MIC ခွင့်ပြုထားသော လုပ်ငန်းများကို မွန်ပြည်နယ်လွှတ်တော်၏ စိစစ်မှု နောက်ဆုံး အခြေအနေ

/ /

မွန်ပြည်နယ်အတွင်းမှာ မြန်မာနိ်ုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC က ခွင့်ပြုထားသည့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ပြီးခဲ့သည့် ၂၀၁၈ အောက်တိုဘာလမှစပြီး မွန်ပြည်နယ် လွှတ်တော် ပြည်သူ့ငွေစာရင်း စိစစ်ရေး၊ စီမံကိန်းဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင် ကိစ္စရပ်များ လေ့လာသုံးသပ်ကော်တီက စတင် စစ်ဆေးခဲ့သည်။
ကော်မတီသည် MIC ခွင့်ပြုထားသည့် လုပ်ငန်းများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ စိစစ် ဆောင်ရွက်သွားရန် ရှိနေပြီး၊ ထိုသို့ စစ်ဆေးရာမှာ ကုမ္ပဏီ၊ ဌာနဆိုင်၊ ဒေသခံပြည်သူ၊ အရပ်အဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ အချက်အလက် စုဆောင်းခြင်း၊ သဘောထားများလည်း ရယူခဲ့သည်။
ယင်းကော်မတီသည် MIC က ခွင့်ပြုထားသည် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်မှု အပါအဝင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း လိုက်နာမှု၊ ဒေသခံနှင့် ကုမ္ပဏီအကြား ပဋိပက္ခအသွင်မရှိ်ဘဲ ပွင်းလင်းမြင်သာစွာ ပူးပေါင်းဆောင်ရန် ရည်ရွယ်ဖြင့် စိစစ်နေခြင်း ဖြစ်သည်။
စိစစ်မှု အခြေအနေအရ ခွင့်ပြုထားသည့် ကုမ္ပဏီတချို့မှာ လုပ်ငန်းအကောင်အထည် ဖော်ရာမှာ ဒေသခံပြည်သူများနှင့် ချပြ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်မှုများ အားနည်းနေကြောင်း စိစစ် တွေ့ရှိထားသည့်အပြင် တချို့ကုမ္ပဏီများမှာ ဥပဒေလိုက်နာမှု အားနည်းနေသည်ဟု ယင်းကော်မတီ ဥက္ကဋ္ဌက ဆိုထားသည်။
ထိုအပြင် စီမံကိန်းတချို့မှာလည်း ဒေသခံများကို ပွင့်လင်းမြင်သာစွာ မချပြသဖြင့် ယနေ့အချိန်အထိ ပဋိပက္ခများ ဖြစ်ပေါ်နေသည်။
အဆိုပါ ကော်မတီသည် စိစစ်မှု တွေ့ရှိလာသည့် အခြေအနေ အားလုံးကို အစီရင်ခံစာ တစ်စောင် ပြုစုပြီး မွန်ပြည်နယ် လွှတ်တော်မှာ တင်သွင်းသွားရန် စီစဉ်ထားသည်။
မွန်ပြည်နယ်မှာတော့ MIC ခွင့်ပြုထားသည့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၃၃ ခု ရှိနေပြီး၊ လုပ်ငန်း အများစုမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ခြင်းနှင့် စက်မှုလုပ်ငန်းများကို အများဆုံး လုပ်ကိုင်နေသည်။ နိုင်ငံအနေဖြင့် မလေးရှာ အပါအဝင် စင်္ကာပူ၊ ထိုင်းနိုင်ငံတို့က အများဆုံး လာရောက် ရင်းနှီးမြှုပ်နှံထားသည်။
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအနေဖြင့် လုပ်ငန်းပေါင်း ၃၀ ကို MIC က ခွင့်ပြုပေးထားပြီး၊ လုပ်ငန်းအများစုမှာ ကျောက်ထုတ်လုပ်သော လုပ်ငန်းများကို လာရောက် ရင်းနှီးမြှုပ်နှံထားကြသည်။

Facebook Comments