တိုင်းဒေသကြီးယစ်မျိုးခွန်ဥပဒေပေါ်အခြေခံပြီးဘာသတင်းတွေလုပ်လို့ရနိုင်မလဲ

၂၀၁၈ခုနှစ် နိုဝင်ဘာလမှာကျင်းပတဲ့ ဒုတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ယစ်မျိုးခွန်ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥပဒေအမှတ် (၈/၂၀၁၈) အဖြစ် ပြဌာန်းလိုက်ပါတယ်။ ပြဌာန်းလိုက်တဲ့ ယစ်မျိုးခွန်ဥပဒေနဲ့ပတ်သက်ပြီး သတင်း၊ ဆောင်းပါး ထုတ်လုပ်ရေးသားနိုင်မယ့် အချက်အချို့ကို စုစည်းမျှဝေလိုက်ပါတယ်။ အခြားတိုင်းဒေသကြီးနဲ့ပြည်နယ်တွေရဲ့ ယစ်မျိုးခွန်ဥပဒေပါ နှုန်းထားတွေက ဧရာဝတီတိုင်းဒေသကြီးနဲ့

ဧရာဝတီတိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေအကြောင်း တစေ့တစ်စောင်း

ဧရာဝတီတိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေကို ၂၀၁၃ခုနှစ်ကစတင်ပြဌာန်းခဲ့တာဖြစ်ပြီး ၂၀၁၄ခုနှစ်မှာတစ်ကြိမ်၊ ယခု၂၀၁၈ခုနှစ်မှာတစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်ပြင်ဆင်ခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁ဝရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေ ပေါ်ပေါက်လာပြီး ပထမအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က ၂၀၁၃ခုနှစ်မှာ ဥပဒေအမှတ် (၈/၂၀၁၃)အဖြစ် ဧရာဝတီတိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေကို စတင်ပြဌာန်းခဲ့တာပါ။ တိုင်းဒေသကြီးအနေနဲ့ ပထမဆုံးယစ်မျိုးခွန်ဥပဒေ (၈/၂၀၁၃)မှာ ဥပဒေမပြဌာန်းခင် အရင်ကောက်ခံတဲ့နှုန်းထားထက်