈၀၉၀
    ဦးမင်းနိုင်
    ဥက္ကဌ
    ဧရာဝတီတိုင်းဒေသကြီးစားသုံးဆီစက်လုပ်ငန်းရှင်များအသင်း
    ဝ၉-၅၂၀၈၃၂၁, ဝ၄၄-၂၁၅၂၉
    ဦးမြင့်သိန်းဦး
    ဥက္ကဌ
    ပဲနှင့်နှမ်းကုန်သည်များအသင်း
    ဝ၉-၈၅၈၀၂၁၄,ဝ၉-၅၁၆၈၄၀၅
    ဦးညွှန့်နိုင်
    ဥက္ကဌ
    ဧရာဝတီတိုင်းဒေသကြီးဆံပင်ရောင်းဝယ်ရေးလုပ်ငန်းရှင်များအသင်း
    ဝ၉-၄၂၈၃၃၀၆၆၂
    ဦးစိုးဝင်း
    ဥက္ကဌ
    ဧရာဝတီတိုင်းဒေသကြီးဆန်စက်လုပ်ငန်းရှင်များအသင်း
    ဝ၉-၅၂၀၁၃၇၃
    ဦးထွန်းထွန်း
    ဥက္ကဌ
    ဧရာဝတီတိုင်းဒေသကြီးဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း
    ဝ၉-၂၅၀၈၅၅၃၂၂,ဝ၉-၇၆၄၄၅၅၅၂


    ဧရာဝတီတိုင်းအတွင်း လျှပ်စစ်ဓာတ်အားအသုံးပြုမှု နဲ့ အနာဂတ် လျှပ်စစ်ဓာတ်အားစီမံကိန်း

    ဧရာဝတီတိုင်းအနေနဲ့ လျှပ်စစ်ဓာတ်အားအသုံးပြုမှုက အမြင့်ဆုံးအနေနဲ့ မဂ္ဂါဝပ် ၁၃၀ ကျော်သာရှိပါတယ်။အိမ်ထောင်စုအားလုံးရဲ့ ၁၇ ရာခိုင်နှုန်းကျော်သာမီးရရှိသေးတာဖြစ်ပြီး အစိုးရသစ်လက်ထက်မှာ ၆ရာခိုင်နှုန်းနီးပါးတိုးတက်ရရှိခဲ့တာပါ။အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းအရတော့ ၂၀၃၀ မှာ ၁၀ဝရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား ရရှိဖို့ရည်မှန်းထားပါတယ်။တစ်နိုင်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ၂၀၂၁ မှာ ၅၀ ရာခိုင်နှုန်းလျှပ်စစ်ဓာတ်အားရရှိမယ်လို့ဆိုထားပေမယ့်ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ကတော့ ၅၀ ရာခိုင်နှုန်းရရှိဖို့မလွယ်သေးပါဘူး။

    လက်ရှိမှာတော့ ဧရာဝတီတိုင်းအတွင်း အိမ်ထောင်စုတွေက လျှပ်စစ်ဓာတ်အားရဲ့ ၆၅ ရာခိုင်နှုန်းကိုအသုံးပြုနေကြပြီး စီးပွားရေးလုပ်ငန်းတွေနဲ့စက်မှုလုပ်ငန်းတွေက လျှပ်စစ်ဓာတ်အားရဲ့ ၃၅ရာခိုင်နှုန်းကိုအသုံးပြုနေတာပါ။လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနကတော့ ဧရာဝတီတိုင်းအတွင်း ၁ နှစ်ကို လျှပ်စစ်ဓာတ်အား ၁၅ ရာခိုင်နှုန်းအထိတိုးတက်လာမယ်လို့ခန့်မှန်းထားပါတယ်။ဒါနဲ့အတူ တိုးတိုးလာတဲ့ စက်မှုဇုံတွေနဲ့ စက်ရုံအလုပ်ရုံတွေအတွက် လျှပ်စစ်အားလိုအပ်လာမှာဖြစ်တာကြောင့် အနာဂတ်ဧရာဝတီတိုင်းရဲ့လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကမြင့်မားလာမှာပါ။

    အနာဂတ်လျှပ်စစ်ဓာအားလိုအပ်ချက်တွေကိုဖြည့်စည်းဖို့အတွက့် ဧရာဝတီတိုင်းအတွင်း လျှပ်စစ်ဓာတ်အားစီမံကိန်းတွေကိုဆောင်ရွက်နေပြီး လျှပ်စစ်ဓာတ်အားနဲ့ပတ်သက်လို့ ရင်းနှီးမြှုပ်နှံမှုတေ့်နဲ့ပတ်သက်ရင်လည်း အထူးကင်းလွတ်သက်သာခွင့်တွေပေးသွားမယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ ပုသိမ်မြို့နယ် ရွှေသောင်ရံကမ်းခြေအနီး မီးလင်းချိုင်(ယခင်မီးလောင်ချိုင်) ဒေသမှာ မဂ္ဂါဝပ် ၁၃၉၀ ထွက်ရှိမယ့် သဘာဝဓာတ်ငွေ့ရည်(LNG)သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံကို အကောင်အထည်ဖောင်ဆောင်ရွက်နေပါတယ်။မြောင်းမြမြို့မှာတည်ဆောက်ပြီးစီးနေပြီဖြစ်တဲ့ စပါးခွံလောင်စာသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံကနေ လျှပ်စစ်ဓာတ်အား ၁.၈ မဂ္ဂါဝပ်ရရှိမှာပါ။

    မအူစက်မှုဇုံအတွက်ကိုလည်း မဂ္ဂါဝပ် ၃၀ ထွက်ရှိမယ့် HFO (Heavy fuel oil) ဓာတ်အားပေးစက်ရုံ အကောင်အထည်ဖော်ဖို့ကိစ္စကိုတော့ တိုင်းဒေသကြီးအစိုးရနဲ့ အကောင်အထည်ဖော်မယိ့ ကုမ္ပဏီနဲ့ (MOU) လက်မှတ်ရေးထိုးထားပါတယ်။

    အကြီးဆုံးစီမံကိန်းဖြစ်တဲ့ မီးလင်းချိုင် က LNG သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံအမြန်ဆုံးပြီးဆုံးဖို့အတွက်ကိုတော့ အစိုးရအနေနဲ့ ကော်မတီဖွဲ့စီစစ်တွန်းအားပေးလုပ်ဆောင်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊စွမ်းအင်၊စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဘန်ကြီးဦးဝင်းဌေးကပြောပါတယ်။ စီမံကိန်းအနေနဲ့ ၂၀၂ဝမှာ မှာ ပထမအဆင့်ပြီးမှာဖြစ်ပြီး မဂ္ဂါဝပ် ၄၀ လောက်စတင်ဖြန့်ဖြူးနိုင်မှာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်ကပြောပါတယ်။ဒီစီမံကိန်းအနေနဲ့ ရန်ကုန်မြို့ကိုလျှပ်စစ်ဓာတ်အားအဓိကထောက်ပံ့မှာဖြစ်ပြီး ဧဂါဝတီတိုင်းအနေနဲ့လည်း စီမကိန်းပြီးဆုံးပါက အလျင်အမြန်တိုးတက်လာမေ်ာဖြစ်တယ်လို့ဆိုပါတယ်။
    PDF source -MOEE


    ဧရာဝတီတိုင်းဒေသကြီးရဲ့ MSMEs လုပ်ငန်းတွေနှင့် ဥပဒေရဲ့ အကြောင်း


    ဧရာဝတီတိုင်းဒေသကြီးရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးစားပေးကဏ္ဍ(၇)ရပ်ရွေးချယ်ဆောင်ရွက်နေတဲ့အထဲမှာ အသေးစား၊အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍလည်းပါဝင်ပါတယ်။


    မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းအချက်အလက်တွေအရ ဒုတိယလူဦးရေးအများဆုံးဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီးဟာ မြစ်ဝကျွန်းပေါ်ဒေသဖြစ်တဲ့အတွက် ဒေသထွက်ကုန်တွေပေါ်အခြေခံပြီး အိမ်တွင်းမှုလုပ်ငန်းတွေ လက်မှုလုပ်ငန်းတွေ အသေးစားစက်မှုလုပ်ငန်းတွေက ပေါများပါတယ်။
    ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား၂ အရ တိုင်းဒေသကြီးနဲ့ပြည်နယ်ဥပဒေပြုစာရင်း မှာ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းတွေကို တိုင်းဒေသကြီးလွှတ်တော်က ဥပဒေပြုရတာဖြစ်ပါတယ်။
    ဧရာဝတီတိုင်းဒေသကြီးအိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများဥပဒေကို ၂၀၁၂ခုနှစ်က ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥပဒေအမှတ် ၉/၂၀၁၂ အဖြစ် ပြဌာန်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဥပဒေမှာ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှူးက တိုင်းဒေသကြီးဦးစီးဌာနမှူးအဖြစ်တာဝန်ယူတာပါ။
    ၂၀၁၅ခုနှစ် နှစ်စမှာ တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးမှာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးတွေကို တိုးချဲ့ဖွင့်လှစ်လိုက်ပါတယ်။


    ဧရာဝတီတိုင်းဒေသကြီးမှာတော့ ၂၀၁၈ခုနှစ် အောက်တိုဘာလမှာ ဧရာဝတီတိုင်းဒေသကြီးအိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးဥပဒေ ကို တိုင်းဒေသကြီးလွှတ်တော်ဥပဒေအမှတ်- ၇/၂၀၁၈ နဲ့ ပြဌာန်းခဲ့ပြီး ၂၀၁၂ခုနှစ်ဥပဒေကိုလည်း အသစ်ပြဌာန်းလိုက်တဲ့ဥပဒေနှင့် ရုတ်သိမ်းလိုက်ပါတယ်။
    အသစ်ပြဌာန်းလိုက်တဲ့ ဧရာဝတီတိုင်းဒေသကြီးအိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးဥပဒေ ၇/၂၀၁၈ မှာ အခန်း ၁၁ခန်းပါပြီးတော့ ပုဒ်မ ၂၂ခုပါဝင်ပါတယ်။


    ဧရာဝတီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူးက အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းတွေရဲ့မှတ်ပုံတင်လျှောက်ထားလာတာတွေကို တိုင်းဒေသကြီးဝန်ကြီးရဲ့ခွင့်ပြုချက်နှင့် မှတ်ပုံတင်ပေးဖို့ကို ဥပဒေမှာပါဝင်ပါတယ်။
    အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းတွေအနေနဲ့ တာဝန်နဲ့ရပိုင်ခွင့်တွေရှိပြီး တာဝန်နဲ့ရပိုင်ခွင့်တွေပေါ်မှာမူတည်ပြီး ဖောက်ဖျက်ကျူးလွန်မှုတွေအတွက်လည်း စီမံခန့်ခွဲရေးနည်းလမ်းနဲ့အရေးယူဖို့ ပြစ်ဒဏ်တွေဥပဒေမှာသတ်မှတ်ထားပါတယ်။


    အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းတွေနဲ့ပတ်သတ်ပြီးတော့လည်း အခုလိုပြုစုထားတာကိုတွေ့ရပါတယ်။
    အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း
    အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဆိုသည်မှာ ကုန်ပစ္စည်းထုတ်လုပ်ခြင်း သို့မဟုတ် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းကို မိသားစုင်များဖြင့်သော်လည်းကောင်း၊ အလုပ်သမားငှားရမ်းအသုံးပြု၍သော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း အလုပ်သမား ၉ဦးထက်မပိုသော မြင်းကောင်ရေ ၀.၂၅နှင့်အထက်၊ ၅ကောင်အားနှင့်အောက်၊ အသုံးပြုသည့် အိမ်တွင်းစက်မှုလုပ်ငန်းနှင့် အလုပ်သမား ၃ဦးနှင့်အထက်ရှိသော အိမ်တွင်းလက်မှုလုပ်ငန်းများဖြစ်သောကြောင့် အထက်ပါသတ်မှတ်ချက်အတွင်း အကျုံးဝင်သော အောက်ဖော်ပြပါလုပ်ငန်းများအပြင် အခြားလုပ်ငန်းများလည်းပါဝင်သည်-
    (က) သစ်အခြေပြုလုပ်ငန်းများ ။ ပြန်စိတ်နှင့်ပရိဘောဂလုပ်ငန်း၊သစ်သားသေတ္တာခွံလုပ်ငန်း၊မီတာပုံးခွံလုပ်ငန်း၊ဘီတင်ချောင်းလုပ်ငန်း၊မှန်ဘောင်လုပ်ငန်း၊ပန်းပုလုပ်ငန်း၊ပန်းပွတ်လုပ်ငန်း၊တံခါးကျဉ်းဘောင်လုပ်ငန်း၊ရက်ကန်းစင်သုံးပစ္စည်းလုပ်ငန်း၊လှည်းပစ္စည်းလုပ်ငန်း၊သစ်သားလှေလုပ်ငန်းအစရှိသည်များပါဝင်သည်။
    (ခ) ကျောက်စိမ်းအခြေပြုလုပ်ငန်း၊ကျောက်စိမ်းဖြတ်လုပ်ငန်း၊ကျောက်စိမ်းသွေးလုပ်ငန်း၊အရောင်တင်လုပ်ငန်း၊လက်ကောက်လုပ်ငန်း၊ကျောက်စိမ်းပန်းပုလုပ်ငန်း၊ကျောက်စိမ်းအနုပညာလုပ်ငန်း၊ကျောက်စိမ်းပန်းချီလုပ်ငန်းအစရှိသည်များပါဝင်သည်။
    (ဂ) စားသောက်ကုန်လုပ်ငန်း။ သစ်သီးအနှစ်ရည်လုပ်ငန်း၊ယိုစုံလုပ်ငန်း၊ဂျယ်လီလုပ်ငန်း၊သစ်သီးဝိုင်လုပ်ငန်း၊ဆော့စ်လုပ်ငန်း၊ သစ်သီးသနပ်လုပ်ငန်း၊ထန်းသီးအခြေခံစားသောက်ကုန်လုပ်ငန်း၊စားသုံးဆီလုပ်ငန်း၊ပဲနို့လုပ်ငန်း၊ဒိန်ချဉ်လုပ်ငန်း၊ပဲပြားလုပ်ငန်း၊ရေခဲမုန့်လုပ်ငန်း၊ရေခဲချောင်းလုပ်ငန်း၊ပဲလမုန့်လုပ်ငန်း၊မုန့်ဖတ်အစိုလုပ်ငန်း၊မုန့်ဖတ်ခြောက်လုပ်ငန်း၊ခေါက်ဆွဲအစိုလုပ်ငန်း၊ခေါက်ဆွဲခြောက်လုပ်ငန်း၊ဆန်ပြုတ်မှုန့်လုပ်ငန်း၊အာလူးကြော်လုပ်ငန်း၊ငါးမုန့်ကြော်လုပ်ငန်း၊ငါးခြောက်ကြော်လုပ်ငန်း၊အသားခြောက်လုပ်ငန်း၊လ္ဘက်နှင့်အကြော်စုံလုပ်ငန်း၊လ္ဘက်ခြောက်လုပ်ငန်း၊ငါးပိထောင်းလုပ်ငန်း၊ပဲမှုန့်လုပ်ငန်း၊ငရုတ်သီးမှုန့်လုပ်ငန်း၊ငံပြာရည်လုပ်ငန်း၊ပဲငံပြာရည်လုပ်ငန်း၊ပေါင်မုန့်လုပ်ငန်း၊ကိတ်မုန့်လုပ်ငန်း၊မုန့်ကြွပ်လုပ်ငန်း၊ရှောက်သီးဆေးပြားလုပ်ငန်း၊ငါးခြောက်လုပ်ငန်း၊ငါးပိလုပ်ငန်းနှင့်ငံပြာရည်လုပ်ငန်းအစရှိသည်များပါဝင်သည်။
    (ဃ) လူသုံးကုန်နှင့်အလှကုန်လုပ်ငန်း။ ဆပ်ပြာလုပ်ငန်း၊ပတ္တီးလုပ်ငန်း၊အကြောကပ်ပလာစတာလုပ်ငန်း၊အင်ဂျင်ဝိုင်ထုပ်ပိုးမှုလုပ်ငန်း၊ဒဏ်ကြေလိမ်းဆေးလုပ်ငန်း၊အရက်ပျံလုပ်ငန်း၊စနိုးလုပ်ငန်း၊မိတ်ကပ်လုပ်ငန်း၊ခေါင်းလိမ်းဆီလုပ်ငန်း၊သနပ်ခါးလုပ်ငန်း၊ချိုင်းချွေးနံ့ပျောက်ဆေးလုပ်ငန်းနှင့် တိုင်းရင်းဆေးလုပ်ငန်းအစရှိသည်များပါဝင်သည်။
    (င) ဝတ်ဆင်ရေးဆိုင်ရာလုပ်ငန်း ။
    လက်ရက်ကန်းလုပ်ငန်း၊စက်ရက်ကန်းလုပ်ငန်း၊ဆေးဆိုးပန်းရိုက်လုပ်ငန်း၊အထည်ဆေးရေးပန်းချီလုပ်ငန်း၊အထည်ရွှေချည်ထိုးလုပ်ငန်း၊အထည်ပန်းထိုးလုပ်ငန်း၊ချည်ကျစ်လုပ်ငန်း၊ဖိနပ်လုပ်ငန်း၊ထီးလုပ်ငန်း၊အိတ်ချုပ်လုပ်ငန်း၊ဦးထုပ်လုပ်ငန်း၊စက်ချုပ်လုပ်ငန်း အစရှိသည်များပါဝင်သည်။
    (စ) စက်မှုလုပ်ငန်း။
    အမှုန့်ကြိတ်စက်လုပ်ငန်း၊ဝါကြိတ်စက်လုပ်ငန်း၊ဆန်စက်လုပ်ငန်း၊ဆီစက်လုပ်ငန်း၊ပဲခွဲစက်လုပ်ငန်း၊ဇီးခွဲစက်လုပ်ငန်း၊ကျောက်ခွဲစက်လုပ်ငန်း၊သံပန်းသံတံခါးလုပ်ငန်း၊စတိန်းလက်စတီးလုပ်ငန်း အစရှိသည်များပါဝင်သည်။
    (ဆ) အထွေထွေလုပ်ငန်းများ။
    အလျူမီနီယံမှန်ဘောင်လုပ်ငန်း၊မီးအားမြှင့်စက်လုပ်ငန်း၊မီးအားမြှင့်စက်ပုံးခွံလုပ်ငန်း၊သံသေတ္တာလုပ်ငန်း၊ဆံပင်ညှပ်ဆိုင်လုပ်ငန်း၊အလှပြင်ဆိုင်လုပ်ငန်း၊ရွှေဆိုင်းလုပ်ငန်း၊လေထိုးကျွတ်ဖာလုပ်ငန်း၊ကားရေဆေးဆီလိုက်လုပ်ငန်း၊ကားပြင်လုပ်ငန်း၊ကားရေတိုင်ကီပြင်လုပ်ငန်း၊သံဇကာလုပ်ငန်း၊ကားအလှဆင်လုပ်ငန်း၊တံမြက်စည်းလုပ်ငန်း၊ခြင်းလုံးလုပ်ငန်း၊ဆေးလိပ်ခုံလုပ်ငန်း၊ငါးမျှားတံလုပ်ငန်း၊ပန်းပုလုပ်ငန်း၊ပန်းပွတ်လုပ်ငန်း၊ပန်းတမော့လုပ်ငန်း၊ပန်းတဉ်းလုပ်ငန်း၊ပန်းယွန်းလုပ်ငန်း၊ပန်းပဲလုပ်ငန်း၊ပန်းချီလုပ်ငန်း၊ပန်းတိမ်လုပ်ငန်း၊ပန်းတော့လုပ်ငန်း၊ပန်းရံလုပ်ငန်း၊ဖိုင်ဘာလှေလုပ်ငန်း အစရှိသည်များ ပါဝင်သည်။
    အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ နောက်ခံသမိုင်း
    ဒုတိယကမ္ဘာစစ်မတိုင်မီကပင် အိမ်တွင်းစက်မှုလက်မှုဝန်ရုံးအဖြစ် တည်ထောင်ခဲ့သည်။
    ၁၉၄၇ ခုနှစ်တွင် စက်မှုလက်မှုညွှန်ကြားရေးဌာနအဖြစ်သို့တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် စက်မှုလက်မှုညွှန်ကြားရေးဌာနသည် ပုဂ္ဂလိကစက်မှုလုပ်ငန်း
    တိုးတက်ဖွံ့ဖြိုးရေး အတွက် လွှဲပြောင်းတာဝန်ယူခဲ့သည်။၁၉၇၂ ခုနှစ်တွင် စက်မှုဝန်ကြီးဌာန လက်အောက် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ကော်ပိုရေးရှင်း
    အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။၂၁.၂.၁၉၇၄ ခုနှစ်တွင် သမဝါယမဝန်ကြီးဌာန လက်အောက်သို့ ထပ်မံ ပြောင်းရွေှခဲ့ပြီး ၃၀.၃.၁၉၇၆ ခုနှစ်တွင် အိမ်တွင်း
    စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်း သည်။၁၉၈၂ ခုနှစ်တွင် ရက်ကန်းကျောင်း (၁၄) ကျောင်းကို ပညာရေးဝန်ကြီးဌာန၊ စက်မှုစိုက်ပျိုး
    ရေးနှင့် သက်မွေးပညာဦးစီးဌာနလက်‌အောက်မှ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန လက်အောက်သို့ လွှဲပြောင်းခဲ့သည်။၁၉၉၇ ခုနှစ်တွင် အိမ်တွင်း
    စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကို ဦးစီးဌာနအဆင့် (၃) မှ ဦးစီးဌာနအဆင့် (၁) သို့ တိုးမြှင့်ဖွဲ့စည်းခဲ့ပါသည်။၂၀၁၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်၍
    အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အဖြစ် အမည်ပြောင်းလဲခဲ့ပါသည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ အဖွဲ့အစည်းအဝေး (၅/၂၀၁၆)
    ၏ သဘောတူ ခွင့်ပြုချက်အရ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကို အရာထမ်း (၂၇၀)ဦး၊ အမှုထမ်း (၈၈၅) ဦး စုစုပေါင်း (၁၁၅၅) ဦးဖြင့်
    ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။(၁-၁-၂၀၁၅)ရက်နေ့မှစ၍ ပြည်နယ်၊ တိုင်းအားလုံးတွင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံးများတိုးချဲ့ဖွင့်လှစ်ခဲ့ပြီး၊
    အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအောက်ရှိ ရက်ကန်းကျောင်းများကို ရက်ကန်းနှင့်အသက်မွေးပညာသင်ကျောင်းများအဖြစ်လည်းကောင်း၊
    ဆောင်းဒါးရက်ကန်းကျောင်းကို ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံအဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ယွန်းပညာကောလိပ်(ပုဂံ)ကို ၁၉၂၄ ခုနှစ်တွင်
    အစိုးရယွန်းထည်လုပ်ငန်းအတတ်သင်ကျောင်း အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် မြန်မာ့ယွန်းသပ္ပံအဆင့်သို့လည်းကောင်း၊ ၂၀၀၃ ခုနှစ်၊
    ဒီဇင်ဘာလ (၂၉)ရက်နေ့တွင် ယွန်းပညာကောလိပ်အဆင့်သို့လည်းကောင်း အဆင့်ဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။


    မျှော်မှန်းချက် (Vision)
    ၁။ အသေးစားစက်မှုလက်မှုလုပ်ငန်းများ၊ ရက်ကန်းလုပ်ငန်းများ၊ ပန်း(၁၀)မျိုးအပါအဝင် ရိုးရာ လက်မှုလုပ်ငန်းများနှင့် အသက်မွေး
    ဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး အားပေးဆောင်ရွက်ရန်။
    လုပ်ငန်းတာဝန်များ
    (၁) အသက်မွေးဝမ်းကျောင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးဝမ်း ကျောင်းပညာသင်တန်းများ ပို့ချခြင်း။
    (၂) အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေနှင့်အညီ အသေးစားစက်မှု လက်မှုလုပ်ငန်းများကို မှတ်ပုံတင်ပေးခြင်းနှင့်
    ဖွံ့ဖြိုးရေးဆောင်ရွက်ပေးခြင်း။
    (၃) ယွန်းပညာကောလိပ် (ပုဂံ)၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံနှင့် ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းများ၊
    ပြည်နယ်နှင့်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနများကို ကြီးကြပ် ကွပ်ကဲခြင်း။
    (၄) ရက်ကန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေး၊ နည်းပညာ၊ ဈေးကွက် ရရှိရေး ဆောင်ရွက်ပေးခြင်း။
    (၅) သမဝါယမအသင်းများနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများကို စက်မှု လက်မှုနည်းပညာနှင့် ကျွမ်းကျင်မှု အကူအညီပေးခြင်း။
    (၆) သမဝါယမအသင်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထူထောင်နိုင်ရန်နှင့် ထုတ်ကုန်ပစ္စည်းအရည်အသွေးထိန်းသိမ်းမြှင့်တင်နိုင်ရန်
    သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း။
    (၇) ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများအား ကြီးကြပ်ခြင်း၊ အကောင်
    အထည်ဖော် ဆောင်ရွက်ခြင်း။
    (၈) ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ တစ်ဦးချင်းဝင်ငွေ တိုးတက်ရေးအတွက် ကျေးလက်ဒေသ ကုန်ထုတ်လုပ်ငန်းများ
    ဖွံ့ဖြိုးရေးဆောင်ရွက် ပေးခြင်း။
    (၉) စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်များ ဓါတ်ခွဲစမ်းသပ်ပေးခြင်း။
    (၁၀) အသေးစားစက်မှုလက်မှုပြပွဲ၊ ပြိုင်ပွဲ၊ ဆွေးနွေးပွဲများ ကျင်းပပေးခြင်း။
    ဧရာဝတီတိုင်းဒေသကြီးထဲမှာ ဧရာဝတီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရဲ့ စာရင်းမှတ်တမ်းတွေအရ မှတ်ပုံတင်ထားတဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း ၁၀၅၆ ခု ရှိတယ်လို့ သိရပါတယ်။


    မြို့နယ်၂၆မြို့နယ်ရှိတဲ့ ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးကို ပုသိမ်မြို့မှာရှိတဲ့ ဧရာဝတီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတစ်ခုတည်းကနေ ဥပဒေပါ လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေရတာဖြစ်ပါတယ်။


    အောက်ကလင့်မှာ ဧရာဝတီတိုင်းဒေသကြီးအိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးဥပဒေ ကို Download ရယူနိုင်ပါတယ်။


    ကြိုတင်ဝင်ငွေခွန် ၂ % ပြန်ကောက်မယ်


    ပို့ကုန်တင်ပို့မှုအပေါ် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံမှုကို ယခင်က ရပ်ဆိုင်းထားခဲ့ရာမှ ယခုအခါ ပြန်လည်ကောက်ယူတော့မယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။


    ဒီလိုကြိုတင်ဝင်ငွေခွန်ကောက်ခံတာဟာ လုပ်ငန်းရှင်တွေအတွက် အခက်အခဲဖြစ်စေလို့ ဖြေလျော့ရမယ့် ကိစ္စဖြစ်ကြောင်း လုပ်ငန်းရှင်တွေက ယူဆလျက်ရှိပါတယ်။ ဒါ့ကြောင့်ပဲ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်မှာ ပို့ကုန်တင်ပို့မှုအပေါ် ကောက်ယူတဲ့ ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ကင်းလွတ်ခွင့်ပေးခဲ့တာပါ။


    အခုတော့ ဒီကြိုတင်ငွေဝင်ခွန် ၂ ရာခိုင်နှုန်းကို ပြန်လည်ကောက်ယူပါတော့မယ်။ မေလ ၁ ရက်စပြီး ပြန်လည်ကောက်ယူမယ်လို့ စီမံ/ဘဏ္ဍာဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။


    ပြည်တွင်း၊ ပြည်ပ လက်လီ၊ လက်ကား ကုမ္ပဏီစာရင်း

    ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လက်လီလက်ကား ကုမ္ပဏီစာရင်းတွေကို ထုတ်ပြန်လိုက်ပါတယ်။ ဒီအကျိုးဆက်ကြောင့် ပြည်တွင်းမှာ လက်လီ၊ လက်ကား လုပ်ငန်းတွေရဲ့ ပြိုင်ဆိုင်မှုကြီးထွားလာမလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရဆိုရင် လက်လီလက်ကားကုမ္ပဏီပေါင်း ၁၁ ခုခွင့်ပြုလိုက်ပါတယ်။

    နိုင်ငံခြားသားအပြည့်အဝပိုင်ဆိုင်တဲ့ကုမ္ပဏီ ၄ ခု၊ နိုင်ငံသားအပြည့်အဝပိုင်ဆိုင်တဲ့ ကုမ္ပဏီ ၄ ခုနဲ့ ဖက်စပ်ကုမ္ပဏီ ၃ တို့ကို ခွင့်ပြုပေးလိုက်တာပါ။

    ခွင့်ပြုလိုက်တဲ့ကုမ္ပဏီတွေထဲမှာ အစားအသောက်နဲ့ အဖျော်ယမကာပစ္စည်းတွေ တင်သွင်းဖြန့်ချိရောင်းချမယ့် ကုမ္ပဏီတွေအများဆုံးပါဝင်နေပေမယ့် မော်တော်ယာဉ်နဲ့ယန္တရားတွေရဲ့ အပိုပစ္စည်းတွေကို တင်သွင်းဖြန့်ချိမယ့်ကုမ္ပဏီတွေလည်း ပါဝင်ပါတယ်။

    ကုမ္ပဏီစာရင်း အပြည့်အစုံကို အောက်မှာ Download ရယူနိုင်ပါတယ်။


    ဖျက်သိမ်းကုမ္ပဏီစာရင်း

    ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ကုမ္ပဏီ ၁၇၀ ကို ကုမ္ပဏီမှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်လိုက်ပါတယ်။


    ဒီကုမ္ပဏီတွေဟာ သူတို့ဆန္ဒအလျောက် ဖျက်သိမ်းဖို့လာရောက်လျှောက်ထားကြတာဖြစ်ပြီး မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ စိစစ်ခွင့်ပြုပေးခဲ့တာလို့ မေလ ၁၄ ရက်မှာ ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနကနေ ကြေညာပါတယ်။

    DICA နဲ့ပတ်သက်ရင် ဒီနှစ်အတွင်း MIPP (Myanmar Investment Promotion Plan) အရ ပြည်ပရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက် အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံဖြစ်ပေမယ့် အခုထိတော့ ၂ ဘီလီယံကျော်ပဲရရှိပါသေးတယ်။

    အပြည့်အစုံကို အောက်ကလင့်မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။


    CHID ဘဏ်ရဲ့ ဝင်ငွေနည်းပြည်သူများအတွက် တန်ဖိုးနည်း ရောင်းချမှုအစီအစဉ်


    ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ဝင်ငွေနည်းပြည်သူတွေအတွက် အတိုးနှုန်းသက်သာတဲ့ နှစ်ရှည်ချေးငွေနဲ့ တန်ဖိုးနည်းအိမ်ရာတွေ ရောင်းချပေးမှာဖြစ်ပါတယ်။


    ဂျပန်နိုင်ငံရဲ့ ODA Loan နဲ့ ဒီအစီအစဉ်ကို စတင်တာပါ။


    တန်ဖိုးနည်းအိမ်ရာစီမံကိန်းဖြစ်တဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမှာရှိတဲ့ ယုဇနအိမ်ရာ အပိုင်း(၁)၊(၂) ၊ ကျန်စစ်မင်းအိမ်ရာစီမံကိန်း၊ တန်ဖိုးသင့်အိမ်ရာစီမံကိန်းဖြစ်တဲ့ လှိုင်သာယာမြို့နယ်ရှိ ထီးလှိုင်ရှင်အိမ်ရာစီမံကိန်းအပြင် အခြားအိမ်ရာစီမံကိန်းတွေလည်း ပါဝင်ပါတယ်။


    လိုအပ်တဲ့အချက်အလက်တွေကို အသေးစိတ်အချက်အလက်တွေကို အောက်ကလင့်မှာ ဝင်ရောက်ကြည့်ရူနိုင်ပါတယ်။

    https://www.facebook.com/CHIDBank/posts/853013148364540


    ၂၀၁၆-၂၀၁၇ခုနှစ်ကနေ ၂၀၂၀-၂၀၂၁ ခုနှစ်အထိ ဧရာဝတီတိုင်းဒေသကြီးရဲ့ ၅နှစ်တာ ဒေသန္တရဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက်များ


    ဧရာဝတီတိုင်းဒေသကြီးရဲ့ ဒေသန္တရဖွံ့ဖြိုးတိုးတက်မှု ဒုတိယငါးနှစ်စီမံကိန်းအဖြစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ကနေ ၂၀၂၀-၂၀၂၁ ခုနှစ်အထိ သတ်မှတ်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့ မျှော်မှန်းထားတာပါ။


    ဒုတိယငါးနှစ်စီမံကိန်းရဲ့ နောက်ဆုံးနှစ်ဖြစ်တဲ့ ၂၀၂၀-၂၀၁၂၁ခုနှစ်မှာတော့ လူတစ်ဦးပျမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး မြန်မာငွေကျပ် ၁၈သိန်းခွဲနီးပါးနှင့် ဂျီဒီပီတိုးတက်မှုနှုန်း ၅.၇ ရာခိုင်နှုန်း တိုးတက်ရမယ်လို့လည်း ရည်မှန်းချက်တွေကိုထားရှိပါတယ်။


    ဧရာဝတီတိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းအတွက် ငါးနှစ်စာ မူဘောင်ကိုလည်း ဧရာဝတီတိုင်ဒေသကြီး စီမံကိန်းဦးစီးမှူးရုံးကချမှတ်ထားတာပါ။


    အဲဒီလိုမူဘောင်တွေချမှတ်တဲ့အပြင် မူဝါဒ ၊ရည်မှန်းချက်၊ မဟာဗျူဟာတွေကို ချမှတ်ထားပြီး အကောင်အထည်ဖော်ဖို့ ဦးစားပေးကဏ္ဍ (၇) ရပ် ကိုလည်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အတည်ပြုချက်နဲ့ ရွေးချယ်ထားတယ်လို့လည်းဆိုပါတယ်။


    အဲဒီလိုဦးစားပေးကဏ္ဍတွေရွေးချယ်ထားတဲ့အပြင် ဧရာဝတီတိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း ရင်းနှီးမြုပ်နှံမှုအရင်းအမြစ်တွေကိုလည်း ရွေးချယ်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
    ဧရာဝတီတိုင်းဒေသကြီးစီမံကိန်းဦးစီးမှူးရုံးက မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေအတိုင်း အကောင်အထည်ဖော်နိုင်မလားဆိုတာကိုတော့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ကုန်မှာ ရရှိလာမယ့် ဂျီဒီပီတိုးတက်မှုနှုန်းနဲ့ လူတစ်ဦးပျှမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး အခြေအနေကိုစောင့်ကြည့်ရမှာပါ။


    ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီအစည်းအဝေး(၂/၂၀၁၉)ကနေ ခွင့်ပြုလိုက်တဲ့ ရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၅ခုအကြောင်း

    ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီအစည်းအဝေး(၂/၂၀၁၉)ကို မတ်လ၂၂ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပြီး ရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၅ခုကို အတည်ပြုပေးခဲ့ပါတယ်။


    အဲဒီရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၅ခုကနေ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၇၀ ကျော်ဖန်တီးပေးနိုင်ဖို့ကိုလည်း မျှော်မှန်းထားပြီး ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုက (၄)ခုနှင့် ရာနှုန်းပြည့် နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှု ၁ခုပါဝင်ပါတယ်။


    ရာနှုန်းပြည့်နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုက တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်ပြီးတော့ CMP လက်ခစားစနစ်နဲ့ Hometextiles ချုပ်လုပ်တဲ့လုပ်ငန်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁.၂၇ဝသန်း နဲ့ မအူပင်စက်မှုဇုန်မှာ ရင်းနှီးမြုပ်နှံမှာပါ။


    ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှု (၄)ခုက တော့
    ငွေဆောင်ကမ်းခြေဒေသမှာ မြန်မာကျပ်ငွေ ၄၄၃၈ သန်းရင်နှီးမြုပ်နှံမယ့် Ayeyar Winner (AW) Public Co.,Ltd. ရဲ့ ယာဉ်ရပ်နားစခန်းနှင့် စီးပွားရေးအဆောက်အအုံတွေ ဆောက်လုပ်ရောင်းချငှားရမ်းခြင်းလုပ်ငန်း၊ ငွေဆောင်ကမ်းခြေဒေသမှာ မြန်မာကျပ်ငွေ ၄၄၆၇.၀၉၄သန်း ရင်းနှီးမြုပ်နှံမယ့် Win Emerald Co., Ltd. ရဲ့ တန်ဖိုးနည်းအပန်းဖြေအိမ်ရာဆောက်လုပ်ငှားရမ်းရောင်းချခြင်းလုပ်ငန်း၊
    မအူပင်ခရိုင် ညောင်တုန်းမြို့နယ် အရွှဲကျေးရွာအုပ်စုမှာ မြန်မာကျပ်ငွေ ၃၁၅၂.၉၄၆သန်း ရင်းနှီးမြုပ်နှံမယ့် Wah Wah Win International Co., Ltd ရဲ့ ဆန်စပါးအခြေခံ တန်ဖိုးမြှင့် ဆန်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ကန်ကြီးထောင့်မြို့နယ် အစုကြီးကျေးရွာမှာ မြန်မာကျပ်ငွေ သန်း၃၀၀ ရင်းနှီးမြုပ်နှံမယ့် စပါးပျိုး ဗန်းပျိုးထောင်ခြင်းနှင့် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးပေးခြင်းဝန်ဆောင်မှုလုပ်ငန်း
    စတဲ့ လုပ်ငန်း ၄ ခု ကို ခွင့်ပြုပေးလိုက်တာပါ။


    ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီကခွင့်ပြုလိုက်တဲ့ လုပ်ငန်း ၅ခု က အိမ်ရာဆောက်လုပ်ရေး ကဏ္ဍ အတွက် (၂)ခု၊ စက်မှုလုပ်ငန်းကဏ္ဍအတွက် (၂)ခုနှင့် စိုက်ပျိုးရေးကဏ္ဍအတွက် (၁)ခုတို့ပါဝင်ပါတယ်။

    မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ကလည်း ဖေဖော်ဝါရီလ ၄ရက်နေ့မှာ ပြုလုပ်တဲ့ ကော်မရှင် ရဲ့ (၂/၂၀၁၉) အစည်းအဝေးမှာလည်း ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုလုပ်ငန်းတစ်ခုကို ခွင့်ပြုထားပါတယ်။


    ဧရာဝတီတိုင်းဒေသကြီးပန်းတနော်မြို့နယ်မြေနုကျေးရွာနှင့် ဘုရားချောင်းကျေးရွာတို့မှာ ငါးမွေးမြူခြင်း၊ပြုပြင်ထုတ်လုပ်ခြင်း၊အေးခဲခြင်းနှင့် ဆက်စပ်သောလုပ်ငန်းတွေ ကို ပြည်တွင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်တစ်ခုကို ခွင့်ပြုပေးခဲ့တာပါ။

    အသေးစိတ်စာရင်းတွေကိုအောက်ကလင့်မှာ download ရယူနိုင်ပါတယ်



    လောင်းကစားဥပဒေသစ်နဲ့ သိထားသင့်သောအချက်များ

    မေ ၇ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကနေပြီးတော့ ၂၀၁၉ ခုနှစ်အတွက် ၁၃ ခုမြောက် ဥပဒေအဖြစ် လောင်းကစားဥပဒေကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ဒီဥပဒေသစ်ပြဌာန်းလိုက်မှုနဲ့အတူ ၁၉၈၆ ခုနှစ်လောင်းကစားဥပဒေကို ဖျက်သိမ်းလိုက်ပါတယ်။
    ဥပဒေသစ်မှာ ပါဝင်တဲ့ သိထားသင့်တဲ့အချက်အလက်များထဲကအချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။
    ၁။ကံစမ်းကစားခြင်း၊ ကျွမ်းကျင်မှု တစ်ခုခုကို အကောက်အစားယူကစားခြင်း၊ အကောက်မယူပဲ ကစားခြင်းနဲ့ ဒီအလုပ်တွေကို ငွေကြေးအတွက် သို့မဟုတ် ငွေကြေးကဲ့သို့ တန်ဖိုးရှိသောပစ္စည်းတစ်စုံးတစ်ရာ အတွက် လောင်းကစားပြုလုပ်ကြခြင်းကို လောင်းကစားလို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ ဂျင်၊ဖဲ၊အန်စာ၊ မာကျောက်၊ တိုကင်၊ ဒင်္ဂါး၊ ဇယ်ပြား၊ ကစားခုံ၊ ကစားခွက်၊ ဇယားကားချပ်၊ သေတ္တာ၊ ပုံစံ၊ လက်မှတ်၊ စာရင်း၊ အီလက်ထရေနစ်ပစ္စည်နဲ့ ဆက်သွယ်ရေးဆိုင်ရာနည်းပညာသုံးပစ္စည်းတွေကို လောင်းကစားကရိယာတွေအနေနဲ့ သတ်မှတ်ပါတယ်။
    ၂။ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ လောင်းကစားလုပ်ရင် ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်တယ်။
    ၃။ ကာစီနိ်ုများကို ပြည်ထောင်စုအစိုးရအဖွဲ့ခွင့်ပြုချက်နဲ့ ဖွင့်နိုင်တယ်။ မြန်မာနိုင်ငံသားများ ကာစီနိုမှာ ဝင်ရောက်လောင်းကစားခွင့်မ့ပြုပါဘူး
    ၄။ ထီနဲ့ ထီလိုမျိုး အခြားကံစမ်းနည်းတစ်ခုခုကို ငွေကြေးအကျိုးမြတ်ယူပြီး ဒိုင်ခံတာ၊လောင်းကြေးထပ်တာ၊ စီမံခန့်ခွဲတာလုပ်ခွင့်မပြုပါဘူး။
    ၅။ အများနှင့်ဆိုင်သောနေရာမှာ လောင်းကစားတာပြစ်မှုထင်ရှားရင် ထောင် ၁ လကနေ ၆ လအထိ ပြစ်ဒဏ်ချမှတ်ရမည်။ဒီအပြင် ကျပ် ငါးသောင်းအထိ ငွေဒဏ်လည်းချမှတ်နိုင်တယ်။
    ၆။ လောင်းကစားလုပ်ဖို့ အိမ်မှာ ဝိုင်းဖွဲ့လုပ်ရင် ထောင် ၆ လမှ ၁ နှစ်အထိ ချမှတ်နိုင်တဲ့အပြင် ကျပ် ငါးသောင်းကနေ ကျပ် တစ်သိန်းအထိဒဏ်ရိုက်နိုင်တယ်။
    ၇။ ကာစိီနိုမှာ လောင်းကစားလုပ်ရင် ထောင် ၁ နှစ်ကနေ ၃ နှစ်အထိ ချမှတ်နိုင်တဲ့အပြင် ကျပ် တစ်သိန်းကနေ ကျပ် ငါးသိန်းအထိလည်း ဒဏ်ရိုက်နိုင်တယ်။ ထပ်လုပ်ရင် ထောင် ၃ နှစ်ကနေ ၅ နှစ်အထိချမှတ်မည့်အပြင် အနည်းဆုံးကျပ် ငါးသိန်းကနေ ကျပ် ၁၀ သိန်းဒဏ်ရိုက်မယ်။
    ၈ ။ ထီနဲ့ထီလိုမျိုး ကံစမ်းနည်းကို ဒိုင်ခံတယ်၊ လောင်းကြေးထပ်တယ်၊ အကျိုးအမြတ်ယူဆောင်ရွက်ရင် ထောင် ၁ နှစ်ကနေ ၃ နှစ်အထိ ချမှတ်နိုင်တဲ့အပြင် ကျပ် တစ်သိန်းကနေ ကျပ် ငါးသိန်းအထိလည်း ဒဏ်ရိုက်နိုင်တယ်။ ထပ်လုပ်ရင် ထောင် ၃ နှစ်ကနေ ၅ နှစ်အထိချမှတ်မည့်အပြင် အနည်းဆုံးကျပ် ငါးသိန်းကနေ ကျပ် ၁၀ သိန်းဒဏ်ရိုက်မယ်။
    ၉။ သတင်းပေးတဲ့သူနဲ့ ဖမ်းဆီးရာမှာပါဝင်တဲ့သူတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းတဲ့ငွေနဲ့ ပစ္စည်းတွေကနေပြီးတော့ ၁၀ ရာခိုင်နှုန်းနဲ့ ၂၀ ရာခိုင်နှုန်း အသီးသီးဆုချီးမြှင့်မယ်။

    သတင်းသမားတစ်ယောက်အနေနဲ့ ဘာတွေ လုပ်နိုင်မလဲ
    ကျေးလက်ဒေသမှာ ပွဲဈေးတန်းတွေမှာ ဘုရားပွဲတွေမှာပျော်ပွဲရွှင်ပွဲအတွက် ဆောင်ရွက်တဲ့ လောင်းကစားဆန်ဆန်လုပ်ငန်းလေးတွေလည်း ပါဝင်လာပါတယ်။ သတင်းသမားတစ်ဦးအနေနဲ့ ဒီဥပဒေ အသက်ဝင်ခြင်းမဝင်ခြင်းကို ရပ်ကွက်ထဲက ပွဲဈေးလေးတွေမှာ ဒီလိုလုပ်ငန်းလေးတွေ အမြောက်အများတွေ့ရခြင်းရှိတော့တယ် မရှိတော့ဘူးနဲ့ ပထမဆုံး ဥပဒေရဲ့ အသက်ဝင်မှုကို တိုင်းတာနိုင်ပါတယ်။ ယေဘုယျအားဖြင့် ပွဲဈေးတန်းတွေကို အခွင့်အကောင်းယူပြီး ဒီလို လောင်းကစားဝိိုင်းလေးတွေ ပေါ်လာတာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကျေးလက်ဒေသအပါအဝင် မြို့စွန်ရပ်ကွက်တွေမှာ နာရေးကို အကြောင်းပြုပြီး ဖဲဝိုင်းထောင်တတ်ကြပါတယ်။ တစ်ခါတစ်ရံမှာ နာရေးအိမ်အတွက် လူစည်ကားပြီး အားပေးအားကူဖြစ်တယ်ဆိုပေမဲ့ များသောအားဖြင့် လာရောက်ဖဲရိုက်သူတွေဟာ ကြေးစားလှည့်လည်ရိုက်သူတွေပဲဖြစ်ပါတယ်။ ဒီလို လူမှုရေးနဲ့ ရောထွေးနေတဲ့ လောင်းကစားဝိ်ုင်းတွေကိုရော ဥပဒေသစ်က ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။
    နောက်တစ်ခုကတော့ အင်တာနက်ပေါ်မှာ အွန်လိုင်းဂိမ်းတွေ၊ အွန်လိုင်းမှာ လောင်းကစားဒိုင်တွေ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာတာ ဒီဘက်နှစ်ပိုင်းတွေမှာ တွေ့ရမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေဟာလည်း တရားမဝင်ဖြစ်တဲ့ အတွက် ဒီလိုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း သတင်းသမားတစ်ဦးအနေနဲ့ ချဉ်းကပ်ရေးသားမယ်ဆိုရင် စိတ်ဝင်စားစရာကောင်းပါတယ်။
    ဒီဥပဒေသစ်ရဲ့ အထူးခြားဆုံးအချက်ကတော့ ပြည်ထောင်စု အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ကာစီနိုကို တရားဝင်ခွင့်ပြုပေးနိုင်တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ကာစီနိုနဲ့ အကျိုးအမြတ်၊ ကာစီနိုနဲ့ အခွန်အခဆိုင်ရာ ကိစ္စတွေ၊ တစ်ညထဲနဲ့ အကျိုးအမြတ်အများဆုံးရသွားတဲ့ လောင်းကစားသမားစတဲ့ ကိစ္စရပ်တွေဟာ လာမည့်နှစ်တွေမှာ ရေပန်းစားမယ့်သတင်းတွေပဲဖြစ်ပါတယ်။ သို့သော်လည်း ကာစီနိုနဲ့ ဆိုင်တဲ့ နည်းပဒေမှာ ဘာတွေပါမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ နည်းဥပဒေကို ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနနဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ဦးဆောင်ပြီးရေးဆွဲမယ်လို့ သိရပါတယ်။

    လောင်းကစားဥပဒေ အပြည့်အစုံကို အောက်က link မှာ ဒေါင်းလုတ်ရယူနိုင်ပါတယ်။

     


    ဧရာဝတီတိုင်းဒေသကြီးရဲ့နွေစပါးစိုက်ပျိုးရိတ်သိမ်းပြီးစီးမှုနှင့်အထွက်နှုန်းအပေါ်မှာအခြေခံပြီးဘာသတင်းတွေလုပ်လို့ရမလဲ (Story Idea )


    ၁ လက်ရှိဖြစ်နေတဲ့အခြေအနေတွေ ဥပမာ အိုင်ဗရီကို့စ် နိုင်ငံမှာ ဆန်တွေဖျက်ဆီးခံရတဲ့အခြေအနေ၊အိမ်နီးချင်းနိုင်ငံတွေက ဆန်ဝယ်ယူမှုအခြေအနေ တရုတ်မူဆယ်လမ်းကြောင်းလို အခြေအနေတွေပေါ်မူတည်ပြီး ဧရာဝတီတိုင်းဒေသကြီးရဲ့နွေစပါးအထွက်နှုန်းကိုချိတ်ဆက်ပြီး သတင်းနှင့် ဆောင်းပါးတွေရေးသားနိုင်ပါသည်။


    ၂ နွေစပါးထွက်တဲ့အခ်ျိန်နဲ့ စပါးဈေးနှုန်းကျဆင်းတဲ့အခြေအနေကိုချိတ်ဆက်ပြီး စပါးဈေးနှုန်းကျဆင်းနေရတဲ့အကြောင်း နိုင်ငံတကာမှာ မြန်မာ့ဆန်တစ်တန်ပေါက်ဈေး အရှေ့တောင်အာရှနိုင်ငံတွေထဲက ထိုင်းနဲ့ဗီယက်နမ်တို့ရဲ့ဆန်တစ်တန်ပေါက်ဈေး နှိုင်းယှဉ်ရေးသားမှု


    ၃ အခုနှစ်ထွက်ပေါ်လာတဲ့ ဧရာဝတီတိုင်းဒေသကြီးရဲ့ နွေစပါးအရည်အသွေး အကျိုးအကြေ ဆန်သားထွက်ရှိနှုန်းနှင့် ဆန်ကွဲထွက်ရှိမှုနှုန်း နိုင်ငံတကာကို ကုန်သွယ်တဲ့နေရာမှာ အပယ်မခံရဖို့ ရှိရမယ့်အရည်အသွေး ဘယ်လိုနိုင်ငံမျိုးတွေမှာ ဘယ်လိုဆန်အရည်အသွေး အမျိုးအစားမျိုးနှင့် မြန်မာ့ဆန်ကိုတင်ပို့ရောင်းချလို့ရမလဲ ဆိုတဲ့နှိုင်းယှဉ်ရေးသားမှု


    ၄ တောင်သူလယ်သမားတွေရဲ့သွင်းအားစုဈေးနှုန်းကြီးမြင့်မှုနှင့် ဒေါ်လာဈေးဆက်စပ်မှု ၊ နွေစပါးစိုက်ပျိုးတဲ့အခ်ျိန်မှာ ပြည်ပကတင်သွင်းရတဲ့ စက်သုံးဆီ၊ ဓာတ်မြေဩဇာ၊ လယ်ယာသုံးစက်ကရိယာတွေရဲ့ ဈေးနှုန်းကြီးမြင့်မှုတွေ အကြောင်း ထောက်ပြရေးသားမှုတွေ


    ၅ နွေစပါးစိုက်ပျိုးတဲ့နည်းစနစ်တွေ၊ ရေရရှိမှုအခြေအနေတွေနဲ့ ဆန်စပါးအရည်အသွေးကိုဆက်စပ်ရေးသားမှုတွေ ၊စနစ်ကျလယ်ယာမြေတွေမဖြစ်ပေါ်သေးတာနဲ့နွေစပါးဧကတိုးချဲ့စိုက်ပျိုးတဲ့အပေါ် ကြုံတွေ့နေရတဲ့အားနည်းချက်တွေ


    ၆ ဧရာဝတီတိုင်းဒေသကြီးမှာအရင်နှစ်ကထက် နွေစပါးဧကတိုးချဲ့စိုက်ပျိုးလာတာတယ်ဆိုတဲ့ စိုက်ဧကငါးသောင်းခွဲနီးပါးက မတ်ပဲဈေးမကောင်းလို့ မတ်ပဲစိုက်တဲ့လယ်ယာမြေတွေက နွေစပါးကိုပြောင်းလဲစိုက်ပျိုးကြတာတွေလည်းပါပါတယ်။အဲဒီလိုအချိန်မှာ စပါးဈေးနှုန်းတွေကျနေတော့ ေ တာင်သူတွေရဲ့အပေါ်သက်ရောက်မှုတွေ Life Style Story တွေ


    ၇ နွေစပါးစိုက်ဧကတိုးချဲ့စိုက်ပျိုးတာနဲ့ အထွက်နှုန်းက အနည်းငယ်တိုးတာတွေကြောင့် ဆန်စပါးထွက်ရှိမှုက နွေစပါးတင်းရေ သိန်းပေါင်း ထောင်ချီထွက်ရှိတာနဲ့ ပြည်တွင်းစားသုံးမှုဖူလုံမှုအခြေအနေ ပိုလျှံ တဲ့အခြေအနေတွေကို နိုင်ငံတကာကိုကုန်သွယ်မယ့်အခြေအနေတွေ လူတစ်ဦးချင်းရဲ့ထုတ်လုပ်မှုနဲ့ဝန်ဆောင်မှုတန်ဖိုးအပေါ်သက်ရောက်မှုအခြေအနေတွေ


    ၈ ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးရဲ့ နွေစပါးစိုက်ဧက ဧရိယာနှင့်အထွက်နှုန်းနဲ့ကျန်တဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေရဲ့ နွေစပါးစိုက်ဧကနှင့်အထွက်နှုန်းကိုပေါင်းစပ်ကာ တစ်နိုင်ငံလုံးရဲ့ နွေစပါး စိုက်ဧကနှင့်အထွက်နှုန်းစုစုပေါင်းစာရင်းအချက်အလက်ပေါ်မူတည်ကာရေးသားမယ့်သတင်းတွေထွက်ပေါ်လာနိုင်ပါတယ်


    ၉ ဧရာဝတီတိုင်းဒေသကြီးထဲမှာ မရိတ်ရသေးတဲ့ မြို့နယ်တွေရဲ့ အခြေအနေ နောက်ကျေ နရတဲ့အကြောင်းအရင်း ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် စိုက်ပျိးဳခ်ျိန်နောက်ကျပြီးရိတ်သိမ်းချိန်နောက်ကျတဲ့ လယ်ယာမြေတွေရဲ့အခြေအနေ တစ်ချို့လယ်တွေက မိုးတွင်းစိုက်ပျိုးတဲ့သီးနှံရဲ့ သက်တမ်းပေါ်မူတည်ပြီးစိုက်ပျိုးချိန်နောက်ကျတာဖြစ်တာကြောင့် ရိတ်သိမ်းချိန်နောက်ကျနေရတဲ့အကြောင်းတွေ မုတ်သုံအဝင်နောက်ကျပေမယ့် လေဖိအားနည်းရပ်ဝန်းတွေရဲ့သက်ရောက်မှု တွေကြောင့် ကျရောက်တတ်တဲ့ အပင်ရောဂါနှင့် ပိုးမွှားကျရောက်မှုတွေအကြောင်းတွေရေးသားနိုင်ပါတယ်။


    ၁၀ ဧရာဝတီတိုင်းဒေသကြီးမှာအခုနှစ်နွေစပါးတစ်ဧကကိုပျမ်းမျှအထွက်နှုန်း ၉၆.၇၃တင်းနှုန်းခန့်ရှိပေမယ့် အဲဒီအထွက်နှုန်းရဲ့အောက်ကိုကျရောက်နေတဲ့ မြို့နယ်တွေရဲ့အခြေအနေတွေ၊ အခြားတိုင်းဒေသကြီးနဲ့ပြည်နယ်တွေရဲ့ တစ်ဧကပျှမ်းမျှအထွက်နှုန်း နှိုင်းယှဉ်ရေးသားနိုင်ပါတယ်။


    ၁၁ တစ်ဧကကိုထည့်သွင်းရမယ့် သွင်းအားစုကုန်ကျစရိတ်နှင့် ပျှမ်းမျှအထွက်နှုန်း လက်ရှိဖြစ်ပေါ်နေတဲ့ စပါးဈေးနှုန်းတွေကြောင့် တောင်သူလယ်သမားတွေရဲ့ အသားတင်အမြတ်ရရှိမှု ဘဝရပ်တည်ရေးအခြေအနေတွေ အကြောင်းလည်းရေးသားနိုင်ပါတယ်။


    ၁၂ နွေစပါးတစ်ဧက စိုက်လို့ရရှိလာမယ့်အမြတ်နဲ့ အခြားနိုင်ငံတကာဈေးကွက်ဝင်သီးနှံပြောင်းလဲစိုက်ပျိုးမှုတွေအကြောင်းကိုလည်း နှိုင်းယှဉ်သုံးသပ်ရေးသားနိုင်ပြီး သီးနှံပြောင်းလဲစိုက်ပျိုးဖို့ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာအခက်အခဲ စိန်ခေါ်မှုတွေအကြောင်းကိုရေးသားနိုင်ပါတယ်။
    ဆက်သွယ်ရမယ့်သတင်းအရင်းအမြစ်များ


    ဦးမျိုးဇော် ညွန်ကြားရေးမှူး
    ဧရာဝတီတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန
    ၀၉-၂၅၆၁၀၄၇၅၇
    ဦးဌေးလွင် ဒုတိုင်းဦးစီးမှူး
    ဧရာဝတီတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန
    ၀၉-၄၂၂၄၅၅၃၄၂
    ဦးဝင်းမြင့်လှိုင် ဥက္ကဌ
    ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ARCCI)
    ၀၉-၈၅၅၀၇၉၈
    ဦးစိုးဝင်း ဥက္ကဌ
    ဧရာဝတီတိုင်းဒေသကြီးဆန်စက်လုပ်ငန်းရှင်များအသင်း
    ၀၉-၅၂၀၁၃၇၃
    ဦးအေးသောင်း အတွင်းရေးမှူး
    ဧရာဝတီတိုင်းဒေသကြီးတောင်သူလယ်သမားအသင်း
    ၀၉-၈၅၅၁၈၄၄
    ၀၉- ၇၉၄၅၁၃၀၅၅
    ၀၉-၄၅၁၂၄၃၄၅၈


    အကြွေးဝယ်ကတ်များအပေါ် ဘဏ်များမှာ အတိုးနှုန်း ၂၀ ရာခိုင်နှုန်းအထိ သတ်မှတ်နိုင်ခြင်းနှင့် ပတ်သက်သော ကြေညာချက်

    Credit Card Announcement

    အကြွေးဝယ်ကတ်များအပေါ် ဘဏ်များမှာ အတိုးနှုန်း ၂၀ ရာခိုင်နှုန်းအထိ သတ်မှတ်နိုင်ခြင်းနှင့် ပတ်သက်သော ကြေညာချက်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဧပြီ ၂၄ ရက်တွင် ထုတ်ပြန်လိုက်ပါတယ်။
    ဘဏ်တွေမှာ လက်ရှိ ဗဟိုဘဏ်က အတိုးနှုန်း ၈ ရာခိုင်နှုန်းကနေ ၁၃ ရာခိုင်နှုန်းအကြားလိုက်နာရန်ဖြစ်ပေမဲ့ အခုလို ကြေညာလိုက်တာလည်းဖြစ်ပါတယ်။
    ဗဟိုဘဏ်က ၂၀၁၉ ဇန်နဝါရီလထဲမှာလည်း အပေါင်ခံပစ္စည်းမတင်နိုင်သော ချေးငွေများအတွက် အတိုးနှုန်း ၁၆ ရာခိုင်နှုန်းအထိ ကောက်ခံနိုင်ကြောင်းလည်း ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါသေးတယ်။


    ဧရာဝတီတိုင်း ရင်းနှီးမြုပ်နှံမှုလုပ်ငန်းအခြေအနေအပေါ် ဘာသတင်းတွေလုပ်လို့ရနိုင်မလဲ

    • ဧရာဝတီတိုင်းဒေသကြီးက စိုက်ပျိုးမွေးမြူရေးတိုင်းဒေသကြီးဖြစ်ပြီးတော့ စိုက်ပျိုးမွေးမြူရေးနဲ့ဆက်စပ်တဲ့ရင်းနှီးမြှုပ်နှံမတွေ ဘာကြောင့်အများအပြားမဝင်ရောက်သေးတာလဲ။
    • စပါးကိုအဓိကထားစိုက်ပျိုးတဲ့ တိုင်းဒေသကြီးထဲမှာ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်လာတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေက သစ်စိုက်ပျိုးရေးနဲ့ငှက်ပျောစိုက်ပျိုးရေးသာဖြစ်နေတဲ့အခြေအနေ။
    • ဆန်ကိုအခြေခံတန်ဖိုးမြှင့်ထုတ်လုပ်မယ့် ရင်းနှီးမြုပ်နှံမှုတွေ၊ စပါးခွံကနေလောင်စာတောင့်နဲ့ လျှပ်စစ်ထုတ်တဲ့ရင်းနှိီးမြှုပ်နှံမှုတွေ ဝင်ရောက်လာပေမယ့် စပါးစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ရင်းနှီးမြုပ်နှံမှုတွေ၊ (Contract Farming) တွေ ဘာကြောင့်မဝင်ရောက်သေးတာလဲ ဘယ်လိုအခက်အခဲနဲ့ အတားအဆီးတွေရှိနေတာလဲ။
    • ဝင်ရောက်ပြီးသားလုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စတင်နိုင်တဲ့အခြေအနေတွေ၊ လုပ်ငန်းကို အပိုင်းဘယ်နှစ်ပိုင်းနဲ့ ဘယ်နှစ်နှစ်အတွင်းပြီးအောင်လုပ်မယ့်လုပ်ငန်းတွေလဲ။
    • အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မှု အခြေအနေတွေက တစ်ကယ်ရောအလုပ်အကိုင်ပေးနိုင်လား၊ ဒေသခံတွေအလုပ်ရရဲ့လား။
    • ဝင်ရောက်လာတဲ့ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေက ဒေသအတွက်အကျိုးသက်ရောက်မှု၊ ဒေသခံလုပ်ငန်းငယ်တွေကို ထိခိုက်မှာလား၊ ပူးပေါင်းဆောင်ရွက်လို့ရတဲ့လုပ်ငန်းတွေလား။
    • အခွန်သက်သာခွင့်ပေးထားပေမယ့် ရင်းနှီးမြုပ်နှံမှုဝင်ရောက်မလာတဲ့ မြို့နယ်တွေက ဘယ်လိုအတားအဆီးတွေရှိနေတာလဲ။ အခွင့်အလမ်းနည်းပါးနေတာလား
    • ရင်းနှီးမြုပ်နှံမှုပမာဏ ကြီးမားတဲ့လုပ်ငန်းတွေက သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးထိခိုက်မှုအစီရင်ခံစာလုပ်ငန်းစဉ်(EIA,SIA Process)ကို ဘယ်လိုအောင်မြင်ကြတာလဲ၊ ဘယ်လိုအခြေအနေတွေဖြစ်ပေါ်နေလဲ။
    • ရင်းနှီးမြုပ်နှံမှုကော်မရှင်က တာဝန်ရှိသူတွေက အခြေခံအဆောက်အဦဆိုင်ရာ ရင်းနှီးမြုပ်နှံတာတွေကို ဦးစားပေးမယ်လို့ ပြောထားတော့ အိမ်ရာစီမံကိန်းတွေ၊ ကမ်းလွန်ထောက်ပံ့ပို့ဆောင်ရေးစီမံကိန်းတွေနဲ့ အထည်ချုပ်စက်ရုံတွေအပြင် ဘာတွေထပ်မံပြီး ရင်းနှီးမြုပ်နှံမှုဝင်ရောက်ဖို့လိုအပ်မလဲ။
    • ပြည်ပရင်းနှီးမြုပ်နှံမှုတွေက အထည်ချုပ်စက်ရုံတွေ၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းတွေ၊ သစ်စိုက်ပျိုးထုတ်လုပ်တာတွေ၊ အိမ်ယာလုပ်ငန်းတွေသာဝင်ရောက်နေပြီး အခြေခံအဆောက်အဦ ကြီးကြီးမားမားမဝင်ရောက်နိုင်သေးတဲ့အခြေအနေ။

    စတဲ့ရင်းနှီးမြုပ်နှံမှုဆိုင်ရာသတင်းတွေဆောင်းပါးတွေကိုဆက်စပ်စဉ်းစားကာရေးသားနိုင်ဖို့အတွက်ပြုစုပေးလိုက်ရပါတယ်။

     

    ဆက်သွယ်မေးမြန်းရမည့်သတင်းရင်းမြစ်များ

    -ဦးဋ္ဌေးဝင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး

    ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

    ၀၉-၂၅၄၁၂၆၁၃၇

    -ဦးဝင်းဋ္ဌေး လျှပ်စစ်၊စွမ်းအင်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး

    ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

    ၀၉-၄၅၉၀၁၇၀၀၇

    ၀၉-၇၇၆၄၁၆၁၁၂

    ဦးစိုးအောင်

    ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

    ၀၉-၉၇၅၅၈၄၆၁၉

    ဦးအောင်ခိုင်စိုး ညွန်ကြားရေးမှူး

    ဧရာဝတီတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

    ၀၉-၇၉၉၇၉၈၇၄၁

    ဧရာဝတီတိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး ခြုံငုံလေ့လာရေးသားမှုကို အောက်ပါလင့်ခ်မှာ သွားရောက်လေ့လာ ကိုးကားနိုင်ပါတယ်။

    https://goo.gl/1zsHhT


    ဧရာဝတီတိုင်းဒေသကြီးတင်ဒါ SOPပေါ်အခြေခံပြီး ဘာသတင်းတွေလုပ်လို့ရနိုင်မလဲ

    • တိုင်းဒေသကြီးပြည်နယ်တွေထဲမှာ ဧရာဝတီတိုင်းဒေသကြီးတစ်ခုတည်းက ဘာကြောင့် ဧရာဝတီတိုင်းဒေသကြီးတင်ဒါ SOPဆိုပြီး ရေးဆွဲဖို့လိုအပ်တာလဲ။ ဒါမှမဟုတ် ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဘယ်လိုပုံစံမျိုးတွေနဲ့ သွားနေတာလဲ။
    • နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားတဲ့ တင်ဒါလုပ်ထုံးလုပ်နည်းညွှန်ကြားချက် (၁/၂၀၁၇)က တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အားလုံးက လိုက်နာနေရတာဖြစ်ပြီး အဲ့ဒီအပေါ်အခြေခံပြီး တိုင်းဒေသကြီးပြည်နယ်အလိုက် ကိုယ့်ဒေသနဲ့သင့်တော်မယ့် ဒေသန္တရစီမံအုပ်ချုပ်မှုပုံစံတွေ ပေါ်ပေါက်လာဖို့ ဘာကြောင့်လိုအပ်တာလဲ။
    • ချောင်းကူးမြစ်ခြားဒေသတွေများတဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ ဒီဇိုင်းအသေးစိတ်ရေးဆွဲပြီး တင်ဒါပေးမယ့်စနစ်ဟာ ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတားစတဲ့ ငွေလုံးငွေရင်းတည်ဆောက်ရေးလုပ်ငန်းတွေကို အချိန်မီပြီးစီးဖို့ ဘယ်လောက်သေချာနိုင်မှာလဲ။
    • တင်ဒါပေးတဲ့နေရာမှာ အသေးစိတ်ရေးဆွဲမှုတွေအတွက် ကုန်ကျစရိတ်တွေရှိပြီးတော့ တင်ဒါပွင့်လင်းမြင်သာမှုကို ဘယ်လောက်အာမခံနိုင်မလဲ။ တင်ဒါနဲ့ပတ်သတ်တဲ့အငြင်းပွားမှုတွေ၊ မညီမျှဘူးဆိုပြီး မကျေနပ်မှုတွေကို ဘယ်လောက်ဖြေရှင်းနိုင်မှာလဲ။
    • တိုင်းဒေသကြီးအတွင်း ဝေးလံတဲ့ဒေသတွေမှာ ကျရောက်တဲ့ တင်ဒါလုပ်ငန်းတွေကို လျှောက်ထားသူမရှိတဲ့အခြေအနေကို ဖြေရှင်းနိုင်ပြီး လုပ်ငန်းတွေပြီးမြောက်မှာလား။
    • မြေပြင်ကွင်းဆင်းလေ့လာမှုတွေ ထည့်သွင်းလိုက်တာဟာ တင်ဒါလုပ်ငန်းတွေဆောင်ရွက်ရာမှာ ကြုံတွေ့ရတတ်တဲ့အခက်အခဲတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ကူညီဖြေရှင်းပေးနိုင်မှာလား။ (ဥပမာ-ရေနုတ်မြောင်းတွေတူးဖော်တဲ့ တင်ဒါမှာ လမ်းနယ်ကျူးကျော်တဲ့နေအိမ်တွေကြောင့် လုပ်ငန်းဆောင်ရွက်ရာမှာ အခက်အခဲဖြစ်တာမျိုးတွေ)
    • ငွေလုံးငွေရင်းအသုံးစရိတ်တွေ သုံးစွဲတဲ့နေရာမှာပြောကြတဲ့ Budget Performance လို့ခေါ်တဲ့ ခွင့်ပြုရန်ပုံငွေနဲ့ လုပ်ငန်းအရည်အသွေးကောင်းမွန်ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းဆိုတဲ့ အခြေအနေကို ဘယ်လောက်ပိုကောင်းအောင်ဆောင်ရွက်နိုင်မှာလဲ။
    • တင်ဒါပေးမယ့်ဌာနတွေက ဒီဇိုင်းအသေးစိတ်ဆွဲပြီး အရည်အသွေးစစ်ဆေးတဲ့အပိုင်းတွေ ကောင်းမွန်အောင်လုပ်ရမှာဆိုတော့ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေတွေမှာ တင်ဒါလုပ်ငန်းတွေအတွက် ဘယ်လိုထည့်သွင်းရေးဆွဲဖို့ လိုအပ်လာမလဲ။
    • တင်ဒါဖြစ်စဉ်တစ်ခုလုံး တင်ဒါပေးတဲ့အချိန် တင်ဒါလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အချိန် တင်ဒါလုပ်ငန်းတွေအပ်နှံတဲ့အချိန်တွေမှာ စောင့်ကြည့်ပြီးညွှန်ကြားချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ တင်ဒါSOPတွေနဲ့အညီ ဖြေရှင်းမှုရှိ၊မရှိ စာင့်ကြည့်ရေးသားတာမျိုးတွေ။
    • အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး တင်ဒါကိစ္စရပ်တွေမှာ ကင်းစင်သွားမှာလားဆိုတာတွေ၊ ငွေကြေးတံစိုးလက်ဆောင်ယူတဲ့ အဂတိလိုက်စားမှုအပြင် အခြားအဂတိလိုက်စားမှုတွေဖြစ်တဲ့ ဆန္ဒာ၊ ဘယာ၊ ဒေါသ၊ မောဟဂတိတွေမရှိအောင်ရော ဘယ်လိုကာကွယ်နိုင်မလဲဆိုတာတွေ စတဲ့ နိုင်ငံတော်ရဲ့ဘဏ္ဍာငွေ အလေအလွင့်ဆုံးရှုံးမှုမရှိဘဲ တင်ဒါလုပ်ငန်းတွေကို အမှန်တစ်ကယ် ထိန်းကွပ်ကြီးကြပ်နိုင်တဲ့ စနစ်မျိုးဖြစ်လာမလားဆိုတာကို စောင့်ကြည့်သတင်းတွေဆောင်းပါးတွေရေးသားနိုင်ပြီး အခြားတိုင်းဒေသကြီးပြည်နယ်တွေနဲ့ နှိုင်းယှဉ်ချက်သတင်းဆောင်းပါးတွေ ရေးသားနိုင်မယ်လို့ တွေးဆမိတာကြောင့် အခုလိုပြုစုရေးသားလိုက်ရပါတယ်။

     

    ဆက်သွယ်မေးမြန်းရမည့်သတင်းရင်းမြစ်များ

    -ဦးဋ္ဌေးဝင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး

    ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

    ၀၉-၂၅၄၁၂၆၁၃၇

     

    -ဦးဝင်းဋ္ဌေး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

    ၀၉-၄၅၉၀၁၇၀၀၇

    ၀၉-၇၇၆၄၁၆၁၁၂

     

    -ဦးစိုးခိုင် ဥက္ကဋ္ဌ

    လျှပ်စစ်၊ စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေး၊ စက်မှုလက်မှုနှင့် ဆောက်လုပ်ရေးကော်မတီ၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်

    လေးမျက်နှာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်

    ၀၉-၄၂၂၅၃၀၄၅၃

    ၀၉-၉၇၃၀၁၄၁၄၄

     

    ဦးအောင်သူထွေး ပြည်သူ့ငွေစာရင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ

    ပုသိမ်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်

    ၀၉-၇၉၁၉၁၅၁၇၅

    -ဦးထွန်းထွန်း ဥက္ကဋ္ဌ

    ဧရာဝတီတိုင်းဒေသကြီးဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း

    ၀၉-၂၅၀၈၅၅၃၂၂

    ၀၉-၉၇၆၄၄၅၅၅၂

     

    ဧရာဝတီတိုင်းဒေသကြီးရဲ့ တင်ဒါ SOP နဲ့ပတ်သက်ပြီး လေ့လာရန် -https://goo.gl/24JcD7


    တိုင်းဒေသကြီးယစ်မျိုးခွန်ဥပဒေပေါ်အခြေခံပြီးဘာသတင်းတွေလုပ်လို့ရနိုင်မလဲ

    ၂၀၁၈ခုနှစ် နိုဝင်ဘာလမှာကျင်းပတဲ့ ဒုတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ယစ်မျိုးခွန်ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥပဒေအမှတ် (၈/၂၀၁၈) အဖြစ် ပြဌာန်းလိုက်ပါတယ်။ ပြဌာန်းလိုက်တဲ့ ယစ်မျိုးခွန်ဥပဒေနဲ့ပတ်သက်ပြီး သတင်း၊ ဆောင်းပါး ထုတ်လုပ်ရေးသားနိုင်မယ့် အချက်အချို့ကို စုစည်းမျှဝေလိုက်ပါတယ်။

    • အခြားတိုင်းဒေသကြီးနဲ့ပြည်နယ်တွေရဲ့ ယစ်မျိုးခွန်ဥပဒေပါ နှုန်းထားတွေက ဧရာဝတီတိုင်းဒေသကြီးနဲ့ ကွာခြားချက်ဘာတွေရှိလဲ။ နှုန်းထား၊ ခွင့်ပြုမှုပုံစံ စတဲ့ နှိုင်းယှဉ်မှု။

     

    • ဧရာဝတီတိုင်းဒေသကြီးက အခွန်အကောက်ရရှိမှု အခြေအနေအရ ငါးလုပ်ငန်းဆိုင်ရာအခွန်အခက အများဆုံးဖြစ်ပြီး ယစ်မျိုးခွန်က ဒုတိယအများဆုံးသာဖြစ်ပါတယ်။ တခြားတိုင်းဒေသကြီးနဲ့ပြည်နယ်တွေကတော့ ယစ်မျိုးခွန်က အများဆုံးရရှိနေတာပါ။

     

    • ဧရာဝတီတိုင်းဒေသကြီးက ယစ်မျိုးလိုုင်စင်အမျိုးအစား(၂၉)မျိုးကို ခွင့်ပြုထားပြီး ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကရော သူတို့ရဲ့ယစ်မျိုးဥပဒေမှာ ဘယ်လိုခွင့်ပြုထားလဲ။ ဥပဒေနဲ့အညီဘယ်လိုအရေးယူလဲ။ (ဥပမာ-နိုင်ငံခြားကနေ တရားမဝင်ကုန်သွယ်ရေးလမ်းကြောင်းတွေက ဝင်လာတဲ့ အရက်တွေအတွက် နယ်စပ်ဒေသပြည်နယ်တွေက ဘယ်လိုမျိုးဥပဒေမှာ ထည့်သွင်းရေးဆွဲထားလဲ)

     

    • အခုနောက်ဆုံးပြင်ဆင်ဖြည့်စွက်လိုက်တဲ့ ဧရာဝတီတိုင်းဒေသကြီးယစ်မျိုးခွန်ဥပဒေမှာ နိုင်ငံခြားအရက် လက်ကားရောင်းချခွင့်လိုင်စင်တွေကို အခြားနေရာတွေမှာ ထပ်ဆောင်းကောက်ခံပြီး သိုလှောင်ခွင့်ပြုလိုက်တဲ့အပေါ် သက်ရောက်မှုကဘာဖြစ်မှာလဲ။ တစ်ကယ်ရောအခွန်တိုးရမှာလား။ ဒါမှမဟုတ်သိုလှောင်ခွင့်ပေးတဲ့နေရာမှာ ဆိုင်အပွားတွေပေါ်လာနိုင်မှာလား။ အဲ့ဒါတွေကိုဘယ်လိုထိန်းချုပ်အရေးယူမလဲ။

     

    • တိုင်းဒေသကြီးပြည်နယ်တွေမှာ ယစ်မျိုးခွန်ကပဲ အခွန်အကောက်အများဆုံးရနေတဲ့ အခြေအနေက ဘာဖြစ်နေတာလဲ။ လူတွေရဲ့ကျန်းမာရေးသက်ရောက်မှု ဘာတွေဖြစ်နိုင်လဲ။ တခြားကဏ္ဍတွေကနေ အခွန်တိုးရဖို့ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေက ဘာတွေလုပ်နေလဲ။

    အစရှိတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေကို ပြည်သူလူထုကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဖော်ထုတ်ရေးသားနိုင်ကြောင်းကို အခုလိုပြုစုတင်ပြလိုက်ရပါတယ်။

     

    ဆက်သွယ်မေးမြန်းရမည့်သတင်းရင်းမြစ်များ

    ဦးခင်ဝင်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥပဒေပြုရေးကော်မတီ ဥက္ကဌ

    ဒေးဒရဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်

    ၀၉-၂၅၀၇၄၄၇၆၁

    ဦးအောင်သူထွေး ပြည်သူ့ငွေစာရင်း၊စီမံကိန်းနှင့်ဘဏ္ဍာရေး၊စီးပွားရေးနှင့်ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကကော်မတီဥက္ကဌ

    ပုသိမ်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်

    ၀၉-၇၉၁၉၁၅၁၇၅

     

    ဧရာဝတီတိုင်း ယစ်မျိုးဥပဒေအကြောင်း လေ့လာရန် – https://goo.gl/R41yFG


    Page 1 of 3123
Hit Counter
Banda Post