ရန်ကုန်မြို့သစ်မှာ အခြေခံအဆောက်အဦးတွေဆောက်ဖို့ ကုမ္ပဏီ ၂ ခုစတင်ရွေးချယ်

/ /

အခြေခံအဆောက်အဦ စီမံကိန်းတွေဖြစ်တဲ့ ၁) Power Supply and Distribution ၂) Natural Gas Supply and Distribution ၃) Cyber Connectivity ၄) Public Transport ၅) Waste Management နဲ့ ၆) Convention Center တို့အတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest)ကို ကြေငြာခဲ့တဲ့အနက် ကုမ္ပဏီ ၂ ခုကို ရွေးချယ်ထားပါတယ်။
NYDC က သက်ဆိုင်ရာကဏ္ဍအလိုက် EOI တင်သွင်းမှု (၇၇)ခုကို ကုမ္ပဏီ/ အဖွဲ့အစည်းပေါင်း (၄၅)ခုထံက လက်ခံရရှိခဲ့ပြီး တင်သွင်းထားတဲ့ EOI တွေထဲက အကောင်းဆုံး၊အသင့်လျော်ဆုံး အရည်အချင်းပြည့်မီတဲ့ ကုမ္ပဏီကို မျှတပြီးပွင့်လင်းမြင်သာမှုရှိရှိ ရွေးချယ်နိုင်ဖို့ရည်ရွယ်ပြီး NYDC ဟာ စင်ကာပူနိုင်ငံရဲ့ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ Enterprise Singapore နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ Monetary Authority of Singapore တို့က ဒေသတွင်း အခြေခံ အဆောက်အဦ တည်ဆောက်ရေးအတွက် ငွေကြေးမတည်ရာမှာ အထောက်အကူပြုနိုင်ဖို့နဲ့ အခြေခံအဆောက်အဦတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ပြီးဖွဲ့စည်းထားတဲ့ Infrastructure Asia(IA) အဖွဲ့နဲ့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုကဏ္ဍမှာ မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။
ရွေးချယ်ခံရတဲ့ ကုမ္ပဏီ/ အဖွဲ့အစည်းတွေကတော့ -(၁) Power Supply and Distribution ကဏ္ဍအတွက် ထိုင်းနိုင်ငံအခြေစိုက် PTT/PTTEP/GPSC တို့ပါဝင်တဲ့ PTT Group ကို ရွေးချယ်ခဲ့ပြီးတော့
(၂) Natural Gas Supply and Distribution ကဏ္ဍအတွက် အိန္ဒိယနိုင်ငံအခြေစိုက် Indraprastha Gas Limited and Gail Consortium (IGL Consortium) ကို ရွေးချယ်ခဲ့ပါတယ်။
ကျန်ရှိနေတဲ့ ကဏ္ဍတွေထဲက Cyber Connectivity Infrastructure ကဏ္ဍအတွက်လည်း စိစစ်မှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။
IA နဲ့ပတ်သက်ပြီး ပိုမိုသိရှိလိုပါက အောက်ပါလင့်မှာ ဖတ်ရှုနိုင်ပါတယ်။ https://www.infrastructureasia.org/…/infrastructure-asia-su…

ရန်ကုန်မြို့သစ် CEO blog

ref;NYDC

Facebook Comments