အပ်ငွေတွေများနေတယ်ဆိုတဲ့ ဗဟိုဘဏ်ရဲ့ ၂၀၁၈ ဘဏ္ဍာနှစ်အသွင်ကူးပြောင်းရေးကာလ အစီရင်ခံစာ

/ /

ဗဟိုဘဏ်ရဲ့ ၂၀၁၈ ဘဏ္ဍာနှစ်အသွင်ကူးပြောင်းရေးကာလ အစီရင်ခံစာ ဖြစ်ပါတယ်။ ကာလတူနဲ့ နိုင်းယှဉ်မယ်ဆိုရင်၂၀၁၈ ခုနှစ်စက်တင်ဘာမှာ အသားတင်နိုင်ငံခြားရငွေ ၁၉၀ဝ ဘီလီယံကျော် မြင့်တက်ခဲ့ပြီး နိုင်ငံခြားမှရငွေ ပမာဏအားဖြင့် ၁၀၈၄၀ ကျပ်ဘီလီယံရှိခဲ့ပါတယ်။ ဒီကာလအတွင်းမှာ ပြည်တွင်းဘဏ်တွေရဲ့ ချေးငွေပမာဏဟာ ၂၁ ဒသမ ၃၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဘဏ်တွေကို အပ်ငွေဟာ ရာခိုင်နှုန်းအားဖြင့် ၁၉ ဒသမ ၁၄ ရာခိုင်နှုန်းတိုးခဲ့ပါတယ်။ ပမာဏာအားဖြင့် ပြည်တွင်းဘဏ်တွေမှာ အပ်ထားတဲ့ ပမာဏဟာ ၂၀၁၈ စက်တင်ဘာအထိ ဘဏ်အပ်ငွေ စုစုပေါင်းဘီလီယံပေါင်း ၄၂,ဝ၀ဝ ရှိပါတယ်( အမေရိကန်ဒေါ်လာအားဖြင့် ဘီလီယံ ၃၀ ကျော်ကျော်ရှိတယ်။ တိုင်းပြည်စီးပွားရေးနဲ့ ယှဉ်ကြည့်ရင့် ဂျီဒီပီရဲ့ ထက်ဝက်နီးပါးလောက်ရှိတယ်)
အပ်ငွေများပြားလာခြင်းမှာ စီးပွားရေးပညာရှု့ထောင်က ကြည့်ရင် အဓိပ္ပာယ်တွေ အမျိုးမျိုးရှိပါတယ်။ အပြုသဘောလည်းဆောင်ပြီး အဓိပ္ပာယ်အများဆုံးဖွင့်ဆိုတာကတော့ ဝင်ငွေတက်လာလို အပ်ငွေတက်လာတယ်လို့ စီးပွားရေးပညာရှင်တွေက ယူဆပါတယ်။ နောက်တစ်ခုကတော့ မြန်မာနိုင်ငံရဲ့ ဘဏ်အတိုးနှုန်းမြင့်မားမှုကြောင့် ပြည်ပက အတိုးနှုန်းသက်သာတဲ့ နိုင်ငံတစ်ခုကနေ ငွေယူလာပြီးတော့ မြန်မာငွေနဲ့ လဲပြီးအပ်လာကြခြင်းပဲဖြစ်ပါတယ်။ ဒီကိစ္စဟာ တရားဝင်မဟုတ်သည့်တိုင်အောင် ဖြစ်နိုင်ခြေများတဲ့ ကိစ္စရပ်တစ်ခုအဖြစ်စဉ်းစားကြပါတာ်။တတိယစဉ်းစားချက်ကတော့ စီးပွားရေးလုပ်ငန်းရှှုု့ထောင်က သုံးသပ်ထားတာဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာနဲ့ နီးစပ်နိုင်တယ်လို့လည်း ကောက်ချက်ချကြပါတယ်။ ဘဏ်အတိုးနှုန်းနဲ့ စီးပွားရေးတွက်ချေကိုက်မှုရှိမရှိဆိုတဲ့အချက်ပဲဖြစ်ပါတယ်။
ဘဏ်အတိုးနှုန်းထက်ပိုတဲ့ အမြတ်အစွန်းတစ်ခုခုရှိနိုင်မှသာ ဘဏ်တွေဆီက ငွေချေးပြီးတော့ စီးပွားရေးလုပ်ကြတာ သဘာဝပါပဲ။ တစ်နည်းအားဖြင့် ချေးငွေချေးယူတဲ့အခါမှာ တစ်နှစ်ကို ၁၃ ရာခိုင်နှုန်းပေးရတာမို့ အတိုးနှုန်းထက် အမြတ်အများနိုင်ဘူးဆိုရင် ဘဏ်မှာပဲ ငွေတွေ စုဆောင်းမိနေမယ့် သဘောရှိပါတယ်။
ယေဘုယျအားဖြင့် အခုအခြေအနေဟာ ဘဏ်တွေမှာ စုဆောင်းငွေ ပိုမိုများပြားလာနေပြီး စီးပွားရေးလုပ်ငန်းတစ်ခုဟာ ဘဏ်အတိုးနှုန်းလောက်တောင် အမြတ်ငွေမပေးနိုင်ဘူးဆိုတဲ့ အစွန်းတစ်ဖက်နဲ့ အခြားတစ်ဖက်မှာ အလုပ်မဖြစ်တဲ့ လုပ်ငန်းတွေမှာ ချေးငွေတွေ အမြောက်အများစုပုံနေခြင်းဆိုတဲ့ အစွန်း ၂ ပါးပေါ်မှာ ရောက်နေဟန်တူပါတယ်။
အလုပ်လက်မဲ့နှုန်းဘယ်လောက်ရှိလဲ၊ ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်တိုးတက်နေလဲ၊ ငွေကြေးဖောင်းပွမှုနှုန်းက ဘယ်လောက်ထိပြောင်းနေလဲဆိုတာတွေနဲ့ ပြန်လည်ချိန်ထိုးကြည့်ရင် မီဒီယာတွေကြားမှာ ရေပန်းစားနေတဲ့ ဘဏ်ချေးငွေပြဿနာရဲ့ အဖြေတစ်စိတ်တစ်ဒေသကို မြင်တွေ့ရဖွယ်ရှိပါတယ်။

Facebook Comments