McKinsey Global Institute က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ တိုးတက်ဖွံ့ဖြိုးမှုအားကောင်းတဲ့ နိုင်ငံစာရင်းမှာ ပါဝင်

/ /

ကမ္ဘာကျော် အကြံပေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ McKinsey&Company ရဲ့ McKinsey Global Institute က နိုင်ငံပေါင်း ၇၁ နိုင်ငံကို သုတေသနပြုလုပ်ပြီးနောက်မှာ ၁၈ နိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံးအဖြစ် တွေ့ရှိချက်ကို မကြာသေးမီက အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။

ဒီအစီရင်ခံစာမှာ နှစ်ပေါင်း ၅ဝ အထိ ရေရှည်ဖွံ့ဖြိုးမှုအရှိန်ရှိခဲ့တဲ့ နိုင်ငံ ခုနှစ်နိုင်ငံရှိပြီး နှစ်ပေါင်း ၂ဝ အတွင်း ဖွံ့ဖြိုးတိုးတက်မှုနှုန်းအကောင်းဆုံးရှိခဲ့တဲ့ နိုင်ငံ ၁၁ နိုင်ငံ ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒုတိယအမျိုးအစားထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပြီး မြန်မာနဲ့အတူ အာဆီယံနိုင်ငံတွေထဲက ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်တို့လည်း ပါဝင်ပါတယ်။

McKinsey ရဲ့အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ၁၉၉၆ ကနေ ၂၀၁၆ ခုနှစ်အတွင်း GDP per Capita ဟာ နှစ်စဉ် ၈.၉ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။

ခုလိုဖွံ့ဖြိုးမှုအရှိန်ကောင်းအောင်အဓိကမောင်းနှင်မှုတွေထဲမှာ အထည်ချုပ်လို လုပ်သားအားပြုလုပ်ငန်းတွေနဲ့ ကုမ္ပဏီအကြီးစားတွေရဲ့ တိုင်းပြည်စီးပွားရေးအပေါ် ပါဝင်မှုတွေကြောင့်လို အစီရင်ခံစာက သုံးသပ်ထားပါတယ်။

စီးပွားရေးသတင်း၊ ဆောင်းပါးအတွက် အချက်အလက်တွေကို ဒီအစီရင်ခံစာကနေ ရနိုင်ပြီး မြန်မာနဲ့ ဒေသတွင်းနိုင်ငံတချို့ရဲ့ စီးပွားရေးအခြေအနေကိုလည်း နှိုင်းယှဉ်ကြည့်နိုင်မှာဖြစ်ပါတယ်။

McKinsey Global Institute ရဲ့ အစီရင်ခံစာကို အောက်မှာ ရယူနိုင်ပါတယ်။

Source: McKinsey Global Institute

Facebook Comments