Myanmar Sustainable Development Plan

/ /
credit - Nikkei Asia Review

credit - Nikkei Asia Review

“မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် အကောင်အထည်ဖော်ရေး အစီအစဉ်” (Myanmar Sustainable Development Plan – MSDP) ကို ရေးဆွဲအကောင်အထည်ဖော်ရခြင်းဟာ လက်ရှိမှာ ပြည်ထောင်စုဝန်ကြီးဌာနတွေအလိုက် ရေးဆွဲတဲ့ ကဏ္ဍဆိုင်ရာ စီမံကိန်းတွေနဲ့ တိုင်းဒေသကြီး/ပြည်နယ်အလိုက် အစိုးရအဖွဲ့အသီးသီးရဲ့ ဒေသဆိုင်ရာ စီမံကိန်းတွေ ချိတ်ဆက်ပြီး မဟာဗျူဟာကျတဲ့ နိုင်ငံတော်အဆင့် ဖွံ့ဖြိုးမှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့ရာအတွက် အဓိက လိုအပ်ချက် အနေနဲ့ ရေးဆွဲထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ကမ္ဘာလုံးဆိုင်ရာ နဲ့ ဒေသတွင်းမှာ ချမှတ်ထားတဲ့ Sustainable Development Goals – SDGs တွေကို မြန်မာနိုင်ငံ အနေနဲ့ အကောင်အထည်ဖော်ရာမှာလည်း ချမှတ်ထားတဲ့ မဟာဗျူဟာ အတိုင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလို ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့ အခါမှာ အစိုးရက ဆောင်ရွက်တဲ့ စီမံကိန်းတွေနဲ့ အစိုးရ-ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းတဲ့ Public-Private Partnership စီမံကိန်းတွေကို စနစ်တကျ ခွဲခြားသတ်မှတ်ထားတာလည်း မရှိသေးတဲ့အတွက် ချိတ်ဆက်မှု အားနည်းနေတဲ့ အပေါ် MSDP မဟာဗျူဟာ ကနေတစ်ဆင့် ရှင်းလင်းတဲ့ မူဝါဒတွေ ချမှတ်ပြီး စီးပွားရေးဆိုင်ရာ ယုံကြည်မှုတွေ မြှင့်တင်ဖို့လည်း ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

MSDP ရဲ့ အခြေခံသဘောတရား နှင့် မူဘောင်ကို ရှင်းလင်းထားရာမှာတော့ အဓိကအနေနဲ့ မဏ္ဏိုင် (၃) ခု၊ ရည်မှန်းချက် (၅) ခု၊ မဟာဗျူဟာ (၂၈) ခု နဲ့ စီမံကိန်း အကောင်အထည်ဖော်ရေး အစီအစဉ် (၂၃၈) ခု တို့နဲ့ ဖွဲ့စည်းတည်ဆောက် ထားတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မဏ္ဏိုင် သုံးခု ကတော့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး၊ သာယာဝပြောမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ လူသားများနဲ့ ကမ္ဘာမြေ တို့ ဖြစ်ပါတယ်။ ဒီ မဏ္ဏိုင် သုံးရပ် ကနေ ရည်မှန်းချက် (၅) ခု ဖြစ်တဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး တည်ငြိမ်ရေးနဲ့ ကောင်းမွန်တဲ့မက်ခရို စီမံမှု၊ အလုပ်အကိုင် ဖန်တီးရေးနဲ့ ပုဂ္ဂလိက ဦးဆောင်တဲ့ စီးပွားရေးတိုးတက်မှု၊ လူစွမ်းအား အရင်းအမြစ်နဲ့ လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးမှု၊ သဘာဝ သယံဇာတ နဲ့ ပတ်ဝန်းကျင် သာယာဝပြောရေး စတဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ရေးဆွဲထားတာ ဖြစ်ပါတယ်။

အစိုးရရဲ့ စီးပွားရေး မူဝါဒ (၁၂) ချက် နဲ့လည်း ကိုက်ညီမှုရှိပြီး ရှုထောင့်ပေါင်းစုံကနေ ဆောင်ရွက်မယ် ဆိုတဲ့ ဒီ MSDP အစီအစဉ် အသေးစိတ်ကိုတော့ ဖော်ပြထားတဲ့ link တွေမှာ သွားရောက် ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီအစီအစဉ်နဲ့ ပက်သက်ပြီး လတ်တလောမှ​ာတော့ လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Facebook မှာ ပျံ့နှံ့နေပြီး အွန်လိုင်းမှာ မကြာခင် တရားဝင် ထုတ်ပြန်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

Myanmar Sustainable Development Plan – MSDP Working Draft

Myanmar Sustainable Development Plan

MSDP Policy Brief

MSDP Policy Brief

နိုင်ငံတော်၏ စီးပွားရေးမူဝါဒ

နိုင်ငံတော်၏ စီးပွားရေးမူဝါဒ

Facebook Comments