ဘတ်ဂျက်ဆိုင်ရာ သတင်းရေးသားခြင်း (ဝင်ငွေအပိုင်းအထူးပြု)

/ /
Reporting on Budget Training

Reporting on Budget Training

Follow-up Workshop
“Reporting on Budget: Income Side”
ဘတ်ဂျက်ဆိုင်ရာ သတင်းရေးသားခြင်း (ဝင်ငွေအပိုင်းအထူးပြု)

သင်တန်းကာလ – ၃ ရက် (မေလ၂၆ မှ ၂၈ ရက်အထိ)
သင်တန်းအချိန် – နံနက် ၉းဝဝ နာရီ မှ ညနေ ၅းဝဝ နာရီ
သင်တန်းနေရာ – နေပြည်တော်

ပြီးခဲ့တဲ့ မတ်လမှာပြုလုုပ်ခဲ့တဲ့ ဘက်ဂျက် (ရသုုံးမှန်းခြေငွေစာရင်း)ဆိုုင်ရာ သတင်းရေးသားခြင်းရဲ့ နောက်ဆက်တွဲသင်တန်းကိုု မေလကုုန်မှာ ကျင်းပသွားပါမယ်။ အရင် သင်တန်းမှာ ဘက်ဂျက်အသုုံးစရိတ်တွေအကြောင်း အဓိကထားလေ့လာခဲ့ကြပြီး အခုုတစ်ခေါက်မှာတော့ အခွန်အပါအဝင် ဝင်ငွေဘက်အခြမ်းကိုု အသားပေးသွားမှာပါ။

အခွန်ကောက်ခံမှုတွေ တိုုးတက်အောင်ဘာတွေလုုပ်ဆောင်သင့်လဲ၊ အသစ်ထွက်ဖိုု့လာဖိုု့ရှိတဲ့ အခွန်လုုပ်ထုုံးလုုပ်နည်းဆိုုင်ရာ ဥဒေတွေ၊ အုုပ်ချုုပ်ရေးလုုပ်ထုုံးလုုပ်နည်း ဥပဒေတွေက ဘယ်လိုုအထောက်အကူပြုနေလဲ။ ဘက်ဂျက်ရငွေကိုု အဓိကထည့်ဝင်ပေးနေတဲ့ နုိုင်ငံပိုုင်စီးပွားရေးအဖွဲ့အစည်းတွေအတွက် ထိရောက်တဲ့စီမံခန့်ခွဲမှုတွေ၊ အစိုုးရရဲ့ မူဝါဒအကူးအပြောင်းစတဲ့အကြောင်းအရာတွေကိုု သင်တန်းကတဆင့် ခြုံငုုံသိရှိနားလည်ပြီး သတင်းဆောင်းပါးတွေ ထုုတ်လုုပ်ရေးသားဖိုု့ ရည်ရွယ်ပါတယ်။

ဒါ့အပြင် တိုုင်းဒေသကြီးနဲ့ ပြည်နယ်မှာရှိတဲ့ လုုပ်ငန်းတွေရဲ့ အခွန်ရငွေတွေကိုု ပြည်ထောင်စုုနဲ့ ဘယ်လိုု
အချိုးကျကျ မျှဝေသုံးစွွဲနေလဲဆိုုတဲ့ ဆွေးနွေးမှုတွေလည်း ပါဝင်မှာဖြစ်တဲ့အတွက် အနယ်နယ်အရပ်ရပ်က စီးပွားရေးသတင်းသမားတွေအတွက် မိမိတိုု့နဲ့ သက်ဆိုုင်ရာ သတင်းတွေတင်ဆက်သွားဖိုု့ အထောက်အကူဖြစ်ပါလိမ့်မယ်။

သင်တန်းပြင်ပ အင်တာဗျူးမေးမြန်းမှုအတွက်လည်း လွှတ်တော်နဲ့ ဝန်ကြီးဌာနတွေအခြေစိုုက်ရာ အုုပ်ချုပ်ရေး၊ ဥပဒေပြုရေးကဏ္ဍတွေမှာ အချက်အချာတဲ့ နေပြည်တော်မှာ စီစဉ်ထားပါတယ်။ သတင်းသမားတွေအနေနဲ့ အကြောင်းအရာတွေကိုု ဘက်စုုံထောင့်စုုံကနေ သိရှိနိုုင်စေဖိုု့အတွက် အစိုုးရသက်ဆိုုင်ရာဌာနနဲ့ လွှတ်တော်ကိုုယ်စားလှယ်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ပညာရှင်တွေနဲ့ ကျွမ်းကျင်သူတွေကိုု ပါဝင်ဆွေးနွေးဖိုု့အတွက် ဖိတ်ကြားထားပါတယ်။

သင်တန်းမှ ပံ့ပိုးမှုများ
သင်တန်းတွင် လာရောက်ဆွေးနွေးပို့ချသော ဘတ်ဂျက်ဆိုင်ရာသတင်းအကြောင်းအရာများကို သတင်းထုတ်လုပ်နိုင်ရန်အတွက် နည်းပညာဆိုင်ရာ ပံ့ပိုးမှုများကို Internews သင်တန်းနည်းပြ များမှ ပံ့ပိုးပေးမည်ဖြစ်ပြီး လိုအပ်သော ဒေတာအချက်အလက်များရရှိနိုင်အောင်လည်း ကူညီပေးပါမည်။

သင်တန်းတက်ရောက်ရန်အတွက် ကုန်ကျသော ခရီးစရိတ်များနှင့် တည်းခို၊ စားသောက်ရေးကိစ္စများကို အပြည့်အစုံ စီစဉ်ပေးမည် ဖြစ်ပါသည်။

သင်တန်းတက်ရောက်မည့်သူများဘက်မှ ကတိကဝတ်
သင်တန်းအတွင်း သင်တန်းတက်ရောက်သူ စီးပွားရေးသတင်းသမားများအနေနှင့် ဘတ်ဂျက်ဆိုင်ရာ သတင်း အနည်းဆုံး ၁ ပုဒ်စီ ထုတ်လုပ်ရမည်ဖြစ်ပြီး သင်တန်းပြီးနောက်တွင်လည်း ဘတ်ဂျက်ဆိုင်ရာ အကြောင်းအရာများကို ဆက်လက် ရေးသားကြရရန် ဖြစ်ပါသည်။ (အယ်ဒီတာဖြစ်ပါက မိမိဌာနတွင် ဘတ်ဂျက်ဆိုင်ရာ သတင်းများ ရေးသားရာ၌ ဦးဆောင်တည်းဖြတ် ထုတ်လုပ်ရန် ရည်ရွယ်ထားပါသည်။) သတင်းရေးသားရန်အတွက် လိုအပ်သည့် နည်းပညာနှင့် အချက်အလက်များပံ့ပိုးမှုများကို Internews မှ ဆက်လက် ကူညီသွားမည် ဖြစ်ပါသည်။

တက်ရောက်လိုသူများအနေဖြင့် ပူးတွဲပါ လျှောက်လွှာဖြင့် မေလ ၁၄ရက် နောက်ဆုံးထားပြီး internews.mm@gmail.com သို့ လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်။

Application Form – Reporting on Budget Income Side

Facebook Comments