၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အခွန်ဥပဒေ ဘာထူးခြားလဲ

/ /

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအခွန်အကောက်ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ မကြာခင်ဆွေးနွေးကြဖို့ရှိနေပါတယ်။ ဒီဥပဒေမှာ အရင်နှစ်မအောင်မြင်ခဲ့တဲ့ စည်းကြပ်မှုကနေ ကင်းလွတ်နေတဲ့ ပိုင်ဆိုင်မှုများအပေါ်အခွန်သက်သက်သာသာနဲ့ စည်းကြပ်မှုကိုလည်း ပြန်လည်အဆိုပြုလာတာတွေ့ရပါတယ်။
ဒီဥပဒေနဲ့အတူ လာမယ့်နှစ်အတွက် အမျိုးသားစီမံကိန်းဥပဒေကိုလည်း ဆွေးနွေးသွားကြဖို့ရှိနေပါတယ်။ စက်တင်ဘာ ၁ ရက်ကနေစတင်ကျင့်သုံးမယ့် ဘဏ္ဍာနှစ်အတွက် နောက် သီတင်းနှစ်ပတ်အတွင်းမှာ ဒီဥပဒေတွေကိို ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးအတည်ပြုပေးဖွယ်ရှိပါတယ်။
အမျိုးသားစီမံကိန်းဥပဒေမှာတော့ -ဝင်ငွေ၊ ရငွေ၊ တိုးတက်မှုနှုန်း
အရင်နှစ်က ဝင်ငွေ၊ ရငွေ၊ တိုးတက်မှုနှုန်း ေ
ယေဘုယျအားဖြင့် အထူးကုန်စည်များဖြစ်တဲ့ ဆေးရွက်ကြီး၊ ဗာဂျီနီးယားပေါင်းတင်ပြီးဆေးနဲ့ ဆေးပြင်းလိပ်၊ဆေးပေါ့လိမ်နဲ့ အရက်အမျိုးမျိုး၊ ဝိိုင်အမျိုးမျိုးအပေါ်မှာ အခွန် ရာခိုင်နှုန်း ၁၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံဖို့ အဆိုပြုထားတာတွေ့ရပါတယ်။
ဒါပေမဲ့လည်း စည်းကြပ်မှုကနေ ကင်းလွတ်နေတဲ့ ငွေတွေကို ကျပ် သိန်း တစ်ထောင် အထိ ၃ ရာခိိုင်နှုန်း၊ ကျပ် သိန်း တစ်ထောင် ကနေ သုံးထောင်အထိကို ၅ ရာခိုင်နှုန်းနဲ့ ကျပ် သိန်း ၃၀ဝ၀ ကနေ ကျပ် သိန်း ၃၀ဝ၀ဝ အထိကို ၁၀ ရာခိုင်နှုန်း၊ ကျပ် သိန်း သုံးသောင်းအထက်ကို ၃၀ ရာခိုင်နှုန်း စည်းကြပ်ဖို့ အခွန်ဥပဒေကြမ်းမှာ အဆိုပြုထားပါတယ်။
ပြီးခဲ့တဲ့နှစ်အခွန်ဥပဒေမှာလည်း ဒီလိုမျိုးအဆိုပြုခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ လွှတ်တော်က အတည်မပြုခဲ့ပါဘူး။

အခွန်မူကြမ်းအပြည့်အစုံကို အောက်ပါ link မှာ ဒေါင်းလုတ်ရယူနိုင်ပါတယ်။

၂၀၁၈ ခုနှစ်ကအတည်ပြုခဲ့သော အခွန်ဥပဒေ

Facebook Comments