ဧရာဝတီတိုင်းဒေသကြီးထဲက ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံရရှိတဲ့ အခွန်ငါးမျိုးအပေါ်မှာဘာသတင်းတွေ လုပ်လို့ရမလဲ (Story Tips)

/ /

၁ အခွန်ငါးမျိုး ဘဏ္ဍာရေးနှစ်အလိုက်ကောက်ခံရရှိမှုအခြေအနေ စုစုပေါင်းပေါ်မှာ တိုးတက်လာတဲ့ ရာခိုင်နှုန်းအခြေအနေ
၂ ဘယ်လို မူဝါဒတွေနှင့် ဘယ်လိုရင်းနှီးမြုပ်နှံမှုတွေကြောင့် အခွန်ကောက်ခံရရှိမှုနှုန်းတိုးလာတာလဲ တိုးသင့်တိုးထိုက်တဲ့ ရာခိုင်နှုန်းဖြစ်ရဲ့လား
၃ အောင်ဘာလေသိန်းဆုခွန်က ကောက်ခံရရှိမှု ရာခိုင်နှုန်းအများဆုံးဖြစ်နေတာဘာကြောင့်လဲ တစ်နိုင်ငံလုံးမှာ လူဦးရေဒုတိယအများဆုံးတိုင်းဒေသကြီးမှာ ဒေသခံတွေရဲ့ မျှော်လင့်ချက်က ထီဖြစ်နေတာလား ဘယ်လိုအခြေအနေတွေကြောင့်လဲ
၄ တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းဒေသကြီးပြည်နယ်တွေနဲ့ အောင်ဘာလေသိန်းဆုခွန်ရရှိမှု နှိုင်းယှဉ်ပြီး ထီဆုဆွတ်ခူးရရှိမှု နိုင်းယှဉ်ရေးသားမှုတွေ
၅ ဝင်ငွေခွန်ကောက်ခံရရှိမှု တိုးလာတဲ့ အနေအထားနှင့် တိုင်းဒေသကြီးအတွင်း အခွန်ပုန်းအခွန်ရှောင် ဖော်ထုတ်နိုင်မှုအခြေအနေ
၆ မြို့နယ်အလိုက် အခွန်ကောက်ခံရရှိမှုအခြေအနေနှင့် စီးပွားရေးလုပ်ငန်းတွေ တည်ရှိမှုအခြေအနေတွေကို နှိုင်းယှဉ်ပြီး ဝင်ငွေခွန်ရရှိမှု အပေါ် ထောက်ပြရေးသားမှုတွေ
၇ အခွန်ထမ်းသစ်ဖော်ထုတ်ဖို့ လုပ်နေတဲ့ လုပ်ငန်းစဉ်တွေရှိလား အောင်မြင်လား ဘယ်လိုတိုးတက်လာတာတွေ့ရလဲ ဆိုတာကို စောင့်ကြည့်ရေးသားမှုတွေ
၈ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရရှိမှုနှင့် တိုးတက်လာတဲ့အခြေအနေ
၉ ဆိုင်တွေမှာ ကုန်သွယ်လုပ်ငန်းခွန် ဆောင်တာက ရောင်းအားအတိုင်းဆောင်နေကြပြီလား ကုန်သွယ်လုပ်ငန်းခွန်တံဆိပ်ခေါင်းကို ဝယ်ပြီးတော့ စားသုံးသူနှင့် နားလည်မှုယူပြီး ဘောင်ချာမပေးတာတွေကို ဘယ်လောက်စီစစ်နိုင်ပြီလဲ အခွန်ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်ပြီလား
၁၀ ဆိုင်တွေမှာ ကပ်ထားတဲ့ အခွန်သတိပေးစာတွေအတိုင်း တစ်ကယ်လိုက်နာကြပြီလား အဲ့ဒါကို ဘယ်လိုစောင့်ကြည့်တဲ့ စနစ်တွေနဲ့ လုပ်ပြီး ဘယ်လောက်တိုးတက်နေပြီလဲ
၁၁ စားသောက်ဆိုင်ကြီးတွေ နှင့် ဈေးဝယ်ကုန်တိုက်ကြီးတွေမှာ စက်တွေနှင့် ပြေစာပေးတဲ့အခါမျိုးမှာ ကုန်သွယ်လုပ်ငန်းခွန်တံဆိပ်ခေါင်းကပ်ပေးတာတွေရှိသလို မကပ်ပေးဘဲ ပြေစာမှာ ကုန်သွယ်လုပ်ငန်းခွန် ဖြတ်တောက်ထားတာတွေက ဘယ်လိုလုပ်နေတာလဲ ပြည်တွင်းအခွန်ဦးစီးဌာနနဲ့ ဘယ်လိုချိတ်ဆက်ထားတာလဲ ချိတ်ဆက်မထားဘဲ စားသုံးသူဆီက ဖြတ်တောက်တာဆိုရင် စားသုံးသူအခွင့်အရေးချိုးဖောက်မှုဖြစ်နေတာလား
၁၂ အထူးကုန်စည်ခွန် ဥပဒေ အတိုင်း ၂၀၁၆ခုနှစ်ကနေ စပြီးကောက်ခံရရှိမှု တိုးတက်လာတဲ့အခြေအနေ
၁၃ လုပ်ငန်းရှင်တွေရဲ့ အထူးကုန်စည်ခွန် အပေါ်နားလည်မှုအခြေအနေ အရက်လိုင်စင်တွေက လိုင်စင်နဲ့မညီတဲ့ လုပ်ငန်းတွေပေါ်မှာ အထူးကုန်စည်ခွန်မပေးဆောင်ဘဲ ရှောင်နေတာတွေရှိနိုင်မလား
၁၄ တံဆိပ်ခေါင်းခွန် ကောက်ခံရရှိမှုအခြေအနေ တံဆိပ်ခေါင်းခွန်ဝယ်ယူအသုံးပြုတဲ့ အလေ့အထ ထွန်းကားလာပြီလား အရောင်းအဝယ် ငှားရမ်းတွေက နှစ်ဦးသဘောတူလက်သိပ်ထိုးလုပ်တာတွေကနေ တရားဝင်တံဆိပ်ခေါင်းခွန်ဆောင်ပြီး စာချုပ်မှတ်ပုံတင်တာမျိုးတွေ လုပ်လာပြီလား
၁၅ အခွန်ငါးမျိုးထဲမှာ ကောက်ခံရရှိမှု နှုန်းအနည်းဆုံးဖြစ်နေတဲ့ တံဆိပ်ခေါင်းခွန်ကို ဘယ်လိုနည်းနဲ့ ထပ်ပြီးတိုးကောက်လို့ရနိုင်ဦးမလဲ
ဆက်သွယ်ရနိုင်မည့် သတင်းရင်းမြစ်များ
ဦးဌေးဝင်း
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့
ဝ၉-၂၅၄၁၂၆၁၃၇
ဦးကျော်ရဲထွန်း
တိုင်းဒေသကြီးဦးစီးဌာနမှူး
ဧရာဝတီတိုင်းဒေသကြီးပြည်တွင်းအခွန်များဦးစီးဌာန
ဦးအောင်သူထွေး
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ပုသိမ်မြို့နယ် မဲဆန္ဒနယ် (၂)
ဥက္ကဌ
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ပြည်သူ့ငွေစာရင်း၊ဘဏ္ဍာရေးနှင့်စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုကော်မတီ
ဝ၉-၇၉၁၉၁၅၁၇၅
ဦးဝင်းမြင့်လှိုင်
ဥက္ကဌ
ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း
ဝ၉-၈၅၅၀၇၉၈

Facebook Comments