Myanmar’s Urbanization

/ /

ကမ္ဘာ့ဘဏ်ကထုတ်ဝေသော မြို့ပြဖြစ်ထွန်းမှုအစီရင်ခံစာ


ဤအစီရင်ခံစာကို ကမ္ဘာ့ဘဏ်က ဇွန်လ ၆ ရက်တွင် ရန်ကုန်မြို့၌ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေခဲ့သည်။


မြန်မာနိုင်ငံသည် မြို့ပြတွင်နေထိုင်သူသည် လူဦးရေ၏ ၃၀ ရာခိုင်နှုန်းသာရှိသေးသည်။ ဤပမာဏသည် အခြားသောနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် အတော်လေးနည်းပါးလျက်ရှိပြီး မြို့ပြဖြစ်ထွန်းမှု၏ အစောပိုင်းကာလအဆင့်မျှသာရှိသေးသည့် သဘောဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။


ထိုပြင် ယခုအချိန်သည် မြို့ပြဖွံ့ဖြိုးတိုးတက်မှုတွင် အားလုံးပါဝင်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုအလေးထားသော မြို့ပြအုပ်ချုပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံအုတ်မြစ် ခိုင်ခိုင်မာမာချပေးရန် လိုအပ်သည့် အချိန်အခါဟုလည်း ဆိုသည်။


အလုပ်အကိုင်ကြောင့် မြို့ပြများသို့ ရွေ့ပြောင်းသူသည် ၅၆ % ရှိပြီး အသေးစားလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိကြသည်။ ရွေ့ပြောင်းလုပ်ကိုင်သူများ၏ ၇ % သာ စာချုပ်စာတမ်းဖြင့် အလုပ်လုပ်ကိုင်ကြခြင်းကြောင့် အမြတ်ထုတ်ရန်လွယ်ကူသည့် အခြေအနေဟုလည်းကမ္ဘာ့ဘဏ်က ထောက်ပြထားသည်။


ကျူးကျော်များသည် ကလေးများကို ကျောင်းပို့ကြသော်လည်း ကလေးအသက် ၁၃ နှစ်ကျော်ပြီးနောက် ကျောင်းထွက်နှုန်းအလွန်များပြားသည်။ ကျူးကျော်နေထိုင်သူများသည် ရာဇဝတ်မှု၏ သားကောင်ဖြစ်ရသည်။ တရားဥပဒေစိုးမိုးရေးတွင် ရဲတပ်ဖွဲ့၏ တက်ကြွသော အခန်းကဏ္ဍကို မတွေ့ရှိရဟု ကမ္ဘာ့ဘဏ်ကဆိုထားသည်။


ဤအစီရင်ခံစာနှင့်ပတ်သက်၍ သတိပြုရမည့်အချက်မှာ အချို့သောအချက်အလက်များသည် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကိန်းကဏန်းအပေါ် အခြေပြုကောက်ယူထားခြင်းဖြစ်ပြီး ယခုအခြေအနေနှင့် ကွာဟကောင်း ကွာဟနိုင်ခြင်းပင်ဖြစ်သည်။


လိုအပ်သော အစီရင်ခံစာ မြန်မာ/အင်္ဂလိပ် သုံးအုပ်ကို အောက်ပါလင့်တွင် Download ရယူနိုင်ပါသည်။

http://documents.worldbank.org/curated/en/807471559656318146/%20

Facebook Comments