ဧရာဝတီတိုင်းဒေသကြီးပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ရသုံးခန့်မှန်းခြေ မူဝါဒဆိုင်ရာ အကျဉ်းချုပ်အစီရင်ခံစာ

/ /

အဲဒီဘတ်ဂျတ်အကျဉ်းချုပ်အစီအရင်ခံစာကို Renaissance Institute ကနေ ၂၀၁၉ ခုနှစ် ဇွန်လ မှာ ထုတ်ပြန်လိုက်တာပါ။
အဲဒီအစီရင်ခံစာအကျဉ်းချုပ်မှာ ဧရာဝတီတိုင်းဒေသကြီးလူတစ်ဦးကျအသုံးစရိတ်က ကျပ်၂၅,၆၄၀ ရှိတယ်လို့ ခန့်မှန်းထားပြီး တိုင်းဒေသကြီးဘတ်ဂျတ်အသုံးစရိတ်တိုးတက်မှုနှုန်းက ငွေဖောင်းပွမှုနှုန်း ထက် နိမ့်နေတဲ့အတွက် အမှန်အသုံးစရိတ်တိုးတက်မှု ကျဆင်းနေတယ်ဆိုတဲ့ သုံးသပ်ချက်မျိုးကိုလည်းတွေ့ရပါတယ်။
တိုင်းဒေသကြီးအသုံးစရိတ်ရဲ့ ၈၅.၁ရာခိုင်နှုန်းက ပြည်ထောင်စု၏ လွှဲပြောင်းထောက်ပံ့ငွေ မှ ရရှိနေကြောင်းနှင့် အခွန်အကောက်ရငွေ တိုးမြှင့်ရှာဖွေနိုင်ရေး ကြိုးပမ်းနေပေမယ့် အခုနှစ်မှာ တိုင်းဒေသကြီးကိုယ်ပိုင်ရှာဖွေရငွေ တွေနှင့် အခွန်အကောက်ရငွေ တွေက လျော့ကျမယ်လို့ခန့်မှန်းချက်တွေလည်းပါဝင်တာကို တွေ့ရပါတယ်။
အဲဒီအစီရင်ခံစာမှာ GDP နှိုင်းယှဉ်ချက်တွေ ပါဝင်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ဧ၇ာဝတီတိုင်းဒေသကြီး၏ GDP ကို ၁၁.၅၈ ထရီလီယံ ရှိမယ်လို့ ခန့်မှန်းပြီး မြန်မာနိုင်ငံ GDP ၏ ၁၁% နှင့်ညီမျှတယ်လို့ လည်းဖော်ပြထားပါတယ်။
ဂျီဒီပီအရွယ်အစားအရ ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ပြီးရင် တတိယမြောက် စီးပွားရေးအကြီးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
ဒုတိယလူဦးရေအများဆုံးဖြစ်တဲ့ တိုင်းဒေသကြီးမှာ တစ်ဦးကျဂျီဒီပီက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ကျပ် ၁.၈၇ သန်းရှိပြီး တစ်နိုင်ငံလုံးပျှမ်းမျှ လူတစ်ဦးကျဂျီဒီပီအောက် အနည်းငယ်လျော့နည်းပါသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ဧ၇ာဝတီတိုင်းဒေသကြီး၏ အမှန်ဂျီဒီပီတိုးတက်နှုန်း မှာ ၆.၂% ရှိမယ်လို့လည်း မျှော်မှန်းထားပါတယ်။
လူမှုဘဝအားနည်းမှုအခြေအနေတွေ၊ပြည်ထောင်စုက ထောက်ပံ့တဲ့ မဲဆန္ဒနယ်ဖွံ့ဖြိုးရေးထောက်ပံ့ငွေနှင့် အခွန်ဝေစုတို့မှ ရငွေ အခြေအနေတွေ ၊ဘဏ္ဍာရေးအမှီအခိုကင်းမှုအခြေအနေတွေ ကိုဖော်ပြထားသည့်အတွက် အဲဒီနှိုင်းယှဉ်ဖော်ပြချက်တွေက ဧရာဝတီတိုင်းဒေသကြီးအခြေအနေတွေကို သုံးသပ်ရေးသားတဲ့ သတင်းဆောင်းပါးတွေမှာ ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အောက်ပါ link မှာ အစီရင်ခံစာကို ဒေါင်းလုတ်ရယူနိုင်ပါတယ်။

Facebook Comments