၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း

/ /

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အမျိုးသားစီမံကိန်းဥပဒေကြမ်းဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ တိုင်းပြည်စီးပွားရေး(GDP) ၇ ရာခိုင်နှုန်းရှိဖို့ အစိုးရက မျှော်ထားပါတယ်။
စက်တင်ဘာ ၃၀ မှာကုန်ဆုံးမယ့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ စီးပွားရေးတိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းရမယ်လို့ အစိုးရက သုံးသပ်ထားပါတယ်။
၂၀၂၀ ခုနှစ် နွေရာသီမှာ ဓာတ်အား ပြတ်တောက်မှု လျော့ချနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်း မွန်လာမှုနဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေးဝန်ဆောင်မှု ဝန်ဆောင်မှုတိုးတက်လာမှုနဲ့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းက တိုးတက်မှုက တစ်ဆင့် စီးပွားရေးတိုးတက်မှု အဓိကရဖို့ မျှော်မှန်းထားပါတယ်။
ဒီလိုစီးပွားရေးအမြင့်ဆုံးရဖို့မှန်းထားသလို အစိုးရ ရဲ့ အသုံးစရိတ်လိုငွေအချိုးကိုလည်း ပထမဆုံးအကြိမ်အဖြစ် တိုင်းပြည်စီးပွားရေး(GDP)ရဲ့ ၅ ဒသမ ၉ ရာခိုင်နှုန်းကျော်အထိ သုံးစွဲဖို့လည်း ရှိနေပါတယ်။
လာမယ့်နှစ်မှာ ရငွေစုစုပေါင်း ငွေကျပ် ၂၅၃၁၃ ဘီလီယံ၊ သုံးငွေ စုစုပေါင်း ငွေကျပ် ၃၂၃၄၀ ဘီလီယံ၊ စုစုပေါင်းလိုငွေပမာဏ ငွေကျပ် ၇၀၂၇ ဘီလီယံ ဖြစ်တယ်။ ပြည်ပအကူအညီ ရငွေကျပ် ၇၀၄ ဘီလီယံ၊ ပြည်ပ ချေးယူ ရငွေကျပ် ၂၆၂၅ ဘီလီယံဖြစ်ပါတယ်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များရဲ့လိုငွေ ၂၁၁၄ ဘီလီယံရှိမယ်။ ယခင်နှစ်က ထောက်ပံ့မှုထက် ငွေကျပ် ၃၂၀ ဘီလီယံပိုမိုထောက်ပံ့မှာဖြစ်ပါတယ်။
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းက ဝင်ငွေကို ပြည်ထောင်စုအစိုးရရဲ့ ဘဏ္ဍာငွေ စာရင်းကို ပြောင်းထည့်ပြီး အစဉ်အလာနဲ့ အခြားစာရင်းတွေဖွင့်လှစ်ပြီး သိ်မ်းထားတာမျိုးကို ဒီနှစ် ပိတ်သိမ်းမယ်။
သဘာဝဘေးအတွက် အရေးပေါ်ရန်ပုံငွေကို ကျပ် ၁၀ဝ ဘီလီယံသုံးဖို့ရှိပြီး ပထမဆုံးအကြိမ်အဖြစ် ပြည်ထောင်စုအဆင့် ကျပ် ဘီလီယံ ၅၀၊ တိုင်းနှင့် ပြည်နယ်အသီးသီးကို ကျပ် ၅၀ ဘီလီယံခွဲဝေပေးမှာဖြစ်ပါတယ်။

Facebook Comments