စစ်ကိုင်းတိုင်းဒေသကြီးမှာ ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေအနေ

/ /

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ကန်ဒေါ်လာ သန်း၃၅ဝ ရင်းနှီးမြုပ်နှံ့မယ့် နားလည်မှုစာချွန်လွှာတွေ ထိုးနိုင်ခဲ့ပြီဖြစ်တယ်လို့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောဆိုခဲ့ပါတယ်။

နေပြည်တော်မှာကျင်းပခဲ့တဲ့ Invest Myanmar Summit 2019 မှာ နားလည်မှုစာချွန်လွှာ ရေးထိုးနိုင် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ကသာမြို့နယ်ပျဉ်လေးကျေးရွာမှာ စီမံကိန်းအကောင်အထည်ဖော်မယ့် သကြားစက်ရုံနဲ့ လျှပ်စစ်ဓာတ်အားစက်ရုံတွေအတွက် ရင်းနှီးမြုပ်နှံမှာဖြစ်ပြီး တရုတ်နိုင်ငံ ယူနန်အခြေစိုက် Hong Kong Internation Sugar ကုမ္ပဏီနဲ့ ပြည်တွင်းက Great Wall ကုမ္ပဏီတို့က အကျိုးတူ ပူးပေါင်းလုပ်မယ်လို့သိရပါတယ်။

စက်ရုံတွေကို ၂၀၂၁မှာ စတင်လည်ပတ်နိုင်မယ်လို့ခန့်မှန်းထားကြပါတယ်။ ဒီ့အတွက်တော့ လုပ်သား ၅၀၀၀ဝကျော်အတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မယ်လို့လည်းဆိုထားပါတယ်။ ပထမအဆင့် ကန်ဒေါ်လာ ၂၀ဝကို စတင်ရင်းနှီးမြုပ်နှံမှာဖြစ်ပါတယ်။ နောက်ပိုင်း ကန်ဒေါ်လာ ၁၅ဝကိုထပ်မံ ရင်းနှီးမြုပ်နှံ့သွားဖို့ အစီအစဉ် ရှိတယ် လို့သိရပါတယ်။

၂၀၁၉ခုနှစ်အတွင်းမှာ စစ်ကိုင်းတိုင်းအတွင်းစတင်ဝင်ရောက်လာတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံ့မှု ဖြစ်ပါတယ် ရင်းနှီးမြုပ်နှံမှုတွေမှာ တရုတ်ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။

 

၂၀၁၈ ဧပြီလမှ ဒီဇင်ဘာလအထိ စစ်ကိုင်းတိုင်းအတွင်း နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု အချက်အလက်များ

၁။       စက်မှုကဏ္ဍ(၂)ခု         ကန်ဒေါ်လာ     ၁ဝဒသမ၅သန်း

၂။       လယ်ယာကဏ္ဍ(၁)ခု      ကန်ဒေါ်လာ    ၅သန်း

၃။       လျှပ်စစ်ကဏ္ဍ (၁)ခု      ကန်ဒေါ်လာ     ၂၈သန်း

၄။       အခြားရင်းနှီးမြုပ်နှံမှုများ  ကန်ဒေါ်လာ    ၈ဒသမ၉၉သန်း

စုစုပေါင်း (၄)ခု –          ၅၂ဒသမ၄၉သန်း

 

၂၀၁၈ ဧပြီလ မှ ဒီဇင်ဘာလ အထိ စစ်ကိုင်းတိုင်းအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှု အချက်အလက်များ

၁။       စက်မှုကဏ္ဍ(၁၀)ခု       ငွေကျပ်          ၉၈၆ရဒသမ၃၇၁သန်း

၂။       ဟိုတယ်ကဏ္ဍ(၃)ခု      ငွေကျပ်          ၂၂၅ဝသန်း

၃။       ဝန်ဆောင်မှုကဏ္ဍ(၅)ခု  ငွေကျပ်          ၂၉၃၅ဒသမ၁၆၃သန်း

စုစုပေါင်း (၁၈)ခု –        ၁၅၀၅၂ဒသမ၅၃၄သန်း (ကန်ဒေါ်လာ ၁ဒသမ၈၀၈သန်း အပါအဝင်)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမယ့် ကဏ္ဍများအကြောင်းကိုလည်း အောက်ပါလင့်ခ်မှာ လေ့လာဖတ်ရှုနိုင်ပါတယ်။

http://www.bandapost.org/sagaing-investment/

Facebook Comments