ဧရာဝတီတိုင်းဒေသကြီးအစိုးရရဲ့ တိုင်းအတွင်းရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေနဲ့ မျှော်လင့်ထားတဲ့ရင်းနှီးမြှုပ်နှံမှုတွေအကြောင်း

/ /

ဧရာဝတီတိုင်းဒေသကြီးအစိုးရရဲ့ တိုင်းအတွင်းရင်းနှီးမြှုပ်နှံမှုအခွင့်လမ်းတွေနဲ့ မျှော်လင့်ထားတဲ့ရင်းနှီးမြှုပ်နှံမှုတွေအကြောင်းဧရာဝတီတိုင်းဒေသကြီး ရဲ့ရင်းနှီးမြုပ်နှံမှုအခွင့်အလမ်းတွေနဲ့ပတ်သက်ပြီး ဧရာဝတီတိုငိးဒေသကြီးဝန်ကြီးချုပ်ရဲ့ Invest Myanmar Summit 2019 မှာရှင်းလင်းတင်ပြတဲ့အကြောင်အရာတွေပါ။ ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ စိုက်ပျိုးရေး မွေးမြူးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများစွာရှိတဲ့တိုင်းဒေသကြီးဖြစ်တယ်လို့ဆိုပါတယ်။မြေလွတ်မြေရိုင်း ဧက တစ်သိန်းကျော်ရှိပြီး ရှင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာအသုံးပြုသွားမယ်လို့ဆိုပါတယ်။လက်ရှိမှာ ပုသိမ်စက်မှုမြို့တော်စီမံကိန်း နဲ့ မအူပင်စက်မှုမြို့တော်စီမံကိန်းတွေကိုလည်းအကောင်းအထည်ဖော်နေပြီး ဒီစီမံကိန်းတွေမှာ အလုပ်ရုံ စက်ရုံတွေလာရောက်ရင်းနှီးမြှုပ်နှံကြဖို့လည်းဖိတ်ခေါ်ထားပါတယ်။ကမ်းခြေဒေသဖွံဖြိုးတိုးတက်ရေးအတွက် Masterplan ရေးဆွဲထားပြီး ရေနက်ဆိပ်ကမ်း နဲ့ စက်မှုဇုံတွေရင်းနှီးမြှုပ်နှံဖို့ အလားအလာတွေများစွာရှိတယ်လို့ဆိုပါတယ်။Master Plan ထဲမှာ ရေနက်ဆိပ်ကမ်းကနေ ရန်ကုန်အထိ လေးလမ်းသွားအဝေးပြေစီမံကိန်း ရထားလမ်းစီမံကိန်း လေဆိပ်နဲ့ မြို့သစ်စီမံကိန်းတွေပါဝင်ပါတယ်။ကမ်းခြေတလျှောက်ကိုလည်း ရခိုင်ပြည်နယ်အထိ ကမ်းခြေပတ်လမ်းဖောက်နေပြီး ပြဆီးမယ်ဆိုရင် ခရီးသွားလုပ်ငန်းတွေတိုးတက်လာမယ်လို့ဆိုပါတယ်။ ကမ်းခြေဒေသ ခရီးသွားဇုံတွေမှာရင်းနှီးမြှုပ်နှံကြဖို့မျှော်လင့်ထားသလို မော်တင်ကမ်းခြေဖွံ့ဖြိုးရေးစီမံကိန်းလည်းဆောင်ရွက်ဖို့ရှိနေတယ်လို့ဆိုပါတယ်။လျှပ်စစ်ဓာတ်အားအနေနဲ့ ဓာတ်အားပေးစက်ရုံတွေတည်ဆောက်ဖို့ Master Plan မှာထည့်သွင်းရေးစွဲထားပြီး လက်ရှိဆောင်ရွက်နေတဲ့ပုသိမ်ခရိုင် ရွှေသောင်ယံကမ်းခြေက LNG သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံကနေ ၂၀၂၀-၂၀၂၁ ဝန်းကျင်မှာ လျှပ်စစ်ဓာတ်အား စပေးနိုင်မှာဖြစ်ပြီး စီမံကိန်းပြီးဆုံးရင်တော့ လျှပ်စစ်ဓာတ်အား ၁၃၉၀ မဂ္ဂါဝပ် ထွက်ရှိမှာဖြစ်တယ်လို့ဆိုပါတယ်။အောက်ကဖော်ပြထားတဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်ရဲ့ Presentation မှာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ရင်းနှိ်းမြှုပ်နှံမှုရည်မှန်းချက်တွေနဲ့ ရေးဆွဲထားတဲ့စီမံကိန်းတွေကို လေ့လာနိုင်မှာဖြစ်ပြီး သတင်းတွေထုတ်လုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်။

Facebook Comments