ရန်ကုန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်

/ /

ရန်ကုန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်(Yangon Investment Forum) ကို ၂၀၁၉ ခုနှစ် မေ ၁၀ မှ ၁၁ ရက်အထိ ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ Lotte ဟိုတယ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
ဒီဖိုရမ်မှာ ပြည်တွင်းပြည်ပက တက်ရောက်သူ စီးပွားရေးလုပ်ငန်းရှင် ရာပေါင်းများစွာတက်ရောက်ကျဖို့ရှိပြီး ပွဲ့တော ဖိတ်ကြားခံရသူသာ တက်ရောက်နိုင်မယ့် ပွဲမျိုးဖြစ်ပါတာယ်။ မြန်မာနိုင်ငံ၏စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမှာဖြစ်သလို ရန်ကုန်မှာ လုပ်မယ့် စီမံကိန်းတွေကို ချပြမယ့် ပွဲလည်းဖြစ်ပြီး အစိိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များအကြား လက်မှတ်ရေးထိုးမှုတွေလည်း ပါဝင်လာမယ့် သဘောရှိပါတယ်။ ဒီပွဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အဖွင့်မိန့်ခွန်းပြောကြားဖို့ရှိပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ရန်ကုန်တိုင်းဒသေကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စီးတီးမတ်လုပ်ငန်းစု စီအီးအို ဒေါ်ဝင်းဝင်းတင့်၊ စီဘီဘဏ် ဥက္ကဌ ဦးခင်မောင်အေးတို့လည်း တက်ရောက်ပြီး စီးပွားရေးဆိုင်ရာအခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမှာဖြစ်ပါတယ်။

Facebook Comments