Resources for Journalists

ငွေကြေးဖောင်းပွမှု

ပြည်သူ့လွှတ်တော်ရုံး၊ သုတေသနဌာနမှ ၂၀၁၄ ခုနစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့က ထုတ်ဝေသည့် ငွေကြေးဖောင်းပွမှု သုတေသနစာတမ်းတို ဖြစ်ဩည်။

ငွေကြေးဖောင်းပွမှု (Inflation) ကို “တစ်နှစ်တာကာလအတွင်း ကုန်စည်ပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းတို့အတွက် ကြီးမြင့်လာသည့် ကုန်ကျစရိတ် ပမာဏအတိုင်းအတာတစ်ရပ်” ဟု ဖွင့်ဆိုထားပြီး ငွေကြေးဖောင်းပွမှုကို ကုန်ကျစရိတ်တိုးမြှင့်မှု ရာခိုင်နှုန်းဖြင့် ဖော်ပြသည်။ Inflation နှင့် ဆန့်ကျင်ဘက် ကုန်ကျစရိတ်များ ကျဆင်းခြင်းကို ငွေကြေးကျုံ့ခြင်း (Deflation) ဟု ခေါ်ဆိုသည်။

စာတမ်းအရ လည်ပတ်ငွေကြေးပမာဏ (Money Supply) ကြီးထွားလာခြင်း၊ ရောင်းလိုအား (Supply) အကန့်အသတ်ရှိခြင်း၊ ဝယ်လိုအား (Demand) တိုးမြှင့်လာခြင်း၊ မျှော်မှန်းချက်များ (Expectations)တို့မှာ ငွေကြေးဖောင်းပွမှုကို ဖြစ်စေသော အကြောင်းအရင်းများအနက် တချို့ဖြစ်သည်။

နိုင်ငံအများတွင် ငွေကြေးဖောင်းပွမှုဆိုင်ရာ ကိန်းဂဏန်းများကို (၁) စားသုံးကုန်ဈေးဆနှုန်းကိန်း (Consumer Prices Index – CPI) (၂) စားသုံးသူဈေးနှုန်းညီမျှဆကိန်းနှုန်း (Harmonized Index of Consumer Prices – HICP) တို့ဖြင့် ဖော်ပြလေ့ရှိပြီး မြန်မာနိုင်ငံတွင် CPI စနစ်ဖြင့် ငွေကြေးဖောင်းပွမှုနှုန်းကို တိုင်းတာသည်။

ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်ရာ၌ ဖြစ်ပွားရသည့် အခြေခံအကြောင်းအရင်းများအပေါ် မူတည်၍ အစိုးရက မူဝါဒအမျိုးမျိုး ချမှတ်နိုင်ပြီး အများအားဖြင့် (၁) ငွေကြေးဖောင်းပွမှု ရည်မှန်းချက်သတ်မှတ်ခြင်း (Inflation Targeting)၊ (၂) ငွေတိုးနှုန်းအပြောင်းအလဲပြုလုပ်ခြင်း (Interest Rate Changes)၊ (၃) မျှော်မှန်းချက်များအား ကိုင်တွယ်ခြင်း (Managing Expectations)၊ (၄) နိုင်ငံခြားငွေ လဲလှယ်နှုန်းသတ်မှတ်ခြင်း (Exchange Rate Fixing)၊ (၅) ကုန်ဈေးနှုန်းများ တိုက်ရိုက်သတ်မှတ်ခြင်း (Directly Setting Prices)၊ (၆) အခွန်နှင့် အသုံးစရိတ် စသည့် မူဝါဒများကို တွေ့ရှိရလေ့ရှိသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုအခြေအနေတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ထားချက်အရ ၂၀၁ရ ခုနစ်၊ စက်တင်ဘာလအထိ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation) မှာ ၄.၆၆% ဖြစ်သည်။

အထက်ဖော်ပြပါ အကြောင်းအရာများသည် ပြည်သူ့လွှတ်တော်ရုံး၊ သုတေသနဌာန၏ ငွေကြေးဖောင်းပွမှု စာတမ်းတိုမှ ကောက်နုတ်ချက်များဖြစ်ပြီး အသေးစိတ်ကို အောက်ပါ PDF တွင် ဖတ်ရှုနိုင်သည်။


စားသုံးသူ အခွင့်အရေး ကာကွယ်ခြင်း – Consumer Right Protection

” Consumer Right Protection – စားသုံးသူအခွင့်အရေး ကာကွယ်ခြင်းဟာ ပုဂ္ဂလိကကဏ္ဍနှင့် ချိတ်ဆက်နေပြီး စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ဖြစ်ဖို့အတွက် အထောက်အပံ့ ပေးပါတယ်။ ရောင်းချသူနဲ့ စားသုံးသူကြားမှာ မညီမျှတဲ့ Power ရှိပြီး ရောင်းသူဟာ သူရောင်းချတဲ့ ကုန်ပစ္စည်းရဲ့ ဇစ်မြစ်နဲ့ ကောင်းကျိုး ဆိုးကျိုးကို သိရှိထားတဲ့အတွက် အားသာချက်ရှိနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် စားသုံးသူတွေရဲ့ ကျန်းမာရေး၊ လုံခြုံမှု စတာတွေအတွက် စားသုံးသူ အခွင့်အရေးကာကွယ်ခြင်းဟာ အရေးကြီးပါတယ်။ ”

Consumer Protection Workshop


စီးပွားရေးမူဝါဒတွေကို စောင့်ကြည့်ကြမယ် – Economic Policy Watch

” ပွင့်လင်းမြင်သာမှုရှိတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ နိုင်ငံရဲ့ စီးပွားရေးအခြေအနေတွေကို အများပြည်သူသိအောင် အစိုးရတွေက ကြေညာလေ့ရှိပါတယ်။ အစိုးရရဲ့ အသုံးစရိတ်၊ ဝင်ငွေ၊ အခွန်ကောက်ခံရရှိမှု၊ လိုငွေပြမှု အခြေအနေ၊ နိုင်ငံခြား အရံငွေ စသဖြင့် မည်ရွေ့မည်မျှ ရှိတယ်ဆိုတာကို ကြေညာကြလေ့ ရှိပါတယ်။ ထို့နည်းတူစွာ အစိုးရက စီးပွားရေးကို ဘယ်လို မူဝါဒတွေနဲ့ လုပ်ဆောင်သွားမယ်ဆိုတာကိုလည်း ကြေညာလေ့ ရှိပါတယ်။ သတင်းသမားတွေအနေနဲ့ အစိုးရက မူဝါဒတွေ ချပြလာတဲ့အခါမှာ ဘယ်လိုမျိုး စောင့်ကြည့်ရမယ်ဆိုတာကလည်း အရေးကြီးပါတယ်။ အမိန့်တွေကဲတဲ့ မူဝါလား၊ ကြိုးနီစနစ်တွေ များနေသလား၊ ဆင်းရဲမွဲတေမှုကို လျော့ချနိုင်တဲ့ မူဝါဒလား၊ အလုပ်အကိုင် အခွင့်အလမ်းကို ဖန်တီးပေးနိုုင်တဲ့ မူဝါဒလား စသဖြင့် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ”

Economic Policy Watch Handbook


စွန့်ဦးတီထွင်ခြင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု – Entrepreneurship and Economic Development

” ကုန်ထုတ်လုပ်မှုအတွက် အရင်းအမြစ်လို့ ဆိုလိုက်ရင် အရင်က Land, Labour, Capital (မြေယာ၊ လုပ်သား၊ အရင်းအနှီး) လို့ပဲ သိထားခဲ့ကြတာပါ။ ဒါပေမဲ့ အခုနောက်ပိုင်း တစ်ခုတိုးလာတာတော့ Entrepreneurship လို့ ခေါ်တဲ့ စွန့်ဦးတီထွင်ခြင်းပါ။ Entrepreneur တွေဟာ သူနဲ့ သူ့မိသားစုရဲ့ စားဝတ်နေရေးကို ပြေလည်စေတဲ့အပြင် တခြားသူတွေအတွက်ပါ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ပါတယ်။ ဒါ့အပြင် Entrepreneur ဟာ SMEs လို့ ခေါ်တဲ့ အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းတွေနဲ့လည်း ဆက်စပ်နေပြန်ပါသေးတယ်။ လက်ရှိ အစိုးရလက်ထက်မှာ SMEs လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးကို မူဝါဒထဲမှာတောင် ထည့်သွင်းထားတာကို ကြည့်ရင် Entrepreneurship ရဲ့ အခန်းကဏ္ဍ အရေးကြီးပုံကို မြင်သာပါစေတယ်။ ”

Enterprenaure Workshop Handbook


ဉာဏပစ္စည်းမူမိုင်ခွင့် – Intellectual Property Right

” ခတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ ဉာဏပစ္စည်းမူပိုင်ခွင့် – Intellectual Property Right (IP) က အရေးပါလှပါတယ်။ မိမိရဲ့ ထုတ်ကုန်ပစ္စည်းအတွက် IP မှတ်ပုံတင်လိုက်ခြင်းအားဖြင့် မိမိကုန်ပစ္စည်းအတွက် လုံခြုံမှုရရှိမှာဖြစ်သလို မိမိရဲ့ ဖန်တီးမှုကိုလည်း အကာအကွယ်ပေးပြီးသား ဖြစ်ပါတယ်။ ဒါ့အပြင် ကုန်သွယ်မှု လုပ်ရာမှာလည်း မျှတတဲ့ ကုန်သွယ်မှု Fair Trade ကို ကာကွယ်ပေးပါတယ်။ IP နဲ့ ပတ်သက်တဲ့ ဥပဒေရှိခြင်းဟာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုဝင်လာစေနိုင်သလို ဈေးကွက်တွင်း ကုန်ပစ္စည်း လည်ပတ်မှုကိုလည်း မှန်လာစေပါတယ်။ ”

IP Workshop


မြန်မာ့စီးပွားရေးမူဝါဒအပေါ် ပါမောက္ခ ရှောင်တာနဲလ် – Sean Turnell ရဲ့ ရှင်းလင်းချက်

” နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒ ၁၂ ချက်ကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၉ ရက်က ထုတ်ပြန်ခဲ့ပြီးတဲ့နောက် မြန်မာ့စီးပွားရေးနဲ့ ပတ်သက်လို့ နှစ်ပေါင်း ၂ဝ ကျော် သုတေသနပြုခဲ့သူ ပါမောက္ခ ရှောင်တာနဲလ်က ရှင်းလင်းပွဲတစ်ရပ်ကို ဩဂုတ်လအတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့စီးပွားရေး အခြေအနေ၊ ဘဏ်လုပ်ငန်းတွေနဲ့ စီးပွားရေးပိတ်ဆို့ထားမှု၊ ပို့ကုန်မြှင့်တင်ရေး စတဲ့ကဏ္ဍတွေနဲ့ ပတ်သက်လို့ ပါမောက္ခ ရှောင်တာနဲလ်ရဲ့ အမြင်တွေကို စုစည်းဖော်ပြထားပါတယ်။ ပါမောက္ခရှောင်တာနဲလ်ဟာ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍသမိုင်းကို ပြုစုရေးသားခဲ့သူလည်းဖြစ်ပြီး Fiery Dragons : Banks, Moneylenders and Microfinance in Burma အမည်နဲ့ Nordic Institute of Asian Studies ကနေ စာအုပ်ထုတ်ဝေထားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ”

STN


ဘယ်မောင်းကား တင်သွင်းခွင့်နဲ့ News Tips

အစိုးရက ဘယ်မောင်းကားတွေကိုပဲ တင်သွင်းရတော့မယ်လို့ အမိန့်ကြော်ငြာစာ ထုတ်လိုက်တဲ့နောက် ဒီကိစ္စကို သတင်းဌာနပေါင်းစုံက ရှုထောင့်မျိုးစုံကနေ တင်ပြခဲ့ကြပါတယ်။ ဒါပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် ဒီကိစ္စကြီး တစ်ခုလုံးကို ခြုံငုံသုံးသပ်ပြီး တင်ပြနိုင်တာ မတွေ့ရပါဘူး။ အများအားဖြင့် ညာမောင်းကားတွေ ဈေးတက်တို့၊ ဘယ်မောင်းနဲ့ ညာမောင်းကြားက ပြဿနာ စသဖြင့်သာ အများစုက ရေးသား တင်ပြနိုင်ခဲ့ပါတယ်။ ကိုယ့်ရဲ့ စာဖတ်ပရိသတ်တွေက ဒီကိစ္စကို အခုထက်ပိုပြီး သိလိုကြမှာပါ။ ဥပမာအားဖြင့် –

• ဒီအမိန့်ကြော်ငြာစာဟာ ဘယ်လိုမူဝါဒအပေါ် အခြေခံပြီး တည်ဆောက်ထားတာလဲ။ ဒီလို ပြောင်းလဲစေတာဟာ အစိုးရက ဘာကို အလိုရှိလို့လဲ။

• ဒီအမိန့်ကြော်ငြာစာဟာ ကားကျပ်တဲ့ ရန်ကုန်မြို့တစ်မြို့တည်းကို တွက်ပြီး စဉ်းစားထုတ်ပြန်ခဲ့တာလား၊ တခြားသော တိုင်းနဲ့ ပြည်နယ်တွေမှာကကော ကားတွေ လုံလုံလောက်လောက် ရှိနေပြီလား။ တစ်နိုင်ငံလုံးရဲ့ အနေအထားကို ခြုံငုံသုံးသပ်ပြီးမှ ထုတ်ပြန်ခဲ့တာလား။

• မြန်မာတစ်နိုင်ငံလုံးရဲ့ လူဦးရေနဲ့ ကားအချိုးအစားကကော မျှတပြီလား (အိမ်နီးချင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ဖော်ပြလို့ ရပါတယ်)။

• ပြည်တွင်းမှာ ကားစက်ရုံတွေ တည်ဆောက်ချင်လို့လို့ ပြောဆိုနေကြပေမယ့် ပြည်ပက တင်သွင်းတဲ့ ကားရဲ့ တန်ဖိုးနဲ့ ပြည်တွင်းမှာ ထုတ်လုပ်ရင် ကုန်ကျမယ့် ကားရဲ့ တန်ဖိုးကကော ဘယ်လိုမျိုး ကွာခြားနေသလဲ။

• အစိုးရက ဘယ်မောင်းကား စက်ရုံတွေ ပြည်တွင်းမှာ ရှိစေချင်တဲ့ ဆန္ဒနဲ့ လုပ်တယ်ဆိုရင် တကယ်ကော လုပ်နုိုင်တဲ့စွမ်းရည်ပမာဏနဲ့ ရေခံမြေခံကကော တကယ်ရှိရဲ့လား၊ လုပ်နိုင်ရဲ့လား။

• လိုင်စင်ချထားပေးမှုမှာ ရန်ကုန်၊ နယ် ကွဲပေမယ့် ကားအားလုံးလိုလိုက ရန်ကုန်မှာ ပြုံတိုးနေတာကို အစိုးရက ဘာကြောင့် မကိုင်တွယ်တာလဲ။

• အာဆီယံဒေသတွင်း နိုင်ငံတွေရဲ့ ကားသုံးစွဲမှုနဲ့ လက်ရှိ မြန်မာပြည်ရဲ့ ကားသုံးစွဲမှု အခြေအနေကို နှိုင်းယှဉ်ပြရင်ကော ရလာတဲ့ ရလဒ်ကို အစိုးရက လက်ခံမှာလား။

• ယာဉ်ပိတ်ဆို့မှုကြောင့် ဘတ်ကားအသုံးပြုနေရတဲ့ လူတွေရဲ့ လမ်းပေါ်မှာ ကုန်ဆုံးနေရတဲ့ အချိန်တွေကိုကော အစိုးရက တွက်ချက်ထားသလား၊ ဘယ်မောင်း ညာမောင်းထက် မလိုအပ်ဘဲ ကားတစ်စီးထက် ပိုပြီး ပိုင်ဆိုင်နေသူတွေကိုကော အခွန်စနစ်နဲ့ တင်းကြပ်ဖို့ အစိုးရက ဘာကြောင့် မလုပ်ဆောင်ခဲ့တာလဲ။

• ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်နေတဲ့ ကားတွေကရော ဘယ်လိုပုံစံတွေနဲ့ Semi Knock Down (SKD) နဲ့လား၊ Complete Knock Down(CKD) နဲ့လား။ Complete Build Up (CBU) တွေနဲ့ လည်ပတ်နေတာလား။ အဲဒီအပေါ်မှာ လာရင်းနှီးမြုပ်နှံတဲ့ ကား Company တွေ အခွန်တွေဘယ်လိုသတ်မှတ်ပေး၊ လျှော့ပေါ့ပေးသလဲ။ အစီးရေ ဘယ်လောက်ထွကသလဲ။ ဘယ်ကား Brand တွေလဲ။ ဒါတွေက လိုင်စင်ပေးတာရော၊ ဘယ်လိုပုံစံလဲ။
ဒီအမိန့်ကြော်ငြာစာနဲ့ ပတ်သက်လို့ အစိုးရရဲ့ လုပ်ဆောင်မှုအပိုင်းမှာ အားနည်းချက်တွေ၊ လိုအပ်ချက်တွေက အထက်မှာ ဖော်ပြသလို မေးခွန်းထုတ်စရာတွေ များစွာ ကျန်နေပါသေးတယ်။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကိုးကားနိုင်တဲ့ ဝက်ဘ်ဆိုက်တွေကိုလည်း အောက်မှာ ဖော်ပြထားပါတယ်။

Road Safety နဲ့ ပတ်သက်ပြီး Link လေးပေးလိုက်ပါတယ်။ အကျဉ်းချုပ်လေး ရေးပေးရရင် မြန်မာပြည်ရဲ့ Road Safety နဲ့ပတ်သက်ပြီး ၂၀၀၃ ကနေ ၂၀၁၄ ထိအခြေအနေတွေ၊ Road Safety နဲ့ ပတ်သက်ပြီး ADB နဲ့ မြန်မာအစိုးရတို့ ပြင်ဆင်ရမယ့် လုပ်ဆောင်သွားမယ့်အကြောင်းအရာတွေကို ပူးပေါင်းဆောင်ရွက်ပြီး 2016 ကထုတ်ပြန်ထားတဲ့ Myanmar Transport Sector Policy Note (Road Safety ) PDF File လင့်လေးပါ။

https://www.adb.org/…/publication/189080/mya-road-safety.pdf

နောက်တစ်ကလည်း Road Safety ကိုမြန်မာပြည်မှာ 2030 ထိအကောင်အထည်ဖော်ဖို့ ရည်မှန်းချက်နဲ့ အခုနှစ် ဧပြီလ ကမှထုတ်ပြန်ထားတဲ့ Report ပါ။ အဲဒီမှာလည်း ကားအနေအထားတွေ၊ ယာဉ်လမ်းကြောအနေအထားတွေကိုလည်း ဖော်ပြထားပါတယ်။ ADB ကပဲ လုပ်ထားတာပါ။

http://www.roadsafety2030.com/media/1191/myanmar_report.pdf

နောက်တစ်ခုကတော့
Thein Zaw ,Chief Engineer (Road), Road Department, Public Works, Ministry of Construction Myanmar ရဲ့ တောင်ကိုရီးယားမှာသွားလုပ်တဲ့ Road Safety Improvement meeting က Powerpoint လေးကို Share ပေးပါမယ်။ အဲဒိဟာကတော့ ၂၀၀၃ ကနေ ၂၀၁၂လောက်ထိပဲ အချက်အလက်တွေ ရနိုင်ပါတယ်။ ကားတစ်ခုထဲမဟုတ်ဘဲ ဆိုင်ကယ်တွေကော ယာဉ်အမျိုးမျိုး၊ လိုင်စင်နဲ့ လမ်းအနေအထားတွေကို ပြောထားပါတယ်။

နောက်တစ်ခုကတော့ ကားနဲ့ ပတ်သက်ပြီး မူဝါဒ အပြောင်းအလဲကို Time line နဲ့ ၂၀၁၁ – ၂၀၁၄ အထိမှာဘယ်လို မူဝါဒ တွေ ပြောင်းခဲ့တယ်။ကားတင်သွင်းတဲ့ အရေအတွက်၊ အသုံးပြုတဲ့ ကားအမျိုးအစား စတာတွေကို graphic တွေ နဲ့ ပြထားပါတယ်။

http://www.myanmarautomotiveconsulting.com
www.adb.org
ADB.ORG