၁၄ ကြိမ်မြောက် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ဘာတွေ လုပ်ဖို့ ရှိနေလဲ

/ /

ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်၏ ၁၄ ကြိမ်မြောက် လွှတ်တော် ပုံမှန်အစည်းအဝေးကို လာမည့် စက်တင်ဘာ ၁၉ ရက်နေ့က စပြီး ကျင်းပသွားရန် ရှိနေသည်။
အစည်းအဝေးအတွက် မေးခွန်း၊ အဆိုများကို စက်တင်ဘာ ၉ ရက်နေ့က စပြီး အစိုးရအဖွဲ့သို့ ပေးပို့ထားပြီ ဖြစ်သည်။
ယခု အစည်းအဝေးမှာတော့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် မွန်ပြည်နယ်တစ်ခုလုံးမှာ သုံးစွဲမည့် ဘတ်ဂျက်ဥပဒေနှင့် ဒေသန္တရာ စီမံကိန်းဆိုင်ရာ ဥပဒေ အတည်ပြုသွားရန် ရှိသည်။
ထိုအပြင် အစည်းအဝေးမှာ သက်ဆိုင်ရာရေးရာ ကော်မတီများမှလည်း အစီရင်ခံစာ တင်သွင်းသွားဖို့
ရှိနေပြီး၊ လွှတ်တော် ကျင်းပမည့် ရက်အသေးစိတ်ကိုတော့ မကြာခင် ထုတ်ပြန်သွားဖို့ လွှတ်တော်က စီစဉ်နေသည်။
တဆက်တည်း လွှတ်တော် အစည်းအဝေးမှာ လာရောက် ဖြေဆိုမည့် ဝန်ကြီးများအနေဖြင့် မြေပြင်
ကွင်းဆင်း စစ်ဆေးထားကြရန်နှင့် တိကျ ပြည့်စုံသော အဖြေတွေ ယူလာကြဖို့ ဥက္ကဋ္ဌက သတိပေး တိုက်တွန်းထားသည်။

ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကိုတော့ ပြီးခဲ့သည့် မေလက ကျင်းပထားပြီး၊ အစည်းအဝေးမှာ မေးခွန်းစုစုပေါင်း(၂၃)ခု မေးမြန်းခြင်း၊ ဖြေကြားခြင်း၊ အဆို(၂)ရပ်တင်သွင်း ခြင်း၊ အဆို(၂)ရပ်အတည်ပြုခြင်း၊ လျာထားချက်(၁)ရပ်အတည်ပြုခြင်း၊ နည်းဥပဒေ(၁)ရပ်တင်သွင်းခြင်း၊ အစီရင်ခံစာ(၅)ရပ်မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ထားသည်။
ထိုအပြင် ပြည်နယ်လွှတ်တော်ရေးရာကော်မတီ(၄)ခု သက်တမ်းတိုးခြင်း၊ ရေးရာ ကော်မတီ(၃)ခု ပြင်ဆင်ဖွဲ့စည်းခြင်း၊ သက်တမ်းတိုးမြှင့်ခြင်း၊ စီမံကိန်းလုပ်ငန်းဆိုင်းငံ့ခြင်း(၁)ရပ်၊ ရန်ပုံငွေ လွှဲပြောင်းသုံးစွဲခြင်းကိစ္စ(၁)ရပ် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

Facebook Comments