လျှပ်စစ်မီးရရင် ဘာမဆို လုပ်ချင်တယ်

/ /

မူအက်စတာ
ကန္တရစတီတိုင်းမ်၊ အတွဲ (၆) အမှတ် (၁၁)
ကယားပြည်နယ်အတွင်း စီးပွားရေးအပါအဝင် ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် လျှပ်စစ်မီးရရှိမှု အခြေအနေကို ကိန်းဂဏန်းများ၊ Charts များ အသုံးပြု၍ အယ်ဒီတာ့အာဘော်၊ ဆောင်းပါးတို့ဖြင့် ဂျာနယ်တစ်ခုတည်းတွင် အထူးပြု ဖော်ထုတ်ရေးသားထားသည်။

မြို့နယ်အလိုက် မီးရရှိမှု အနေအထား၊ ပြည်သူများ ငွေကြေးထည့်ဝင်နေရမှု အခြေအနေ၊ လျှပ်စစ်မီး အစားထိုး လျှပ်စစ်မီးအစား ဆိုလာစနစ်သုံးသည့်အတွက် ကြုံတွေ့နေရသည့် နောက်ဆက်တွဲ ဆိုးကျိုးတို့ကို ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ၏ ပြောကြားချက်များကို ကိုးကားကာ ဒီးမောဆိုမြို့နယ် ဘိုးလျားကျေးရွာ၊ ခေဒါခူဘွဲ့ကျေးရွာ၊ ဒေါလော်ခူကျေးရွာ ဥက္ကဋ္ဌ ဦးစိုးရယ်တို့ကို မေးမြန်း၍ ရေးသားထားသည်။

လျှပ်စစ်မီးနှင့် ပြည်နယ်ဖွံ့ဖြိုးမှု ဆက်စပ်ကြောင်းကို အယ်ဒီတာ့အာဘော်တွင် မီးမောင်းထိုးပြထားကာ ယင်းကိစ္စအား ပြည်နယ်ဘက်ဂျက် ရေးဆွဲရာတွင် အစိုးရတာဝန်ရှိသူများက ထည့်သွင်းခြင်း ရှိ/မရှိနှင့် ဘက်ဂျက်အား လွှတ်တော်သို့ တင်ပြလာသည့်အခါ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး တင်ပြနိုင်ရန်အတွက် အချက်အလက်များနှင့် မြေပြင်အခြေအနေကို သိရှိထားရန် လိုကြောင်းကိုလည်း တိုက်တွန်းထားသည်။

ကန္တရဝတီတိုင်းမ်မှ စီးပွားရေးဆိုင်ရာသတင်းများ အထူးပြုရေးသားနေသည့် သတင်းထောက်ဖြစ်သူ မူအက်စတာသည် Internews မှ ပြုလုပ်ခဲ့သည့် Key Issue In Economic Reporting, Data Journalism နှင့် Consumer Rights Protection Workshop တို့ကို တက်ရောက်ခဲ့ဖူးသူ တစ်ဦး ဖြစ်သည်။

Facebook Comments