Law & Policy

    UNESCO စာရင်းဝင် ဒေသများနှင့် ယဉ်ကျေးမူအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ

    ပုဂံဒေသ UNESCO စာရင်းဝင်ပြီးနောက် ပုဂံယဉ်ကျေးမူ နယ်မြေအတွင်းရှိ လူနေအိမ်များ၊ ကျေးရွာများ၊ ဟိုတယ်များနှင့် အဆောက်အဦးများ ပြောင်းရွှေ့ရမည့်အရေး ဒေသခံများကြား စိုးရိမ်မူမြင့်တက်နေသည်။ ပုဂံဒေသရှိ အဆောက်အဦးများနှင့်ပတ်သက်၍ ရွှေ့ပြောင်း၊မပြောင်း အတိအကျ မသိရသေးကြောင်း ပုဂံဒေသစီမံခန့်ခွဲရေး ကော်မတီဥက္ကဌ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။ ထို့အပြင် ပုဂံဒေသအပါအဝင် ယဉ်ကျေးမူအမွေအနှစ်ဒေသများရှိ အဆောက်အဦး ဆောက်လုပ်မူများနှင့်ပတ်သက်၍ ၂၀၁၉ ယဉ်ကျေးမူအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေသည် အရေးပါးလာတော့မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။


    မော်တော်ယာဉ်မူဝါဒက ဘာကိုဆိုလိုပါသလဲ

    စက်မှုဝန်ကြီးဌာနက ၂၀၁၉ မေ ၁၄ ရက်မှာ ထုတ်ပြန်ထားတဲ့ မော်တော်ယာဉ်မူဝါဒဖြစ်ပါတယ်။
    စုစုပေါင်းအခန်း ၇ ခန်းပါဝင်ပြီး မျှော်မှန်းချက်၊ ရည်ရွယ်ချက်၊ အခြေခံမူများကို အခန်း ၁ နဲ့ ၂ မှာ လေ့လာနိုင်ပြီး အခန်း ၃ မှာတော မော်တော်ယာဉ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး နှစ်တို နှစ်ရှည်မျှော်မှန်းချက်တွေကိုဖော်ပြထားပါတယ်။
    အခန်း ၄ မှာတော့ ဦးစားပေးကဏ္ဍများသတ်မှတ်ခြင်း၊ အခန်း ၅ကဏ္ဍအလိုက်အကောင်ထည်ဖော်မည့်အခြေအနေနဲ့ အခန်း ၆ မူဝါဒဆိုင်ရာအကြံပြုချက်တွေကို တွေ့ရှိရမှာဖြစ်ပါတယ်။
    မူဝါထဲမှာ အခြေခံကျတဲ့ မော်တော်ကားနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတစ်ချို့ကိုလည်း လေ့လာတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ၃၆၅၀ဝ၀ စီးရှိရာမှ ၂၀၁၅ ခုနှစ်မှာ ၇၁၂၀ဝ၀ စီးအထိရှိလာခဲ့တယ်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီမှာ မှတ်ပုံတင်ထားတဲ့မော်တော်ယာဉ်အစီးအရေအတွက် ၇၂၁၃၂၄ စီးရှိလာတဲ့အတွက် လူ ၁၀ဝ၀ မှာမော်တော်ယာဉ်ပိုင်ဆိုင်မှု ၁၅ ဦးနှုန်းရှိလာခဲ့တဲ့အကြောင်းနဲ့ ၆၆ ရာခိုင်နှုန်းသောမော်တော်ကားတွေဟာ ရန်ကုန်မှာပဲ ရှိနေလို့ ယာဉ်ကြောကြပ်တည်းမှုဖြစ်ပေါ်နေပေမဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့မှာတော့ မှတ်ပုံတင်ထားမှုအရေအတွက်ဟာ ပျှမ်းမျှ ၃ ဒသမ ၁၄ ရာခိုင်နှုန်းပဲရှိနေပါတယ်လို့လည်း ဆိုပါတယ်။
    နောက်တစ်ခုကတော့ ကားသစ်နဲ့ ကားဟောင်းအချိုးဖြစ်ပါတယ်။ ကား ၁၇၅ စီးမှာ အသစ် ၁ စီးပဲရှိပါတယ်။
    မူဝါဒရဲ့ အဓိကမျှော်မှန်းချက်ကတော့ ပြည်တွင်းကားသုံးစွဲမှု တိုးတက်စေရေးဆောင်ရွက်ရာမှာ ကားဟောင်းတွေထက် ပြည်တွင်းထုတ်ကားသစ်တွေနဲ့ အစားထိုးသွားရေးလို့နားလည်လို့ရနိုင်ပါတယ်။ နောက် ထပ်မျှော်မှန်းချက်ကတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်းတီးနိုင်ပြီး ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်နိုင်ဖို့နဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်မယ့် မော်တော်ယာဉ်စက်မှုကဏ္ဍ ထူထောင်ရေးပဲဖြစ်ပါတယ်။
    ပထမ ၅ နှစ်အတွင်းမှာ (ကာလတိုအနေနဲ့) အသုံးပြုနိုင်တဲ့ယာဉ် နှစ်သန်းရောက်ရှိဖို့နဲ့ ကားသစ် နှစ်သိန်းရောင်းချနိုင်ဖို့ဖြစ်ပါတယ်။ ဒုတိယ ၅ နှစ်မှာ အစီးရေ လေးသန်းရှိပြီး ကားသစ် လေးသိန်းရှိဖို့နဲ့ တတိယ ၅ နှစ်မှာ စီးရေး ၁၀ သန်းရှိပြီး ကားသစ် ၁၂ သိန်းရှိဖို့ဖြစ်ပါတယ်။
    မော်တော်ယာဉ် မူဝါဒ အပြည့်အစုံကို အောက်ပါ link မှာ ဒေါင်းလုတ်ရယူနိုင်ပါတယ်။


    ဧရာဝတီတိုင်းဒေသကြီးအတွင်း ကလေးအလုပ်သမားပပျောက်ဖို့ ဆောင်ရွက်နေတဲ့အခြေအနေ

    မြန်မာနိုင်ငံမှာ အသက် (၁၈)နှစ်အောက် လူဦးရေက နိုင်ငံလူဦးရေရဲ့ ၃၃.၈၃ရာခိုင်နှုန်းရှိပြီး မြို့ပြမှာ ၈.၈၅ရာခိုင်နှုန်း နှင့် ကျေးလက်မှာ ၂၄.၉၈ရာခိုင်နှုန်းရှိပြီး ကလေးဦးရေများပြားတဲ့နိုင်ငံ ဖြစ်ပါတယ်။
    အသက် (၅)နှစ် မှ (၁၇) နှစ် အတွင်း ကလေးစုစုပေါင်း ၁၂သန်း ရှိတဲ့အထဲမှာ ကလေး (၁၀)ယောက်အနက် (၁)ယောက်က ကလေးအလုပ်သမားဖြစ်နေတယ်လို့ ILO စစ်တမ်းအရ သိရှိရပါတယ်။
    အလုပ်သမားပပျောက်ရေး ဆောင်ရွက်ရာတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လက်အောက်ရှိ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ စည်းကြပ်လျှက်ရှိတဲ့ ဥပဒေတွေဖြစ်တဲ့
    ၁၉၅၁ခုနှစ် အလုပ်ရုံများအက်ဥပဒေ
    ၂၀၁၆ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများဥပဒေပါ ပြဌာန်းချက်တွေနှင့်အညီ စစ်ဆေးစည်းကြပ်ဆောင်ရွက်နေတာပါ။
    ၁၉၅၁ခုနှစ် အလုပ်ရုံများအက်ဥပဒေ နှင့် ၂၀၁၆ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ တွေအရ အကျုံးဝင်တဲ့ စက်ရုံ၊အလုပ်ရုံတွေနှင့်ဆိုင်အလုပ်ဌာနများတွင် အသက် ၁၄နှစ်အောက် ကလေးများအလုပ်လုပ်ကိုင်ခြင်းကို တားမြစ်ထားပါတယ်။
    ၁၉၅၁ခုနှစ် အလုပ်ရုံများအက်ဥပဒေ အရ အသက် (၁၄)နှစ် ကနေ အသက် (၁၆) နှစ်အတွင်းဖြစ်ပါက တစ်နေ့ကို (၄)နာရီထက်မပိုဘဲ အလုပ်လုပ်ကိုင်ခွင့်ပြုထားပြီ ည(၆)နာရီမှ မနက် (၆)နာရီအတွင်း ခိုင်းစေခြင်းမပြုဖို့ကိုလည်း တားမြစ်ထားပါတယ်။
    အသက် (၁၆)နှစ် ကနေ အသက် (၁၈) နှစ်အတွင်းဖြစ်ပါက သက်ဆိုင်ရာဆရာဝန်ရဲ့လူကြီးအလုပ်သမားကဲ့သို့ လုပ်ကိုင်နိုင်ကြောင်း ထောက်ခံချက်နဲ့ လူကြီးအလုပ်သမားအလုပ်ချိန်ဖြစ်တဲ့ တစ်နေ့ (၈)နာရီ နှင့် ရက်သတ္တပတ် (၁)ပတ်ကို ၄၄နာရီလုပ်ကိုင်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။
    မြန်မာနိုင်ငံမှာ ကလေးအလုပ်သမားပပျောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ ပြဌာန်းချက်အမှတ် ၁၈၂ (ကလေးသူငယ်များအား ခိုင်းစေရာ၌ အဆိုးရွားဆုံးပုံစံများဆိုင်ရာပြဌာန်းချက်) ကို မြန်မာနိုင်ငံအနေနဲ့ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၁၈ရက် နေ့မှာ စတင်ပြီး အတည်ပြုလက်ခံကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက်နေတာပါ။
    အဲ့ဒီအပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO နဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန တို့ ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးစီမံကိန်း (Myanmar Programon Elimination of Child Labour (My – PEC)ကို ၂၀၁၄ခုနှစ်က နေ ၂၀၁၇ခုနှစ် ဒီဇင်ဘာလအထိ သက်တမ်း (၄)နှစ် စီမံကိန်းချမှတ်ဆောင်ရွက်ခဲ့ပြီး သက်တမ်း(၁)နှစ် လည်း ထပ်မံ တိုးမြှင့်ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။
    အဲဒီစီမံကိန်းအရ ကလေးအလုပ်သမားပပျောက်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အစိုးရမဟုတ်တဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပါဝင်သည့် နည်းပညာရပ်လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။
    အဲဒီစီမံကိန်းက နေ မြန်မာနိုင်ငံအနေနဲ့ ကလေးအလုပ်သမားပပျောက်ရေးအတွက် ဆောင်ရွက်ရမယ့် တစ်နိုင်ငံလုံးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (National Action Plan) မူကြမ်း ထွက်ပေါ်လာခဲ့ပါတယ်။
    အဲဒီ မူကြမ်းပေါ် အခြေခံပြီး မြန်မာနိုင်ငံရှိ ကလေးအလုပ်သမားပပျောက်ရေး အတွက် အသင့်တော်ဆုံး အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (National Action Plan)ကို ရေးဆွဲအကောင်အထည်ဖော်ခဲ့ပြီး ဒုတိယသမ္မတ (၁) မှ ဥက္ကဌ အဖြစ် ဦးဆောင်ပြီး သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတွေ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ အဖွဲ့ဝင် အဖြစ်ပါဝင်တဲ့ မြန်မာနိုင်ငံအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားကော်မတီကို (၅-၂-၂၀၁၈) ရက်စွဲပါ အမိန့်ကြော်ငြာစာနှင့် ဖွဲ့စည်းခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပါတယ်။ အဲဒီ အမျိုးသားကော်မတီရဲ့ အစည်းအဝေးကို ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၁၉ရက်နေ့မှာ တစ်ကြိမ်၊ဒီဇင်ဘာလ ၁၂ရက်နေ့မှာ တစ်ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသားကော်မတီရဲ့လက်အောက်မှာ လုပ်ငန်းကော်မတီ (၈)ရပ်နှင့် အတွင်းရေးမှူးအဖွဲ့ကိုဖွဲ့စည်းဆောင်ရွက်ထားတယ်လို့သိရပါတယ်။
    အမျိုးသားကော်မတီက ကလေးအလုပ်သမားပပျောက်ရေး ကော်မတီတွေဖွဲ့စည်းဆောင်ရွက်သလို တိုင်းဒေသကြီးပြည်နယ်တွေမှာလည်း ဖွဲ့စည်းဖို့ ဆုံးဖြတ်ချက်ကြောင့် ဧရာဝတီတိုင်းဒေသကြီးထဲမှာလည်းကလေးအလုပ်သမားပပျောက်ရေးကော်မတီနှင့် လုပ်ငန်းကော်မတီ(၈)ရပ်ကို ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။
    ဧရာဝတီတိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးကော်မတီဥက္ကဌအဖြစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေး က တာဝန်ယူဆောင်ရွက်ပြီး ကော်မတီဒုတိယဥက္ကဌအဖြစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ ကော်မတီအတွင်းရေးမှူးအဖြစ်ဧရာဝတီတိုင်းဒေသကြီးအလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီးစစ်ဆေးရေးမှူး က တာဝန်ယူဆောင်ရွက်ထားပါတယ်။
    လုပ်ငန်းကော်မတီ (၈)ခုအနေနဲ့
    (၁) စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ
    (၂) အသိပညာပေးရေးနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီ
    (၃) ပညာရေးနှင့်အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းကော်မတီ
    (၄) ဥပဒေရေးရာလုပ်ငန်းကော်မတီ
    (၅) အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ
    (၆) အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီ
    (၇) စောင့်ကြည့်အကဲဖြတ်စစ်ဆေးရေးလုပ်ငန်းကော်မတီ
    (၈) ရန်ပုံငွေရှာဖွေရေးနှင့် ဘဏ္ဍာရေးလုပ်ငန်းကော်မတီ တို့ကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့သိရပါတယ်။
    ဧရာဝတီတိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးကော်မတီ နှင့် လုပ်ငန်းကော်မတီ (၈) ရပ်ကို သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူတွေ၊အလုပ်ရှင်အလုပ်သမားကိုယ်စားလှယ်တွေ၊အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနှင့် ဖွဲ့စည်းထားပြီး စုစုပေါင်း (၁၃၉)ဦး နှင့် ဖွဲ့စည်းထားတယ်လို့သိရပါတယ်။

    (အထက်ဖော်ပြပါ အချက်အလက်တစ်ချို့ကို ဇွန်လ ၆ရက်နေ့ မှာ ပြုလုပ်တဲ့ ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီအစည်းအဝေးမှာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေး ရဲ့ မိန့်ခွန်းမှ ကောက်နှုတ်ထားတာပါ။)
    ဇွန်လ ၁၂ ရက်နေ့က ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အခမ်းအနား ဖြစ်ပြီး အခုနှစ်အတွက် ဆောင်ပုဒ်က “ Children Shouldn’t Work in Fields,But on Dreams!” ကလေးများသည် အနာဂတ် အိပ်မက်များ မက်နေရန်ဖြစ်ပြီး လုပ်ငန်းခွင်ဝင်ရောက်ရန်မဟုတ်ပါ လို့ သတ်မှတ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်ကျင်းပကြပါတယ်။
    ကမ္ဘာပေါ်မှာ ကလေးအလုပ်သမား ၁၅၂သန်းရှိပြီးတော့ အဲဒီအထဲက ၁၀မှာ ၇ဦးက စိုက်ပျိုးရေးကဏ္ဍမှာ အလုပ်လုပ်ကိုင်နေရကြောင်းသိရပါတယ်။
    မြန်မာနိုင်ငံမှာ အသက် (၁၈)နှစ်အောက် လူဦးရေက နိုင်ငံလူဦးရေရဲ့ ၃၃.၈၃ရာခိုင်နှုန်းရှိပြီး မြို့ပြမှာ ၈.၈၅ရာခိုင်နှုန်း နှင့် ကျေးလက်မှာ ၂၄.၉၈ရာခိုင်နှုန်းရှိပြီး ကလေးဦးရေများပြားတဲ့နိုင်ငံ ဖြစ်ပါတယ်။
    အသက် (၅)နှစ် မှ (၁၇) နှစ် အတွင်း ကလေးစုစုပေါင်း ၁၂သန်း ရှိတဲ့အထဲမှာ ကလေး (၁၀)ယောက်အနက် (၁)ယောက်က ကလေးအလုပ်သမားဖြစ်နေတယ်လို့ ILO စစ်တမ်းအရ သိရှိရပါတယ်။
    ဧရာဝတီတိုင်းဒေသကြီးက စိုက်ပျိုးရေးကို အဓိက စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ်လုပ်ကိုင်တဲ့ ဒေသဖြစ်တာကြောင့် ကလေးအလုပ်သမားများပြားသည့်ဒေသတွင် ပါဝင်ပြီး ကလေးအလုပ်သမားပပျောက်ရေးကို အဓိကဦးစားပေးဆောင်ရွက်ရမယ့် ကိစ္စတစ်ခုအဖြစ်ဖြေရှင်း ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက ပြောကြားထားပါတယ်။
    (အထက်ဖော်ပြပါ အချက်အလက်များသည် ၂၀၁၉ခုနှစ် ဇွန်လ ၁၂ရက်နေ့မှာ ပုသိမ်မြို့တော်ခန်းမမှာ ပြုလုပ်တဲ့ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေး ပြောကြားသည့် အဖွင့်မိန့်ခွန်းမှ ကောက်နှုတ်ထားခြင်းဖြစ်ပါတယ်။)

    5 126,696 63,860 62,836 13,412 6,846 6,566 113,284 57,014 56,270
    6 126,970 63,961 63,009 13,925 7,082 6,843 113,045 56,879 56,166
    7 124,927 63,407 61,520 14,049 7,103 6,946 110,878 56,304 54,574
    8 116,685 58,357 58,328 13,441 6,740 6,701 103,244 51,617 51,627
    9 120,735 61,114 59,621 13,530 6,895 6,635 107,205 54,219 52,986
    10 126,796 64,449 62,347 14,280 7,364 6,916 112,516 57,085 55,431
    11 121,072 61,188 59,884 14,010 7,170 6,840 107,062 54,018 53,044
    12 129,519 65,958 63,561 15,905 8,341 7,564 113,614 57,617 55,997
    13 131,878 66,963 64,915 17,601 9,195 8,406 114,277 57,768 56,509
    14 121,744 61,201 60,543 16,844 8,534 8,310 104,900 52,667 52,233
    15 116,699 59,605 57,094 15,843 8,217 7,626 100,856 51,388 49,468
    16 102,693 51,495 51,198 14,654 7,255 7,399 88,039 44,240 43,799
    17 104,261 52,482 51,779 15,586 7,855 7,731 88,675 44,627 44,048
    18 109,540 53,787 55,753 16,617 8,013 8,604 92,923 45,774 47,149
    (အထက်ဖော်ပြပါ အချက်အလက်စာရင်းဇယားများသည် ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များမှ ဧရာဝတီတိုင်းဒေသကြီးထဲက အသက် ၅နှစ်ကနေ အသက် ၁၈နှစ်အထိ လူဦးရေစာရင်းကို ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါတယ်။)
    ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်တွေအရ ဧရာဝတီတိုင်းဒေသကြီးထဲမှာ လူဦးရေ ၆သန်းကျော် (၆,၁၈၄,၈၂၉) ရှိပြီး အသက် ၅နှစ်ကနေ ၁၈နှစ်အထိ လူဦးရေပါဝင်မှုက ၁၆သိန်း၈သောင်းကျော် (၁၆၈၀၂၁၅)ပါဝင်ကာ ဧရာဝတီတိုင်းဒေသကြီးလူဦးရေစုစုပေါင်းရဲ့ ၂၇ ရာခိုင်နှုန်းကျော်ပါဝင်တယ်လို့သိရပါတယ်။
    ဧရာဝတီတိုင်းဒေသကြီးစုစုပေါင်းလူဦးရေရဲ့ လေးပုံတစ်ပုံကျော်က အသက် ၅နှစ်အရွယ်က နေ အသက် ၁၈နှစ်အရွယ်အတွင်းကလေးငယ်တွေနှင့် လူငယ်တွေဖြစ်နေတာပါ။
    အသက် ၅နှစ်အရွယ်က နေ အသက် ၁၈နှစ်အရွယ်အတွင်း လူဦးရေ ၁၆သိန်း ၈သောင်းကျော် ထဲမှာ ဥပဒေအရ အလုပ်လုပ်ကိုင်ခြင်းကိုတားမြစ်ထားတဲ့ အသက် ၅နှစ်ကနေ ၁၄နှစ်အထိ အရွယ်လူဦးရေ က ၁၂သိန်းလေးသောင်းကျော်(၁၂၄၇၀၂၂) ပါဝင်ပြီး ၇၄ရာခိုင်နှုန်းကျော်ပါဝင်ပါတယ်။
    အဲဒီအပြင် အသက် ၅နှစ်အရွယ်က နေ အသက် ၁၈နှစ်အရွယ်အတွင်း လူဦးရေ ၁၆သိန်း ၈သောင်းကျော် ထဲ တစ်နေ့ကို (၄)နာရီထက်မပိုဘဲ အလုပ်လုပ်ကိုင်ခွင့်ပြုထားတဲ့ မှာ အသက်၁၄နှစ် ကနေ ၁၆နှစ်အတွင်းက လူဦးရေ သုံးသိန်းလေးသောင်းကျော် (၃၄၁၁၃၆) နဲ့ သက်ဆိုင်ရာဆရာဝန်ရဲ့လူကြီးအလုပ်သမားကဲ့သို့ လုပ်ကိုင်နိုင်ကြောင်း ထောက်ခံချက်နဲ့ လူကြီးအလုပ်သမားအလုပ်ချိန်ဖြစ်တဲ့ တစ်နေ့ (၈)နာရီ နှင့် ရက်သတ္တပတ် (၁)ပတ်ကို ၄၄နာရီလုပ်ကိုင်နိုင်တယ်လို့ ပြဌာန်းထားတဲ့ လူဦးရေ က သုံးသိန်းတစ်သောင်းကျော် (၃၁၆၄၉၄) ရှိတယ်လို့သိရပါတယ်။
    အသက် ၅နှစ်အရွယ်က နေ အသက် ၁၈နှစ်အရွယ်အတွင်း လူဦးရေ ၁၆သိန်း ၈သောင်းကျော်ထဲမှာ ကျေးလက်နေလူဦးရေက ၈၇ ရာခိုင်နှုန်းကျော်ပါဝင်ပြီး မြို့ပြနေ လူဦးရေက ၁၂ရာခိုင်နှုန်းကျော်ပါဝင်ပါတယ်။
    အဲဒီအချက်အလက်တွေက ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအချက်အလက်တွေဖြစ်ပြီးတော့ ပြည်သူ့အင်အားဦးစီးဌာန ကနေ ဧရာဝတီတိုင်းဒေသကြီးရဲ့ ၂၀၁၉ခုနှစ်မှာ ဖြစ်ပေါ်နေတဲ့ ခန့်မှန်းလူဦးရေကို ၆၂သိန်း၇သောင်းကျော်ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။
    ၂၀၁၄ခုနှစ်က ၅နှစ်အရွယ်ကလေးငယ်က အခု ၂၀၁၉ ခုနှစ်မှာ ၁၀နှစ်အရွယ်ဖြစ်နေပြီး အသက် ၁၈နှစ်အရွယ်လူငယ်က အသက် ၂၃နှစ်အရွယ်ရှိနေပြီ ဖြစ်နေမှာပါ။
    ဧရာဝတီတိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးကော်မတီနှင့် လုပ်ငန်းကော်မတီတွေကတော့ တိုင်းဒေသကြီးထဲက ကလေးအလုပ်သမားစာရင်းကို တိတိကျကျရရှိစေဖို့အတွက် စာရင်းကောက်ယူတဲ့လုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပါပြီ။
    ကလေးအလုပ်သမား များပြားတဲ့အခြေအနေဖြစ်နေတဲ့ ဧရာဝတီတိုင်းဒေသကြီးနဲ့ပတ်သတ်တဲ့ သတင်းနှင့်သတင်းဆောင်းပါးတွေကို ရေးသားရာမှာ အထောက်အကူဖြစ်စေဖို့ အခြေခံအချက်အလက်တွေကို အခုလိုစုစည်းဖော်ပြလိုက်ရပါတယ်။
    ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ကို dowload လုပ်ရန်

    ၂၀၁၆ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေ ကို dowload လုပ်ရန်

    Photo by Zeyn Afuang on Unsplash


    မွန်ပြည်နယ် လွှတ်တော်က အတည်ပြုထားသည့် ဥပဒေအကြောင်း သိကောင်းစရာ

    ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဇယား(၂)အရ မွန်ပြည်နယ် လွှတ်တော်မှ ပြဌာန်းလိုက်သည့် ဥပဒေ ၂၁ ခုအထိ ရှိနေသည်။
    ဥပဒေ ၂၁ ခုတွင် ပထမအကြိမ် မွန်ပြည်နယ် လွှတ်တော် သက်တမ်းမှာ ၁၈ ခု၊ ဒုတိယအကြိမ်မွန်ပြည်နယ် သက်တမ်း (ယနေ့) အထိ ၃ ခုကို အတည်ပြု ပြဌာန်းနိုင်ခဲ့သည်။
    တည်ပြုထားသည့် ဥပဒေများမှာ
    ၁။ မွန်ပြည်နယ်အတွင်း ပုဂ္ဂလိကယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေ
    ၂။ မွန်ပြည်နယ် ယစ်မျိုးခွန် ဥပဒေ
    ၃။ မွန်ပြည်နယ် မြေယာခွန် ဥပဒေ
    ၄။ မွန်ပြည်နယ် ကုန်တင်ကုန်ချလုပ်ငန်း ဥပဒေ
    ၅။ မွန်ပြည်နယ် မီးဘေးနှင့် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး ဥပဒေ
    ၆။ မွန်ပြည်နယ် ဇာတ်ရုံများ ကြီးကြပ်ရေး ဆိုင်ရာ ဥပဒေ
    ၇။ မွန်ပြည်နယ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆု ပစ္စည်းများ ချီးမြှင့်ခြင်း ဥပဒေ
    ၈။ မွန်ပြည်နယ် ကျေးရွာထင်းစိုက်ခင်း ဥပဒေ
    ၉။ မွန်ပြည်နယ် ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ
    ၁၀။ မွန်ပြည်နယ် ပုဂ္ဂလိကပိုင် ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ဥပဒေ
    ၁၁။ မွန်ပြည်နယ် မြေသြဇာများ စနစ်တကျ ထုတ်လုပ်သုံးစွဲရေးဥပဒေ
    ၁၂။ မွန်ပြည်နယ် ဆားနှင့် ဆားထွက်ပစ္စည်း ဥပေ။
    ၁၃။ မွန်ပြည်နယ် ငါးလုပ်ငန်း ဥပဒေ
    ၁၄။ မွန်ပြည်နယ် လမ်းများ တံတားများ ဥပဒေ
    ၁၅။ မွန်ပြည်နယ် တိုင်းရင်းဆေးဝါး ဥပဒေ
    ၁၆။ မွန်ပြည်နယ် တိရစ္ဆာန်မွေးမြူရေးနှင့် စနစ်တကျ ထိန်းကျောင်းရေး ဥပဒေ
    ၁၇။ မွန်ပြည်နယ် အိမ်တွင်း စက်မှုလက်မှု လုပ်ငန်များ ဥပဒေ
    ၁၈။ မွန်ပြည်နယ် အပန်းဖြေစခန်းများ၊ တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဥယျာဉ် ဥပဒေ
    ၁၉။ မွန်ပြည်နယ် အလတ်စားနှင့် အသေးစား ပုဂ္ဂလိက လျှပ်စစ်ဓါတ်အား ထုတ်လုပ် ဖြန့်ဖြူးရေးဆိုင်ရာ ဥပဒေ
    ၂၀။ မွန်ပြည်နယ် စည်ပင်သာယာရေး ဥပဒေ
    ၂၁။ မွန်ပြည်နယ် စည်ပင်သာယာရေးဆိုင်ရ အခွန်၊ အခ၊အကောက်များ ဥပဒေ။
    ဒုတိယအကြိမ်မွန်ပြည်နယ် သက်တမ်းမှာ ပြဌာန်းထားသည့် ဥပဒေ သုံး ခုမှာ မွန်ပြည်နယ် အလတ်စားနှင့် အသေးစား ပုဂ္ဂလိက လျှပ်စစ်ဓါတ်အား ထုတ်လုပ် ဖြန့်ဖြူးရေးဆိုင်ရာ ဥပဒေ၊ မွန်ပြည်နယ် စည်ပင်သာယာရေး ဥပဒေ၊ မွန်ပြည်နယ် စည်ပင်သာယာရေးဆိုင်ရ အခွန်၊ အခ၊အကောက်များ ဥပဒေ တို့ပဲ ဖြစ်သည်။
    မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေများနှင့် ပတ်သက်လျှင် မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦး၊ ဖုန်း 09459005003 ၊ ဥပဒေပြုရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့ ဖုန်း 09254195558 တို့ကို ဆက်သွယ် မေးမြန်းနိုင်သည်။ ဥပဒေများကိုလည်း http://www.monhluttaw.com/ ဝက်ဆိုဒ်များ ဝင်ရောက် လေ့လာနိုင်သည်။


    ဧရာဝတီတိုင်းဒေသကြီးရဲ့ ပိုးသတ်ဆေးလုပ်ငန်းနှင့် တိုင်းဒေသကြီးပိုးသတ်ဆေးဥပဒေ

    ဧရာဝတီတိုင်းဒေသကြီးအပင်နှင့်သီးနှံဖျက်ပိုးမွှားရောဂါကာကွယ်ရေးဥပဒေကို ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က ၂၀၁၄ခုနှစ်မှာပြဌာန်းထားပါတယ်။
    အခန်း ၁၃ခန်းပါတဲ့ အဲဒီဥပဒေမှာ လိုင်စင်စီစစ်ထုတ်ပေးဖို့ ၊ ကော်မတီဖွဲ့စည်းပြီး စစ်ဆေးရေးအဖွဲဲ့တွေနှင့် ပိုးသတ်ဆေးဆိုင်တွေကို စစ်ဆေးဖို့နှင့် စည်းကမ်းဖောက်ဖျက်တာတွေကို ငွေဒဏ်ကျပ်ဒဏ်ငွေ နှစ်သိန်းနှင့်ထောင်ဒဏ်ခြောက်လကနေ ဒဏ်ငွေ သုံးသိန်းနှင့် ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်တဲ့ ပြစ်မှုပြစ်ဒဏ်တွေကိုပြဌာန်းထားပါတယ်။
    ဧရာဝတီတိုင်းဒေသကြီးထဲမှာ မိုးစပါးစိုက်ဧက ၃၇သိန်းကျော်နှင့် နွေစပါးစိုက်ဧက ၁၄သိန်းနီးပါး ရှိပါတယ်။
    တစ်နိုင်ငံလုံးမိုးစပါးစိုက်ဧက ရဲ့ ၂၄ရာခိုင်နှုန်းနှင့် နွေစပါးစိုက်ဧက ရဲ့ ထက်ဝက်ကျော်ရှိတာကိုလည်း စိုက်ပျိုးရေးဦးစီးဌာနရဲ့ စာရင်းမှတ်တမ်းနှိုင်းယှဉ်ချက်တွေအရသိရပါတယ်။
    စပါးစိုက်တောင်သူတွေအနေနဲ့ သွင်းအားစုကုန်ကျစရိတ်တွေထဲမှာ အဓိကအနေနဲ့ မဟုတ်ပေမယ့် လိုအပ်ချက်တစ်ခုအနေနဲ့ပါဝင်နေတာက ပိုးသတ်ဆေးပါ။ ရာသီဥတုမမှန်တာတွေ မျိုးစေ့မသန့်လို့ အပင်ဖျက်ပိုးမွှားရုပ်လောင်း တွေပါဝင်ပြီး စိုက်ခင်းထဲ ပျံ့နှံ့ကုန်လို့ သီးနှံ့အထွက်နှုန်းလက်လွတ်ဆုံးရှုံးရတာတွေ ကလည်း မကြာခဏ မြင်နေကြားနေရတဲ့ ပြဿနာတွေပါ။
    တစ်ခါတစ်လေ သီးနှံဖျက်ပိုးမွှားကျရောက်လို့ လယ်စိုက်ဧက တစ်ဧကရဲ့သွင်းအားစုကုန်ကျစရိတ်ထက်ဝက်ကျော်က ပိုးသတ်ဆေးဖိုးဖြစ်သွားပြီး တံစဉ်လွတ်တယ်လို့ခေါ်တဲ့ ရိတ်သိမ်းချိန်မှာ ကျရောက်တဲ့ ပိုးမွှားနှင့်မှိုရောဂါတွေက အနိုင်ရပြီး ကုန်ကျငွေ တစ်ပြားမှပြန်မပေါ်ဘဲ လယ်ရှုံးကြွေးတင်ဖြစ်တဲ့ လယ်သမားတွေက အများအပြားပါ။
    အဲ့ဒါကို ပိုးကနိုင်သွားတာ လို့ အရပ်ခေါ်ခေါ်ကြတဲ့ အချိန်မီ ပိုးမွှားကျရောက်တာကိုမထိန်းသိမ်းနိုင်တာနှင့် အနာနဲ့ဆေးလွဲတာလို့ အရပ်ခေါ်ခေါ်ကြတဲ့ ကျရောက်တဲ့ ပိုးမွှားကို နှိမ်နင်းဖို့ အသုံးပြုတဲ့ ပိုးသတ်ဆေးအမျိုးအစားမမှန်တာကြောင့်လည်း ဖြစ်တယ်လို့ စိုက်ပျိုးရေးဌာနရဲ့ သီးနှံကာကွယ်ရေးပညာရှင်တွေက ဆိုပါတယ်။
    မြန်မာနိုင်ငံထဲကို ဝင်ရောက်နေတဲ့ ပိုးသတ်ဆေးတွေနဲ့ ပြည်တွင်းကထုတ်လုပ်တဲ့ ပိုးသတ်ဆေးတွေကို တောင်သူတွေဆီကိုရောင်းချပေးတဲ့သူတွေရဲ့ နားလည်တတ်ကျွမ်းမှုက တောင်သူတွေ မလိုအပ်ဘဲ ဆုံးရှုံးတာတွေမဖြစ်စေဖို့အတွက် အရေးကြီးနေပါတယ်။
    စိုက်ပျိုးရေးဦးစီးဌာနကနေ သင်တန်းတွေပေးပြီးတော့ ပိုးသတ်ဆေးအရောင်းဆိုင်တွေကို အသိအမှတ်ပြုလက်မှတ်တွေကိုလည်း ဥပဒေနဲအညီ ထုတ်ပေးတယ်လို့ ဆိုပါတယ်။
    ဧရာဝတီတိုင်းဒေသကြီးထဲမှာ ဥပဒေနှင့်အညီ ရောင်းချခွင့်လိုင်စင်ထုတ်ပေးထားတဲ့ ပိုးသတ်ဆေးဆိုင် ၈၀ဝကျော်ရှိနေပြီလို့လည်း ၂၀၁၉ခုနှစ် မတ်လ ၂ရက်နေ့မှာ အိမ်မဲမြို့နယ်တောင်စုကျေးရွာမှာ ပြုလုပ်တဲ့ တောင်သူလယ်သမားနေ့အခမ်းအနားမှာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်က ပြောကြားထားပါတယ်။
    ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၇-၂၀၁၈ခုနှစ်ကနေ စတင်ကာ ၂၀၂၀-၂၀၂၁ခုနှစ် အထိ သီးနှံကာကွယ်ရေးလုပ်ငန်းတွေအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ကျပ်သန်း၁၈၀နီးပါး အကုန်အကျခံ ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့လည်း စိုက်ပျိုးရေးဦးစီးဌာနက လျာထားဆောင်ရွက်နေပါတယ်။
    ဧရာဝတီတိုင်းဒေသကြီးထဲက ပိုးသတ်ဆေးလုပ်ငန်းတွေနှင့် ပိုးသတ်ဆေးဥပဒေတွေ တောင်သူလယ်သမားတွေရဲ့ လိုအပ်ချက်တွေကို အခုရှာဖွေထားတဲ့အချက်အလက်တွေကနေတစ်ဆင့် သတင်းတွေနှင့် သတင်းဆောင်းပါးတွေထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။


    ဧရာဝတီတိုင်းဒေသကြီးထဲက အသေးစားနှင့်အလတ်စားလျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းတွေနှင့် တိုင်းဒေသကြီးဥပဒေအကြောင်း

    ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအချက်အလက်တွေအရ ဧရာဝတီတိုင်းဒေသကြီးမှာ လျှပ်စစ်ဓာတ်အားရရှိမှုနှုန်းက ၁၂ရာခိုင်နှုန်းသာရှိခဲ့ပေမယ့် ၂၀၁၈နှစ်ကုန်ပိုင်းမှာ ၁၇ရာခိုင်နှုန်းကျော်ရှိခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ထုတ်ပြန်ထားပါတယ်။
    ကျေးလက်နေလူဦးရေက ၈၆ရာခိုင်နှုန်းကျော်ရှိနေတဲ့ဧရာဝတီတိုင်းဒေသကြီးမှာ ကျေးလက်ဒေသတော်တော်များများမှာ လျှပ်စစ်မီးရရှိဖို့လိုအပ်ချက်တွေရှိနေသေးတာကို အချက်အလက်တွေက ဖော်ပြနေတာပါ။
    လျှစ်စစ်မီးရရှိမှုဟာ စီးပွားရေး၊သဘာပတ်ဝန်းကျင်နှင့် လူမှုဘဝအခြေအနေတွေကို များစွာရိုက်ခတ်မှုရှိပါတယ်။
    ကျေးလက်တွေမှာ လျှပ်စစ်မီးမရလို့ ဒေသထွက်ကုန်တွေ လေလွင့်ပျက်စီးတာတွေ၊ အသေးစားနဲ့အလတ်စားစက်မှုလက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးမှုအားနည်းတာ၊ ဒေသတွင်းသစ်ပင်တွေ လောင်စာအဖြစ်အခုတ်ခံရတာ၊ ဒေသတွင်းလုပ်သားတွေ ပြည်တွင်းပြည်ပကို ထွက်ပြီး အလုပ်လုပ်ရတာတွေက လျှပ်စစ်မီးမရတဲ့ အခြေအနေနှင့်ပတ်သတ်မှုရှိပါတယ်။

    ရင်းမြစ် – ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊JICA,Myanmar Survey Research
    ဧရာဝတီတိုင်းဒေသကြီးထဲက ပုသိမ်ခရိုင် ရွှေသောင်ယံမြို့ မီးလောင်ချိုင်ဒေသမှာ ၁၃၉၀မဂ္ဂါဝပ် ထွက်ရှိမယ့် သဘာဝဓာတ်ငွေ့ရည်နဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နေပြီး ပြီးစီးပါက နိုင်ငံတော်ဓာတ်အားလိုင်းထဲကို လျှပ်စစ်ဓာတ်အားပေါင်းထည့်မှာဖြစ်ပါတယ်။
    ဧရာဝတီတိုင်းဒေသကြီးထဲမှာ လက်ရှိအခြေအနေတွေအရ လျှပ်စစ် ၁၃၀မဂ္ဂါဝပ် အသုံးပြုနေပြီး လူနေအိမ်တွေက ၆၅ရာခိုင်နှုန်းနှင့် စက်ရုံနှင့်စီးပွားရေးလုပ်ငန်းတွေက ၃၅ရာခိုင်နှုန်းသုံးစွဲနေတာပါ။

    ဧရာဝတီတိုင်းဒေသကြီးရဲ့ အသေးစားနှင့်အလတ်စားလျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းအနေနဲ့ မြောင်းမြမြို့နယ်ထဲမှာ ၁.၈မဂ္ဂါဝပ်ထွက်ရှိတဲ့ စပါးခွံလောင်စာကနေလျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့စက်ရုံနှင့်မအူပင်စက်မှုဇုန်မှာ အထည်ချုပ်စက်ရုံ၄ရုံကို လျှပ်စစ်ဓာတ်အားပေးနိုင်ဖို့ HFO(Heavy Fuel Oil)ဓာတ်အားပေးစက်ရုံကနေ ၃၀မဂ္ဂါဝပ်လျှပ်စစ်ထုတ်နိုင်ဖို့ပြင်ဆင်နေပါတယ်။
    ကျိုတ်လတ်မြို့နယ်မှာလည်း ဆန်စက်နဲ့တွဲထားတဲ့ စပါးခွံကနေလျှပ်စစ်ဓာတ်အားထုတ်လုပ်မယ့်စက်ရုံကို တည်ဆောက်ဖို့ရှိပြီး ၂.၂မဂ္ဂါဝပ်ထွက်ရှိမှာဖြစ်တယ်လို့သိရပါတယ်။


    ဧရာဝတိုင်းဒေသကြီးရဲ့ ဓာတ်မြေသြဇာသုံးစွဲမှုနှင့် တိုင်းဒေသကြီးမြေသြဇာဥပဒေအကြောင်း


    ဧရာဝတီတိုင်းဒေသကြီးမှာ မိုးစပါးစိုက်ဧက ၃၇သိန်း နှင့် ဆောင်းစပါး စိုက်ဧက ၁၄သိန်းခန့်ကို နှစ်စဉ် စိုက်ပျိုးထုတ်လုပ်နေတဲ့တိုင်းဒေသကြီးဖြစ်ပါတယ်။ အဲဒီလို မိုးစပါးပြီး ဆောင်းစပါး ၊တစ်ရာသီ ပြီး တစ်ရာသီ ၊တစ်သီးပြီး တစ်သီး စိုက်ပျိုးထုတ်လုပ်နေတဲ့ အတွက် လယ်ယာမြေတွေမှာ အော်ဂဲနစ်နည်းနဲ့ စိုက်ပျိုးထုတ်လုပ်တယ်ဆိုတဲ့ အရေအတွက်က နည်းပါးပါတယ်။ အဲဒီတော့ ဓာတ်မြေသြဇာတွေကို အဓိကသွင်းအားစုအဖြစ်သုံးစွဲရပါတယ်။ လယ်သမားတွေက လယ်ယာမြေတစ်ဧက ကို အနည်းဆုံးတော့ ဓာတ်မြေသြဇာနှစ်အိတ်နှုန်းခန့် ထည့်သွင်းအသုံးပြုနေကြပါတယ်။ ဓာတ်မြေသြဇာရဲ့ သွင်းအားစုကုန်ကျစရိတ်ကတင် ငွေကျပ်တစ်သိန်းခန့်ကနေ တစ်သိန်းခွဲနှုန်းခန့်အထိ ကုန်ကျစရိတ်ရှိနေပါတယ်။
    ဧရာဝတီတိုင်းဒေသကြီးထဲမှာရှိနေတဲ့ စိုက်ဧက အရေအတွက်အရဆိုရင် များပြားလှတဲ့ပမာဏပါ။
    ဒါပေမယ့် ၂၀၁၄-၂၀၁၅ခုနှစ်က ကောက်ယူထားတဲ့စာရင်းတွေအရ တစ်နိုင်ငံလုံးဓာတ်မြေသြဇာလိုအပ်ချက်တွေရဲ့ ၆ ရာခိုင်နှုန်းကိုသာ ပြည်တွင်းက ထုတ်လုပ်နိုင်ပြီး ပြည်ပကနေ တင်သွင်းနေရတာက ၉၄ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။
    ပြည်ပကနေ တင်သွင်းလာတဲ့ ဓာတ်မြေသြဇာတွေရဲ့ အရည်အသွေးပိုင်းတွေကို စစ်ဆေးဖို့ကလည်းလိုအပ်ပါတယ်။ အဲဒီလို အရည်အသွေးပိုင်းတွေထဲမှာ သတ်မှတ်ထားတဲ့ နိုက်ထရိုဂျင်၊ပိုတက်ဆီယမ်နှင့်ဖော့စဖရပ်တို့လို အဟာရဓာတ်တွေအပြည့်အဝမပါတာတွေ ၊အိတ်ခွံမှာရိုက်နှိပ်ထားတဲ့ ပါဝင်ပစ္စည်းတွေနဲ့ အတွင်းမှာပါဝင်တဲ့ပစ္စည်းအရည်အသွေးကမတူညီတာတွေကိုလည်း တောင်သူတွေ ကြုံတွေ့နေရပါတယ်။
    အရည်အသွေးမပြည့်ဝတဲ့ဓာတ်မြေသြဇာနှင့် တောင်သူတွေရဲ့ ဓာတ်မြေသြဇာကျဲပက်ပုံနည်းစနစ်အားနည်းချက်တွေကြောင့် မြန်မာ့လယ်ယာလုပ်ငန်းခွင်မှာ မလိုအပ်ဘဲ လေလွင့်သွားတဲ့သွင်းအားစုကုန်ကျစရိတ်တွေကလည်းရှိနေပါတယ်။
    ဧရာဝတီတိုင်းဒေသကြီးကန်ကြီးထောင့်မြို့နယ်ထဲမှာ နိုင်ငံတော်ပိုင် အမှတ်၅ဓာတ်မြေသြဇာစက်ရုံက တစ်နေ့ကို တန်၃၀ဝကျော်ထုတ်လုပ်နိုင်တယ်လို့ သိရပါတယ်။စက်ရုံရဲ့ စွမ်းအင်နှင့်ကုန်ကြမ်းရရှိမှုပေါ်မူတည်ပြီးလည်ပတ်ရတာဖြစ်လို့ ပိတ်ထားရတဲ့ရက်တွေရှိတာကလည်း စိန်ခေါ်မှုဖြစ်နေပါတယ်။
    ဧရာဝတီတိုင်းဒေသကြီးပန်းတနော်မြို့နယ်မှာလည်း ဇီဝဓာတ်မြေသြဇာစက်ရုံတစ်ရုံရှိပေမယ့် ဇီဝဓာတ်မြေသြဇာက ကုန်ကြမ်းရှားပါးခြင်း နှင့် ဝယ်လိုအားနည်းခြင်း စိန်ခေါ်မှုတွေရှိနေပါတယ်။
    ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ရေတော်မိုးတော်မိုးစပါးစိုက်ဧက ၂၇သိန်းကို မြေဆီလွှာဓာတ်ခွဲစစ်ဆေးခြင်း မြေချဉ်ငန်ဓာတ်နှင့် အဟာရဓာတ်ပါဝင်မှုအပေါ်မူတည်ပြီး ထည့်သွင်းသင့်သော ထုံးပမာဏနှင့် ဓာတ်မြေသြဇာထောက်ခံချက်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနေတာ ၂၀၁၉ခုနှစ်မိုးမကျခင်မှာ အားလုံးဆောင်ရွက်ပေးနိ်ုင်မှာဖြစ်တယ်လို့ပြောထားပါတယ်။

    ရင်းမြစ် – ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊JICA,Myanmar Servey Research
    ဧရာဝတီတိုင်းဒေသကြီးထဲမှာ ဓာတ်မြေသြဇာတွေရဲ့ အရည်အသွေးစစ်ဆေးစီစစ်နိုင်ဖို့အတွက် တိုင်းဒေသကြီးလွှတ်တော်က ၂၀၁၂ခုနှစ်က ဥပဒေတစ်ခုပြဌာန်းထားပါတယ်။
    ၂၀ဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား၂မှာပြဌာန်းထားတဲ့အတိုင်း ဓာတ်မြေသြဇာများစနစ်တကျသုံးစွဲရေးနှင့် သဘာဝမြေသြဇာများစနစ်တကျထုတ်လုပ်သုံးစွဲရေးဥပဒေကို တိုင်းဒေသကြီးလွှတ်တော်က ပြဌာန်းထားတာပါ။
    အဲဒီဥပဒေမှာ အခန်း ၁၂ခန်းပါဝင်ပြီးတော့ လိုင်စင်မရှိဘဲ မြေသြဇာလုပ်ငန်းကို ထုတ်လုပ်၊သိုလှောင်၊ရောင်းချ၊ဖြန့်ဖြူးတာတွေ မပြုလုပ်ဖို့ နှင့် ပြစ်မှုပြစ်ဒဏ်တွေကိုပြဌာန်းထားပါတယ်။
    ဧရာဝတီတိုင်းဒေသကြီးထဲမှာ ဥပဒေနှင့်အညီ လိုင်စင်ထုတ်ပေးထားတဲ့ ဓာတ်မြေသြဇာဆိုင်ပေါင်း (၁၀ဝ၀)ရှိတယ်လို့ ၂၀၁၉ခုနှစ်မှာမတ်လ ၂ရက်နေ့မှာ ကျင်းပတဲ့ တောင်သူလယ်သမားနေ့ အခမ်းအနားမှာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်ကပြောကြားထားပါတယ်။

    ရင်းမြစ် – ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်


    မွန်ပြည်နယ် စည်ပင်သာယာရေး ဥပဒေအကြောင်း သိကောင်းစရာ

    တတိယအကြိမ် ပြင်ဆင်သည့် မွန်ပြည်နယ် စည်ပင်သာယာရေး ဥပဒေကို ၂၀၁၇ ခုနှစ် ဇွန်လ ၂၂ ရက်မှာ မွန်ပြည်နယ် လွှတ်တော်၌ အတည်ပြု ပြဌာန်းခဲ့သည်။
    ဥပဒေတွင် အခန်းပေါင်း (၂၁) ခန်း၊ ပုဒ်မပေါင်း ၁၀၅ ခုအထိ ပါဝင်လာသည်။ ယခု ပြင်ဆင်လိုက်သည့် ဥပဒေအရ မြို့နယ် စည်ပင်သာယာရေး ကော်မတီကို ပြည်သူလူထု၏ ဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက်ရမည် ဖြစ်သည်။
    ဥပဒေအရ မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီကို အဖွဲ့ဝင် ၁၂ ဦးဖြင့် ဖွဲ့စည်းထားပြီး၊ ကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် မွန်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးက တာဝန်ယူ ရမည်ဖြစ်ကာ အတွင်းရေးမှူး တာဝန်ကို မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးမှ ထမ်းဆောင်ရမည်ဖြစ်သည်။
    ကျန် အဖွဲ့ဝင် ၁၀ ဦးမှာ မြို့နယ် စည်ပင်သာယာကော်မတီ ဥက္ကဋ္ဌများ ဖြစ်သည်။ မြို့နယ် ကော်မတီကိုမူ အဖွဲ့ဝင် ရှစ် ဦးဖြင့် ဖွဲ့စည်းထားသည်။ ယခု ပြင်ဆင်ထားသော ဥပဒေအရ မြို့နယ် ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် လေး ဦးကို ပြည်သူများက ရွေးချယ်ရ မည်ဖြစ်သည်။ ထိုသို့ ရွေးချယ်ရာတွင် အိမ်ထောင်စုများ၏ ဆန္ဒမဲဖြင့် ရွေးကောက် တင်မြှောက်ရမည်ဖြစ်သည်။
    ကျန်ရှိသည့် အဖွဲ့ဝင် နှစ် ဦးမှာ ပြည်နယ် အစိုးရအဖွဲ့မှ ပေးပို့လာသော ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး တစ်ဦးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယ ဦးစီးမှူး တစ်ဦး ပါဝင်သည်။ မြို့နယ် စည်ပင်သာယာကော်မတီ၏ အမှုဆောင်အရာရှိမှာ ဥပဒေအရ အတွင်းရေးမှူး ဖြစ်သည်။
    ဥပဒေ၏ ပုဒ်မ ၉၂ နှင့် ၉၃ တို့ကို ရဲအရေးပိုင်သော ပုဒ်မများအဖြစ် သတ်မှတ်ထားသည်။ မည်သို့ပင်ဖြစ်စေ သတင်းသမားများအနေဖြင့် ပြန်လည် ပြင်ဆင်ထားသော ဥပဒေအရ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲကို ပြည်နယ် အစိုးရအနေဖြင့် မဖြစ်မနေ လုပ်ဆောင်ရမှာ ဖြစ်သော်လည်း ယနေ့အချိန်အထိ ရွေးကောက်ပွဲ လုပ်ဆောင်နိုင်ခြင်း မရှိသေးသော အခြေအနေကို စုံစမ်း ရေးသားနိုင်သည်။
    မွန်ပြည်နယ် စည်ပင်သာယာရေး ဥပဒေ အသေးစိတ်ကို အောက်ပါ link ၌ ဝင်ရောက် ဖတ်ရှု့လေ့လာနိုင်သည်။

    http://www.monhluttaw.com/wp-content/uploads/2015/03/Si-Pin.pdf


    ဧရာဝတီတိုင်းဒေသကြီးရဲ့၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်ဒေသန္တရစီမံကိန်းဥပဒေ

    ဧရာဝတီတိုင်းဒေသကြီးရဲ့ ၂၀၁၈-၂၀၁၉ခုနှစ်ဒေသန္တရစီမံကိန်းတွေရဲ့ အရေးကြီးတဲ့ရည်မှန်းချက်ကတော့ စုစုပေါင်းဝန်ဆောင်မှုနှင့်ထုတ်လုပ်မှုတန်ဖိုး (GDP) ကို ပုံမှန်ဈေးနှုန်းအရ ၆.၂ရာခိုင်နှုန်းတိုးတက်ဖို့ မျှော်မှန်းထားပါတယ်။

     

    ပုံမှန်ဈေးနှုန်းဆိုတာ အခြေခံနှစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေရဲ့ ဈေးနှုန်းတွေ ကိုခေါ်တာပါ။ကဏ္ဍအလိုက်တိုးတက်မှုနှုန်းတွေအနေနဲ့ ကတော့ ပုံမှန်ဈေးနှုန်းအရ ရာခိုင်နှုန်းအလိုက်တိုးတက်ဖို့ကိုလည်း ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းဥပဒေမှာခန့်မှန်းထားပါတယ်။

    နှစ်အလိုက်ဈေးနှုန်းဆိုတာက သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလို်က် ဖြစ်ပေါ်တဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုများရဲ့ဈေးနှုန်းကိုခေါ်တာ ပါ။နှစ်အလိုက်ဈေးနှုန်းတွေအရ ရင်းနှီးမြုပ်နှံမှုတွေမှာ နိုင်ငံပိုင်အခန်းကနေ ငွေကျပ်၁၀၁.၃၄၅ဘီလီယံ ကို ဧရာဝတီတိုင်းဒေသကြီးထဲမှာ ရင်းနှီးမြုပ်နှံသွားဖို့ရှိနေပါတယ်။

    ဧရာဝတီတိုင်းဒေသကြီးရဲ့ စုစုပေါင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုးမှာ နှစ်အလို်က်ဈေးနှုန်းတွေအရ လယ်ယာကဏ္ဍကြီးရဲ့ ပါဝင်မှုအချိုးအစားကို ၃၂.၉ ရာခိုင်နှုန်းကနေ ၃၁.ဝရာခိုင်နှုန်းကို စက်မှုကဏ္ဍကြီးရဲ့ ပါဝင်မှုအချိုးအစားကို ၃၁.၂ ရာခိုင်နှုန်းကနေ ၃၂.၈ ရာခို်င်နှုန်းကို ဝန်ဆောင်မှုကဏ္ဍကြီးရဲ့ ပါဝင်မှုအချိုးအစားကို ၃၅.၉ ရာခိုင်နှုန်းကနေ ၃၆.၂ရာခိုင်နှုန်းကို အသီးသီးဖြစ်ပေါ်ဖို့ ဒေသန္တရစီမံကိန်းဥပဒေမှာ မျှော်မှန်းထားတာပါ။

     

    ကဏ္ဍကြီးတိုင်းမှာအရင်နှစ်ထက်ပိုမိုရင်းနှီးမြုပ်နှံထားတာကြောင့် လူတစ်ဦးချင်းစီရဲ့ ပျှမ်းမျှထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (Per Capita GDP) ကို နှစ်အလိုက်ဈေးနှုန်းအရ ငွေကျပ် ၁၆၆၅၅၈၈ ကနေ ငွေကျပ် ၁၈၄၆၈၀၅ ကို တိုးတက်ဖြစ်ပေါ်လာဖို့ဧရာဝတီတိုင်းဒေသကြီးထဲမှာမျှော်မှန်းထားပါတယ်။

    လူတစ်ဦးချင်း ပျမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Per Capita GDP)

    2019-19 LEG law

    ရင်းမြစ် – ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့


    စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေသစ်အကြောင်း တစ်စေ့တစ်စောင်း

    ပထမအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အတွင်း ၂၀၁၂ခုနှစ်က အတည်ပြုခဲ့သည့် စည်ပင်သာယာရေးဥပဒေကို ပယ်ဖျက်ခဲ့ပြီး ၂၀၁၈ခုနှစ် အောက်တိုဘာလအတွင်းက ကျင်းပသော ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ဥပဒေအမှတ်(၆)ဖြင့် တိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေသစ်ကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။

    ဥပဒေသစ်က ဘာထူးခြားလဲ

    ယခင်က မြို့နယ်စည်ပင်သာယာရေးကော်မတီများကိုသာ ဥပဒေအရ ဖွဲ့စည်းခွင့်ရှိခဲ့ရာမှ ဥပဒေသစ်တွင် တိုင်းအဆင့် စည်ပင်သာယာရေးကော်မတီကို ဖွဲ့စည်းခွင့်ကို ထည့်သွင်းထားခဲ့သည်။
    ဆန္ဒမဲပေးပုံများကိုလည်းပြောင်းလဲခဲ့ပြီး ယခင်က မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ရွေးချယ်ရာတွင် ရပ်ကွက်တစ်ရပ်ကွက်လျှင် ကိုယ်စားလှယ် (၃)ဦးမှ မဲပေးရသည့်စနစ်ဖြင့် ရွေးချယ်ခဲ့ရသည်။ ဥပဒေသစ်တွင် အိမ်ထောင်စု တစ်စုလျှင် တစ်မဲ ဆန္ဒမဲပေးပိုင်ခွင့်ကို ထည့်သွင်းပြဌာန်းခဲ့သည်။

    စည်ပင်သာယာရေးဝန်ထမ်းများ အဂတိတရားမကင်းပါကလည်း အရေးယူနိုင်သည့် ပြစ်မှုနှင့်ပြစ်ဒဏ်များကို ပါအတိအကျ ဥပဒေတွင် ဖော်ပြထားသည်။

    စစ်ကိုင်းတိုင်းဒေသကြီးဥပဒေပြုရေးကော်မတီမှ စည်ပင်သာယာရေးဥပဒေအသစ်အတွက် ပြည်သူ၊ အရပ်ဖက်အဖွဲ့၊ မြို့နယ်များမှ စည်ပင်သာယာရေးကော်မတီဝင်များ နှင့် ထိတွေ့ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေသည် လူအများနှင့်ထိတွေ့ဆွေးနွေးပြီး ပေါ်ထွက်ခဲ့သော ဥပဒေသစ်ဖြစ်သည်။

    စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့သည့် စည်ပင်သာယာရေးဥပဒေသစ်ကို လေ့လာနိုင်ပါသည်။
    Sagaing Region Municipal Law (4-10-2018)


    တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကြားမှာ ပထမဆုံးရေးဆွဲလိုက်တဲ့ ဧရာဝတီတိုင်းဒေသကြီး တင်ဒါ SOPက ဘာထူးခြားလဲ

    ၂၀၁၈-၂၀၁၉ခုနှစ် ဘဏ္ဍာရေးနှစ်ကတော့ ကြားကာလဘတ်ဂျတ်ခံပြီး ပြောင်းလဲလိုက်တဲ့အတွက် အောက်တိုဘာလကနေ စက်တင်ဘာလအထိ ဘဏ္ဍာရေးနှစ် ကာလသတ်မှတ်ချက်ပြောင်းလဲမှုကို စတင်လိုက်တဲ့နှစ်ပါ။

    ဘဏ္ဍာရေးနှစ်ကာလသတ်မှတ်ချက်ကို ပြောင်းလဲလိုက်တဲ့ ၂၀၁၈-၂၀၁၉ခုနှစ်ဘဏ္ဍာရေးနှစ်မှာ ဧရာဝတီတိုင်းဒေသကြီးအစိုးရက တင်ဒါလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး တင်ဒါSOPတစ်ခု ရေးဆွဲလိုက်ပါတယ်။

    ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ တင်ဒါSOP (Standard Operating Procedure)ဆိုတာက တင်ဒါလုပ်ငန်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များနဲ့စည်းမျဉ်းစည်းကမ်းများကို ဒေသန္တရစီမံအုပ်ချုပ်မှုတစ်ရပ်အနေနဲ့ ရေးဆွဲသတ်မှတ်လိုက်တာပါ။

    တိုင်းဒေသကြီးနဲ့ပြည်နယ်တွေထဲမှာ ဧရာဝတီတိုင်းဒေသကြီးက ပထမဆုံးရေးဆွဲသတ်မှတ်နိုင်ခဲ့တာဖြစ်ပြီး အခုဘဏ္ဍာရေးနှစ်မှာ စတင်ကျင့်သုံးနေပြီပဲဖြစ်ပါတယ်။

    ဧရာဝတီတိုင်းဒေသကြီးတင်ဒါ (SOP)

    ဧရာဝတီတိုင်းဒေသကြီးတင်ဒါSOPကို နိုင်ငံတော်သမ္မတရုံးရဲ့ တင်ဒါလုပ်ထုံးလုပ်နည်းညွှန်ကြားချက် (၁/၂၀၁၇)နဲ့(၆.၉.၂၀၁၆)ရက်စွဲနှင့် ထုတ်ပြန်ထားတဲ့ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ကန်ထရိုက်စနစ်နှင့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမယ့် လုပ်ငန်းလမ်းညွှန်ချက်တို့အပေါ် အခြေခံပြီး ရေးဆွဲထားတာပါ။

    အဲဒီလိုအခြေခံရေးဆွဲထားတဲ့ နိုင်ငံတော်သမ္မတရုံးရဲ့ တင်ဒါလုပ်ထုံးလုပ်နည်းညွှန်ကြားချက် (၁/၂၀၁၇)ဟာဆိုရင် နိုင်ငံတော်ရဲ့ဘဏ္ဍာငွေတွေ လေ့လွင့်ဆုံးရှုံးတာမဖြစ်အောင် ထုတ်ပြန်ထားတဲ့ညွှန်ကြားချက်ဖြစ်ပါတယ်။ အဲဒီညွှန်ကြားချက်က အစိုးရအဖွဲ့အစည်းများရဲ့ လုပ်ငန်းတည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုများရယူခြင်း၊ ငှားရမ်းခြင်းနဲ့ရောင်းချခြင်းတွေ ဆောင်ရွက်ရာမှာ လိုက်နာကျင့်သုံးရမယ့်လုပ်ငန်းလမ်းညွှန်ချက်တစ်ခုပါ။
    နိုင်ငံတော်သမ္မတရုံးရဲ့ တင်ဒါလုပ်ထုံးလုပ်နည်းညွှန်ကြားချက် (၁/၂၀၁၇)ကို ထုတ်ပြန်ပြီးတဲ့နောက်ပိုင်း တစ်နိုင်ငံလုံးမှာရှိတဲ့ တင်ဒါလုပ်ငန်းတိုင်းက လိုက်နာဆောင်ရွက်နေတဲ့လမ်းညွန်ချက်ပဲဖြစ်ပါတယ်။

    AYA-SOP-rules and regulations

    နိုင်ငံတော်သမ္မတရုံးရဲ့တင်ဒါလုပ်ထုံးလုပ်နည်းညွှန်ကြားချက်(၁/၂၀၁၇)

    နိုင်ငံတော်သမ္မတရုံးရဲ့ တင်ဒါလုပ်ထုံးလုပ်နည်းညွှန်ကြားချက် (၁/၂၀၁၇)ကို ဖောက်ဖျက်ပါက နိုင်ငံတော်ရဲ့ ငွေကြေးပစ္စည်းထိခိုက်နစ်နာဆုံးရှုံးခဲ့ရင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခံရမယ်လို့လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတိပေးထားပါတယ်။

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ ပညာပေးဗီဒီယိုဖိုင်ကို လေ့လာနိုင်ပါတယ်

    နိုင်ငံတော်သမ္မရုံးရဲ့ ညွှန်ကြားချက်အပြင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ တင်ဒါSOPမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ကန်ထရိုက်စနစ်နှင့်လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမယ့် လုပ်ငန်းလမ်းညွှန်ချက်တို့အပေါ်အခြေခံပြီး ရေးဆွဲတဲ့နေရာမှာတော့ Design Bid Build Method (DBBM)စနစ်ကို အသုံးပြုထားပါတယ်။
    အဲဒီစနစ်က လုပ်ငန်းအပ်နှံ့တဲ့သူက Soil Test,Archtectural Drawings,Structure Drawings,M&E Drawings,BQ တွေကို ကြိုတင်လုပ်ဆောင်တွက်ချက်ကာ တင်ဒါယှဉ်ပြိုင်တဲ့သူတွေကို ကြိုတင်ဖြန့်ဝေမယ့်လုပ်ငန်းစဉ်ပါ။

    ငွေလုံးငွေရင်းအသုံးစရိတ်နဲ့ ကန်ထရိုက်လုပ်ငန်းတွေဆောင်ရွက်တဲ့နေရာမှာေ မြေသားစစ်ဆေးထားတာတွေ၊ ဒီဇိုင်းပိုင်းအတိအကျတွက်ချက်ပေးထားတာတွေကြောင့် လုပ်ငန်းအရည်အသွေး ကောင်းမွန်အောင်ပြုလုပ်ပေးမယ့် စနစ်တစ်ခုအဖြစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရကချမှတ်လိုက်တာပါ။
    ဒီဇိုင်းပိုင်းကို အတိအကျတွက်ချက်ထားပြီးဖြစ်တာကြောင့် တည်ဆောက်ရေးလုပ်ငန်း အချိန်မှီမပြီးစီးတဲ့အခြေအနေတွေကို ဧရာဝတီတိုင်းဒေသကြီးSOPနဲ့ ဖြေရှင်းဖို့ရေးဆွဲလိုက်တာပါ။
    ဘဏ္ဍာရေးနှစ်ရဲ့ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေတွေကနေ တည်ဆောက်ရမယ့်လုပ်ငန်းတွေကို ဒီဇိုင်းအသေးစိတ်ရေးဆွဲတင်ဒါပေးမယ့် စနစ်ဖြစ်တာကြောင့် ခွင့်ပြုရန်ပုံငွေကနေ မလုံလောက်ပါက ပွင့်လင်းမြင်သာစွာ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုဥပဒေမှာ ထည့်သွင်းရေးဆွဲနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

    AYA-SOP


    ဧရာဝတီတိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေအကြောင်း တစေ့တစ်စောင်း

    ဧရာဝတီတိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေကို ၂၀၁၃ခုနှစ်ကစတင်ပြဌာန်းခဲ့တာဖြစ်ပြီး ၂၀၁၄ခုနှစ်မှာတစ်ကြိမ်၊ ယခု၂၀၁၈ခုနှစ်မှာတစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်ပြင်ဆင်ခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁ဝရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေ ပေါ်ပေါက်လာပြီး ပထမအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က ၂၀၁၃ခုနှစ်မှာ ဥပဒေအမှတ် (၈/၂၀၁၃)အဖြစ် ဧရာဝတီတိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေကို စတင်ပြဌာန်းခဲ့တာပါ။

    တိုင်းဒေသကြီးအနေနဲ့ ပထမဆုံးယစ်မျိုးခွန်ဥပဒေ (၈/၂၀၁၃)မှာ ဥပဒေမပြဌာန်းခင် အရင်ကောက်ခံတဲ့နှုန်းထားထက် နှစ်ဆကနေ ဆယ်ဆအထိ တိုးမြှင့်ကောက်ခံဖို့ လျာထားနှုန်းထားတွေနဲ့ လိုင်စင်(၁၄)မျိုးအတွက်ထည့်သွင်းရေးဆွဲခဲ့တာပါ။

    2013 Yit Myoe Law

    ၂၀၁၃ခုနှစ် တိုင်းဒေသကြီးရဲ့ ပထမဆုံးယစ်မျိုးဥပဒေကို ၂၀၁၄ခုနှစ်မှာ ဧရာဝတီတိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအဖြစ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥပဒေအမှတ်၅/၂၀၁၄နဲ့ ပြင်ဆင်ဖြည့်စွက်ပြဌာန်းခဲ့ပါတယ်။

    အဲဒီပြင်ဆင်တဲ့၂၀၁၄ဥပဒေမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)က ထပ်မံထုတ်ပြန်ခဲ့တဲ့ ယစ်မျိုးခွန်တိုးမြှင့်ကောက်ခံရေးဥပဒေမှာ မပါဝင်ခဲ့တဲ့ ယစ်မျိုးခွန်နှုန်းထားတွေကို တိုးမြှင့်ကောက်ခံဖို့ဖြည့်စွက်ပြဌာန်းခဲ့တာပါ။

    2014 Yit Myoe Law-AYA

    ၂၀၁၄ဥပဒေမှာ လိုင်စင်အမျိုးအစား(၁၀)မျိုး ထပ်မံဖြည့်စွက်ခဲ့တဲ့အတွက် ဧရာဝတီတိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေအရ ကောက်ခံရမယ့်ယစ်မျိုးလိုင်စင်အမျိုးအစား (၂၄)မျိုးကို ဥပဒေနဲ့အညီ ကောက်ခံရမှာဖြစ်ပါတယ်။

    ၂၀၁၃ခုနှစ်မှာစတင်ပြဌာန်းခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီးယစ်မျိုးခွန်ဥပဒေကို ၂၀၁၄ခုနှစ်မှာ ပြင်ဆင်ဖြည့်စွက်ခဲ့ပြီးနောက် ၂၀၁၅ခုနှစ်ရွေးကောက်ပွဲနောက်ပိုင်း ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာတော့ ၂၀၁၈ခုနှစ်မှာ ထပ်မံပြင်ဆင်ခဲ့ပါတယ်။

    ၂၀၁၈ခုနှစ် နိုဝင်ဘာလမှာကျင်းပတဲ့ ဒုတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ယစ်မျိုးခွန်ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥပဒေအမှတ် (၈/၂၀၁၈) အဖြစ် ပြဌာန်းလိုက်တာပါ။

    အဲဒီဥပဒေအမှတ်(၈/၂၀၁၈)မှာတော့ ယစ်မျိုးခွန်ဥပဒေရဲ့ လိုင်စင်အမျိုးအစား(၂၄)ခုကို လိုင်စင်အမျိုးအစား(၅)ခု ထပ်တိုးခဲ့ပြီး အခုဆိုရင် နောက်ဆုံးပြင်ဆင်ဖြည့်စွက်ချက်တွေအရ ဧရာဝတီတိုင်းဒေသကြီးယစ်မျိုးခွန်ဥပဒေမှာ လိုင်စင်အမျိုးအစား စုစုပေါင်း (၂၉)ခုအထိ ရှိနေပြီဖြစ်ပါတယ်။ အဲဒီဥပဒေအမှတ်(၈/၂၀၁၈)မှာ ယစ်မျိုးခွန်ကောက်ခံမယ့်နှုန်းထားတွေကိုလည်း ပထမဥပဒေတွေမှာပါတဲ့ လိုင်စင်အလိုက် အမြင့်ဆုံးနှုန်းထားတွေနဲ့ တိတိကျကျ သတ်မှတ်ဖော်ပြထားပါတယ်။

    အဲ့ဒီအပြင် နိုင်ငံခြားအရက်လက်ကားရောင်းချခွင့် လိုင်စင်တွေဖြစ်တဲ့ FL-6,FL-8,D-1A,FL-11နှင့်FL-12 လိုင်စင်ရရှိသူတွေကို လိုင်စင်နေရာမှအပ အခြားနေရာတွေမှာ သိုလှောင်ခွင့်နှုန်းထားကောက်ခံကာ ထပ်ဆောင်းသိုလှောင်ခွင့်ပြုဖို့ဆိုတဲ့ နှုန်းထားတွေနဲ့ အချက်အလက်တွေပါဝင်ပါတယ်။

    2018 Yit Myoe Law

    အထက်ဖော်ပြပါအချက်အလက်တွေက ဧရာဝတီတိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေ စတင်ပြဌာန်းခဲ့တာကနေ အခုနောက်ဆုံးပြင်ဆင်ဖြည့်စွက်ပြဌာန်းခဲ့တဲ့အထိ ပါဝင်တဲ့အချက်အလက်တွေဖြစ်ပါတယ်။

    ဧရာဝတီတိုင်းဒေသကြီးမှာ ယစ်မျိုးခွန်ကောက်ခံရရှိမှု အခြေအနေတွေနဲ့ပတ်သက်ပြီး အခုနှစ်(၂၀၁၈-၂၀၁၉)ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီး ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေမှာ ယစ်မျိုးခွန်ကနေ ငွေကျပ်သန်းပေါင်း ၁၉၁၅သန်းရရှိဖို့ လျာထားတာကိုတွေ့ရပါတယ်။

    Ref;တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်


    တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်း(၂၀၁၈-၂၀၂၂)

    “အားလုံးအတွက် တိုးတက်ကောင်းမွန်သော တရားစီရင်ရေးစနစ်ဆီ”သို့ ဆောင်ပုဒ်နဲ့  မြန်မာနိုင်ငံတရားစီရင်ရေး ငါးနှစ်တာ စီမံကိန်းဖြစ်ပါသည်။

    ၂၀၁၅-၂၀၁ရ နှစ်နှစ်တာ တရားစီရင်ရေးစနစ်အောင်မြင်မှုအပေါ်အခြေခံပြီး အခု စီမံကိန်းကို ထပ်မံရေးဆွဲခြင်းဖြစ်ပါသည်။

    ယခုငါးနှစ်တာစီမံကိန်းတွင် အခြေခံဥပဒေက ပေးအပ်ထားသော နိုင်ငံသား တစ်ယောက်ချင်းစီအတွက် အခွင့်အရေးများကို အပြည့်အဝအကောင်အထည်ဖော်ပြီး လွတ်လပ်မျှတသော တရားစိရင်ရေးဖြစ်ပေါ်လာရန် မျှော်မှန်းထားပါသည်။

    ref; ပြည်ထောင်စု တရားလွှတ်တော်ချုပ်

    justice-strategic-plan-2018myan


    ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥပဒေ

    ဇွန် ၂၈ ရက်မှာ ပြဌာန်းလိုက်တဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေဖြစ်ပါတယ်။ ဥပဒေမှာ အခန်း ၃၁ ခန်းပါဝင်ပြီး ဥပဒေပုဒ်မပေါင်း ၃၉၉ ခုပါဝင်ပါတယ်။

    ရန်ကုန်တိုင်းဒေသကြီး အစိုးရကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ တိုင်းဒေသကြီးလွှတ်တော်ကို တင်သွင်းခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်း ဖြစ်ပါတယ်။ ဒီ ဥပဒေကြမ်းအရ အာဏာပိုင်အဖွဲ့ပေါင်း (၇) ဖွဲ့၊ ဌာန (၃) ဌာန နဲ့ တည်ဆောက်ရေး၊ ဝန်ဆောင်မှု၊ အပန်းဖြေ စတာတွေ အပါအဝင် တခြား စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ စီးပွားရေး လုပ်ငန်းအဖွဲ့အစည်းတွေကို ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။

    ရန်ကုန်မြို့တော်ရဲ့ စနစ်တစ်ခုလုံးကို ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ ဒီ စည်ပင်ဥပဒေကြမ်းကို မြန်မာနိုင်ငံပြန်တမ်းရဲ့ facebook စာမျက်နှာမှာ သွားရောက်ဖတ်ရှုနိုင်သလို Yagon Hluttaw facebook စာမျက်နှာ်မှာလည်း ထုတ်ပြန်ထား ပါတယ်။

    ဥပဒေအပြည့်အစုံကို အောက်ပါ link မှာဒေါင်းလုတ်ရယူနိုင်ပါတယ်။

    https://drive.google.com/file/d/1_PyalK_o0rcOfHK1B2TI41eP64u6Oe9Y/view


    လတ်တလောရေပန်းစားနေတဲ့ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ

    လတ်တလောရေပန်းစားနေတဲ့ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေဖြစ်ပါသည်။  Multi-level Marketing ကုမ္ပဏီများကို အရေးယူမည့်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဥပဒေလည်းဖြစ်ပါသည်။ ယခုဥပဒေကို ၂၀၁၂ ခုနှစ်မှာ ပြဌာန်းခဲ့တာဖြစ်ပြီး  ဩဂုတ်ထဲမှာ ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။

    ၁၉၄ရ ခုနှစ်တွင်ပြဌာန်းခဲ့သော The Essential Supplies and Services Act ကိုရုပ်သိမ်းပြီး အသစ်ပြဌာန်းလိုက်သော ဥပဒေလည်းဖြစ်ပါသည်။

    ဥပဒေတွင် အခန်း ၅ ခန်း၊ ပုဒ်မ ၁၂ ခုပါရှိပြီး အခန်း(၄)တွင် ပြစ်မှုနှင့် ပြစ်ဒဏ်များကို ဖော်ပြထားပါသည်။

    အခန်း(၄)တွင် ဖော်ပြထားသော ပြစ်မှုနှင့် ပြစ်ဒဏ်များအရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ် ခြောက်လမှ အများဆုံး ထောင်ဒဏ် သုံးနှစ် အထိချမှတ်ရမည့်ပြင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်ကိုလည်း ချမှတ်ခြင်းခံရမည်ဟုပြဌာန်းထားပြီး အမှုမှာ ရဲအရေးပိုင်မှုဖြစ်သည်ဟုလည်းဖော်ပြထားပါသည်။

    “အရေးကြီးကုန်စည်”ဆိုသည်မှာ ဤဥပဒေအရ ဝန်ကြီးဌာနတစ်ခုခုက အခါအားလျော်စွာ သတ်မှတ်သော သက်ရှိကုန်စည် သို့မဟုတ် သက်မဲ့ကုန်စည်တစ်မျိုးမျိုးကိုဆိုသည်ဟုလည်း အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။

    အောက်ပါလင့်တွင် ဥပဒေကို ဒေါင်းလုတ်ရယူနိုင်ပါသည်။

    ref;  အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ

     


    မြန်မာ့ခရီးသွားလုပ်ငန်း ဥပဒေ(၂၀၁၈)

    မြန်မာ့ခရီးသွားလုပ်ငန်း ဥပဒေကို ၂၀၁၈ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့မှာ ပြည်ထောင်စု လွှတ်တော်ကနေ အတည်ပြုလိုက်ပါတယ်။

    ဒီဥပဒေထဲမှာ ခရီးသွားလုပ်ငန်းနဲ ပါတ်သက်တဲ့ စီမံခန့်ခွဲမှု အပိုင်းတွေ၊အဓိပ္ပါယ်ဖွင့်ဆိုချက် တွေနဲ လုပ်ငန်းဆောင်ရွှက်ရမယ့် အပိုင်းတွေ ဖော်ပြထားပါတယ်။

    Tourism2018


    မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈ ခုနှစ်)

    မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၈ ခုနှစ်) ကို ပြည်ထောင်စု လွှတ်တော်က စက်တင်ဘာ ၁၂ တွင် ထုတ်ပြန်ခဲ့သည်။

    ဥပဒေပြင်ဆင်ချက်တွင် အပုဒ်ပေါင်း ၂၅ ခုပါဝင်ပြီး မြေရိုင်းနှင့်ပတ်သက်ပြီး အဓိပ္ပာယ်ပြန်လည်ဖွင့်ဆိုခြင်း၊ မြေလွတ်၊မြေလတ်၊မြေလပ်၊မြေရိုင်းစီမံခန့်ခွဲမှုကော်မတီ၊ ဗဟုိုကော်မတီများဖွဲ့စည်းမှုကို ပြန်လည်ပြင်ဆင်ခြင်း၊ ခွင့်ပြုမိန့်ထုတ်ပေးခွင့်ရှိသည့် မြေပမာဏ၊ ခွင့်ပြုကာလ သတ်မှတ်ချက်များကို အပြောင်းအလဲလုပ်ထားသည်ကို တွေ့ရပြီး၊ ပြစ်မှုနှင့် ပြစ်ဒဏ်ပိုင်းတွင်လည်း ပြင်ဆင်မှုများပြုလုပ်ခဲ့ထားပါသည်။

    ထို့အပြင် မြေယာမဲ့နိုင်ငံသားများ၊ လုပ်ကွက်ငယ်လယ်သမားများ မြေလွတ်မြေလပ်မြေရိုင်းကို လျှောက်ထားလုပ်ကိုင်နိုင်ခွင့်ကိုလည်း ထပ်မံထည့်သွင်းထားသည်။

    မြေလွတ်၊မြေလပ်၊မြေရိုင်းလျှောက်ထားခြင်းမရှိဘဲ လုပ်ကိုင်နေတဲ့သူတွေဟာ အခုဥပဒေထုတ်ပြန်ပြီး ခြောက်လအတွင်း လျောက်ထားဖို့လိုအပ်မှာဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်နေရင် ပြန်လည်သိမ်းဆည်းမှာဖြစ်ပါတယ်။

    ဥပဒေပြင်ဆင်ချက်မှာ မြေယာမဲ့နိုင်ငံသားများအရေးပါဝင်လာမှုနဲ့ အရပ်ဖက်အဖွဲ့အစည်းများ စီမံခန့်ခွဲမှုကော်မတီမှာ ပါဝင်ခွင့်၊ တိုင်းရင်းသားမာျးရဲ့ ဓလေ့ထုံးထမ်းအစဉ်အလာအရ အသုံးပြုနေတဲ့ မြေယာကိစ္စတွေကိုလည်း အသိအမှတ်ပြုထားပါ တယ်။

     

    ref; ပြည်ထောင်စုလွှတ်တော်


    Arrival / Departure Cards ဖြည့်စွက်ရန်မလိုတော့ပါ

    စက်တင်ဘာ ၁၂ ရက်ကစပြီးတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှာ ပြည်ပထွက်ခွာ/ဆိုက်ရောက်ခရီးသည်များအတွက် Arrival / Departure Cards ဖြည့်စွက်စရာမလိုတော့ဘူးလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက စက်တင်ဘာ ၁၁ ရက်မှာ ကြေညာပါတယ်။

    မြန်မာနိုင်ငံမှာ ခရီးသွားဝင်ရောက်မှု ပိုမိုတိုးတက်လာစေဖို့အတွက် အခုလို ပယ်ဖျက်လိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

    မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတစ်ချို့မှာတော့ ဒီ ဆိုက်ရောက်/ထွက်ခွာပုံစံဖောင် Arrival / Departure Cards တွေ သုံးနေပါသေးတယ်။ ဒီလိုမဖြုတ်လိုက်တဲ့အတွက် လေကြောင်းလိုင်းတွေအနေနဲ့ လေယာဉ်ပေါ်ပါတဲ့ ခရီးသည်အရေအတွက်စာရင်းနဲ့ အမှန်တကယ် အောက်ကိုဆင်းလာတဲ့ ခရီးသည်အရေအတွက် ကိုက်ညီမှုရှိမရှိကိုတော့ တာဝန်ယူရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

     

    ဆက်ပြီး အကောက်ခွန် ကြေညာလွှာ ပုံစံကိုလည်း ပယ်ဖျက်လိုက်မယ်ဆိုရင်တော့ ပိုပြီးတော့ ခရီးသည်တွေအတွက် လွယ်ကူသက်သာလိမ့်မယ်လို့လည်း တိုက်တွန်းမှုတွေရှိပါတယ်။ဥပမာအား Green Channel (ကြေညာဖို့ မလိုတဲ့ ထွက်ပေါက်) နဲ့ Red Channel (ကြေညာဖို့လိုတဲ့ ထွက်ပေါက်) လို့ခွဲထားနိုင်ပြီး ကြေညာဖို့ လိုသူတွေပဲ Red Channel (ကြေညာဖို့လိုတဲ့ ထွက်ပေါက်)ကဝင်ပြီး ကြေညာလွှာ ပုံစံဖြည့်စွက်ပြီး ကြေညာရုံပဲဆိုရင်တော့ ခရီးသွားတွေအတွက် ပိုမိုလွယ်ကူသက်သာလာမှာ ဖြစ်ပါတယ်။

    ခရီးသည်အများစု ကြေညာဖို့မလိုတဲ့သူတွေဖြစ်နေတဲ့အတွက် သူတို့ အတွက် အလုပ်ရှုပ် သက်သာသွားမှာဖြစ်တယ်လို့လည်း သုံးသပ်လို့ရပါတယ်။

    ခရီးသွားဝင်ရောက်မှုလျော့ကျနေချိန်ဖြစ်တဲ့အတွက် အခုကြေညာကို ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းက ကြိုဆိုကြပါတယ်။

     

    ဓာတ်ပုံ-အင်တာနက်

     

     


    သတင်းသမားများသိထားသိသော ဥပဒေရေးရာ သုုတေသနမှတ်စုုများ

    စီးပွားရေးသတင်းသမားတွေသာမက သတင်းမီဒီယာလောကသားတွေ အနေနဲ့ ဘယ်လိုုဥပဒေ၊ နည်းဥပဒေမျိုးတွေ၊ ထုုတ်ပြန်ချက်တွေ ကိုု ဖတ်ထားသင့်လဲ။ ဥပဒေထဲမှာပါတဲ့ အသုုံးအနှုန်းတွေကိုု ဘယ်လိုုသတိထားဖတ်ရှုရမလဲ။ ဥပဒေတစ်ရပ်အနေနဲ့ထုုတ်ပြန်ထားတာမျိုးမဟုုတ်ပေမယ့်လည်း ဘာတွေကိုု ဥပဒေကဲ့သိုု့ လိုုက်နာကျင့်သုုံးသင့်လဲ။ လွှတ်တော်ရဲ့ ဖွဲ့စည်းပုုံတွေက ဘယ်လိုုရှိလဲ။

    ဒီအကြောင်းအရာတွေနဲ့ပတ်သတ်ပြီး တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်(စစ်တွေ)က သူ့ရဲ့ သုုတေသနမှတ်စုုတွေကိုု သတင်းသမားတွေကိုု ပြန်လည်ဝေမ ျှထားပေးပါတယ်။

    ယခုတင်ပြပေးထားသော PDF Files များအားလုံးသည် တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်(စစ်တွေ) ၏ မူပိုင်ခွင့်နှင့်သာသက်ဆိုင်ပြီး ဆရာ့ဆီမှ ခွင့်တောင်း၍ ပြန်လည်မ ျှဝေပေးထားခြင်းဖြစ်ပါတယ်။


    ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ

    ဩဂုတ် ၂၄ ရက်တွင် ပြည်ထောင်စုလွှတ်တော်ဝက်ဆိုဒ်၌ လွှင့်တင်ထားသော၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဖြစ်ပါသည်။

    နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ယခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်စည်းကြပ်မည်ဖြစ်ပြီး ကျန်လုပ်ငန်းများအတွက် အခွန်စီးကြပ်နှစ်ကို ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်သတ်မှတ်သည်။

    အခွန်အကောက်ဥပဒေတွင် စာမျက်နှာ် ၂ရ မျက်နှာ၊ အခန်း ၉ ခန်း၊ နောက်ဆက်တွဲ ကဏ္ဍအလိုက် အခွန်ကောက်ခံမှု လျာထားချက် ဇယား(၁) ခုပါဝင်ပါသည်။ ယခုနှစ် အခွန်အကောက်ဥပဒေတွင် ပြောင်းလဲထားသည့်အချက်များကို အစိမ်းရောင် ဖြင့် ချယ်သထုတ်ပြန်ထားသည်ကိုလည်းတွေ့ရသည်။

    ဥပဒေကြမ်းအရ စီးကရက်နှင့် အရက်၊ စိန်နှင့်မြ စသည်ပစ္စည်းများပေါ်တွင် အခွန်အကောက်ပြောင်းလဲမှုများရှိခဲ့ပြီး ဝင်ငွေခွန်ကဏ္ဍတွင် အခွန်အကောက်ပြောင်းလဲမှုမရှိပါ။

    ရင်းမြစ်- ပြည်ထောင်စုလွှတ်တော်


    Page 1 of 712345...Last »
Hit Counter
Banda Post