ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားတဲ့ လူမှုရေး၊ စီးပွားရေး ဆိုင်ရာ ကိန်းဂဏန်းများ

/ /
credit - CSO

credit - CSO

ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် (ဧပြီ-အောက်တိုဘာ) အတွင်းမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၄,၂၄၂.၁၂ ထိ ရှိထားပါတယ်။ ဗဟိုစာရင်းအင်းအဖွဲ့ (CSO) က ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ကနေ ၂၀၁၇-၂၀၁၈ (ဧပြီ-အောက်တိုဘာ) ကာလတွေအတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အခြေအနေတွေကို ထုတ်ပြန်ထားတာ ဖြစ်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မှာတော့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဟာ အမေရိကန်ဒေါ်လာ သန်း ၉,၄၈၁.၂၈ ထိ အများဆုံး ရောက်ရှိခဲ့တာကို တွေ့ရှိရမှာပါ – အလားတူ ဘဏ္ဍာနှစ်မှာပဲ မြန်မာနိုင်ငံသား ရင်းနှီးမြှပ်နှံမှုဟာလည်း မြန်မာကျပ်ငွေ သန်းပေါင်း ၅,၉၃၃,၂၄၅.၅၆ ထိ ရရှိထားတာ ဖြစ်ပါတယ်။

ဂျီဒီပီမှာ ကဏ္ဍအလိုက် ပါဝင်မှုကတော့ ၂၀၁၇-၂၀၁၈ ဘဏ္ဍဍာနှစ်မှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ကနေ ၂၃.ရ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍ က ၃၆.၂ ရာခိုင်နှုန်း နဲ့ ဝန်ဆောင်မှုကဏ္ဍ က ၄၀.၁ ရာခိုင်နှုန်း အသီးသီး ရရှိထားတာ ဖြစ်ပါတယ်။

၂၀၁၁ ကနေ ၂၀၁ရ အတွင်း ကိန်းဂဏန်း၊ အချက်အလက် အသေးစိတ်ကို ဖတ်ရှုနိုင်အောင် link ဖော်ပြထားလိုက်ပါတယ်။

Sources: http://www.mmsis.gov.mm/sub_menu/statistics/fileDb.jsp?code_code=16
Photo Credit : The Global New Light of Myanmar
Facebook Comments