မြန်မာနိုင်ငံ၏ အခွန်အကောက်များအပေါ် မြို ့ပြနေပြည်သူများ၏ သဘောထားအမြင်

/ /
credit - The Asia Foundation.jpg

credit - The Asia Foundation.jpg

The Asia Foundation က ပြုစုထုတ်ဝေတဲ့ Attitude towards Taxation in Myanmar ” မြန်မာနိုင်ငံ၏ အခွန်အကောက်များအပေါ် မြို့ပြနေပြည်သူများ၏ သဘောထားအမြင် ” သုတေသန အစီရင်ခံစာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အခွန်အကောက်ရရှိမှုက၂၀၁၆-၂၀၁ရ ခုနစ်မှာ GDP ရဲ့ ၆-ရ ရာခိုင်နှုန်းသာ ရှိထားပြီး ဒီပမာဏဟာ ဝင်ငွေတူ နိုင်ငံတွေကောက်ခံတဲ့ ၁၀-၂ဝ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ရရှိမှု နည်းပါးနေသေးတာ ဖြစ်ပါတယ်။ အစိုးရ နဲ့ မူဝါဒချမှတ်သူတွေက အခွန်ကောက်ခံမှုနဲ့ ပက်သက်ပြီး ပြည်သူတွေရဲ့ သဘောထား၊ အမြင်တွေက ပြင်းထန်လေ့ရှိတာကြောင့် အခွန်နဲ့ ပက်သက်တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို သတိထားပြီး လုပ်ကိုင်နေကြတာ ဖြစ်တယ်လို့ ဒီအစီရင်ခံစာမှာ ဖော်ပြထားတာပါ။ သုတေသနတွေ့ရှိရချက်မှာတော့ ကွင်းဆင်းလေ့လာခဲ့တဲ့ မြို့ပြနေလူထုရဲ့ ၉၄ ရာခိုင်နှုန်းက အခွန်ပေးဆောင်မှုကို နိုင်ငံသားတိုင်းရဲ့ ပြည်သူ့တာဝန် ဖြစ်တယ်လို့ လက်ခံထားပြီး ဒီအခြေအနေဟာ အစိုးရ က ခန့်မှန်းထားသလောက် အဆိုးမြင်နေတာမျိုး မရှိတာကို ဖော်ပြနေတာ ဖြစ်ပါတယ်။ လက်ရှိ အခွန်စနစ်နဲ့ အခွန်အမျိုးအစားတွေ၊ အစိုးရရဲ့ အခွန်အကောက်ရရှိမှု ကို ဘယ်ကဏ္ဍတွေမှာ ပြန်လည်သုံးစွဲနေတာလဲ ဆိုတဲ့ သတင်းအချက်အလက်တွေနဲ့ပက်သက်ပြီး ပြည်သူတွေ နားလည်မှု အားနည်းနေသေးတဲ့ အတွက် မီဒီယာတွေနဲ့ အစိုးရရဲ့ အခန်းကဏ္ဍကိုလည်း ဒီအစီရင်ခံစာက အကြံပြုဖော်ပြထားပါတယ်။ သတင်းသမားတွေအနေနဲ့လည်း အခွန်အကောက်ဆိုင်ရာ အကြောင်းအရာတွေကို ရေးသား၊တင်ဆက်ကြတဲ့ အခါ အစိုးရရဲ့ အခွန်မူဝါဒတွေသာမကပဲ လက်ရှိ ပြည်သူရဲ့ အခွန်နဲ့ ပက်သက်ပြီး ရရှိထားတဲ့ ဗဟုသုတ၊ သဘောထားတွေကို နားလည်သဘောပေါက်ထားပြီး ဆန်းစစ်ချက်နဲ့ သတင်းပေးတင်ဆက်မှုတွေ ဆောင်ရွက်နိုင်အောင် Banda Post က စုစည်းပေးထားတာ ဖြစ်ပါတယ်။ အစီရင်ခံစာ အသေးစိတ်ကို ဖော်ပြထားတဲ့ link တွေကနေ သွားရောက်ဖတ်ရှုနိုင်မှာပါ။

Attitude towards Taxation in Myanmar (Summary)

Attitude towards Taxation in Myanmar (Summary)

Attitude towards Taxation in Myanmar (Full Report)

Attitude towards Taxation in Myanmar (Full Report)

Attitude towards Taxation in Myanmar (Infographics)

Attitude towards Taxation in Myanmar (Infographics)

Facebook Comments