Invest Myanmar Summit 2019 သတင်းထုတ်ပြန်ချက်

/ /

မြန်မာနိုင်ငံ၏ ပထမဆုံး ဖြစ်ပြီး  အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ကျော်တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများပါဝင်သည့် Invest Myanmar Summit 2019 ပထမနေ့ကို ဇန်ဝါရီလ ၂၈ ရက်နေ့ နှင့် ၂၉ ရက်နေ့များတွင် နေပြည်တော်ရှိ MICC-2 ၌ ကျင်းပခဲ့သည်။

ထို့နောက် ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌဦးဇော်မင်းဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယနေ့ပြုလုပ်သည့် Summit သည် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများက ၄င်းတို့၏ ဒေသများတွင် ရှိသော စီးပွားရေးအခွင့်အလမ်းများကို ထုတ်ဖော်ပြသခြင်းဖြစ်သလို အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နေသည့်ဖြစ်ပေါ်တိုးတက်မှုများကို နိုင်ငံတကာအသိုင်းအဝန်းသို့ အသိပေးတင်ပြခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Invest Myanmar Summit 2019 ပထမနေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့များမှ သက်ဆိုင်ရာဝန်ကြီးချုပ်များကလည်း ၄င်းတို့၏ ဒေသများ တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ Summit သို့ တက်ရောက်သူများ အား ရှင်းလင်းပြောကြားကာ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ကြသည်။

ထို့အတူ စက်မှုဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ကလည်း သက်ဆိုင်ရာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်မည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြသည်။

Summit တွင် စစ်ကိုင်းဒေသကြီး၊ ကသာခရိုင်တွင်တည်ဆောက် မည့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၃၅၀ တန်ဖိုးရှိသော သကြားစက်ရုံနှင့် ၆၀ မဂ္ဂါဝပ်လျှပ်စစ် ဓာတ်အားစက်ရုံပရောဂျက်အတွက် Grate Wall Food Stuff ကုမ္ပဏီနှင့် Hongkong International Sugar Engineering ကုမ္ပဏီတို့အကြား နားလည်မှုစာချွှန်လွှာ (MoU) ရေးထိုးခဲ့ကြသည်။

Invest Myanmar Summit 2019 သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ပြည်တွင်းလုပ်ငန်းရှင်များ၊ ပြည်ပလုပ်ငန်းရှင်များ၊ သံတမန်အဖွဲ့အစည်းများအပါအဝင် စုစုပေါင်းလူဦးရေ ၁၅၀၀ ကျော် တက်ရောက်ခဲ့သည်။

 ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းက မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံနိုင်မည့် စီးပွားရေးအခွင့်အလမ်းများနှင့်ပတ်သက်၍ Summit သို့ တက်ရောက်လာသူများအား ရှင်းလင်းအသိပေးခဲ့ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အကောင်းဆုံးအချိန်ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် Summit သို့ တက်ရောက်လာသူများ၏ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ကဏ္ဍအလိုက် သိရှိလိုသော မေးခွန်းများကိုလည်း ဝန်ကြီးမှ ဖြေကြားပေးခဲ့သည်။

ထို့အတူ DICA မှ ညွှန်ကြားရေးမှူးချုပ်ဦးအောင်နိုင်ဦးကလည်း မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများ လွယ်ကူစွာ ဝင်ရောက်လုပ်ကိုင်နိုင်ရန်အတွက် မြန်မာအစိုးရမှ အားထုတ်ဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာနည်းစနစ်သစ်များ၊ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

Copy By ကုန်သည်စက်မှုအသင်းချုပ်

သတင်းထုက်ပြန်ချက် အသေးစိက်ကို အောက်ဖော်ပြပါ PDFများတွင် ပါရှိသည်။

IMS Burmese Press Release Final
Keynote Speech by the State Counsellor

Facebook Comments