ရန်ကုန်စတော့အိပ်ချိန်းပြပွဲ- YSX Expo 2019

/ /

ရန်ကုန်စတော့အိပ်ချိန်းပြပွဲ- YSX EXPO 2019 ကို စက်တင်ဘာလ ၁ ရက်နေ့တွင် Novotel Yangon Max Hotel တွင် နံနက် ၉ နာရီခွဲမှ ညနေ ၃နာရီခွဲ အထိ ကျင်းပပြုလုပ်မယ်လို့ သိရသည်။
ဒီပွဲမှာ ပြည်တွင်း၊ ပြည်ပ ပညာရှင်များမှ ဟောပြောပို့ချမည့် Expert talk အစီအစဉ်လည်းပါမည်ဖြစ်သည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (ငြိမ်း) ဒေါက်တာမောင်မောင်သိမ်းမှ စတော့ ရှယ်ယာ ရင်းနှီးမြှုပ်နှံမှု နှင့် ပတ်သက်သည့် ဗဟုသုတများကို မျှဝေပေးမည်ဖြစ်သလို စကားဝိုင်းဆွေးနွေးပွဲများ Panel Discussion တွင် SECM မှ Commissioner ဆရာ ဦးဌေးချွန်၊
YSX မှExecutive Senior Manager ဆရာဦးသက်ထွန်းဦး၊ Author & Financial Consultant ဆရာဦးကျော်မျိုးထွန်း၊ Asia Frontier Capital Limited မှ Regional Research Analyst ဖြစ်သူ Mr. Scott Osheroff နှင့် Moderator ဖြစ်သူThe voice Journal/ Living color media မှ Publisher/CEO ဆရာ ဦးဇေယျသူတို့မှ မြန်မာစတော့ ဈေးကွက်အတွင်း နိုင်ငံခြားသား များ ရှယ်ယာ ဝယ်ယူခွင့် ရရှိပြီးပါက ဖြစ်ပေါ်လာနိုင်မည့် အကျိုးကျေးဇူးများကို ဆွေးနွေးတင်ပြသွားမည်ဖြစ်တယ်လို့ သိရသည်။🔺 ထို့အပြင် စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ ပြခန်းများဘဏ္ဍာရေးသင်တန်းများ၏ ပြခန်းများ၊ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၏ ပြခန်းများ၊ကံစမ်းမဲ အစီအစဉ်များ၊အာမခံ ကုမ္ပဏီများ၏ ပြခန်းများ၊အခြားပြည်တွင်းပြည်ပကုမ္ပဏီကြီးများ ၏ ပြခန်းများလည်းပါဝင်မည်ဖြစ်ပါသည်။အမှတ်တရလက်ဆောင် ပေးအပ်ခြင်းအစီအစဉ်များစွာလည်း ထည့်သွင်းထားပါသဖြင့် လက်မလွတ်ရအောင် အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပါသည်။အထူးအစီအစဉ်အနေဖြင့်ရင်းနှီးမြှုပ်နှံမှု စာရင်းဖွင့်လှစ်လိုသူများအတွက်လည်း မိမိတို့ နှစ်သက်ရာဖြစ်သော ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများဖြစ်သည့်MSEC, KBZSC, CBSC, AYATSC, KTZRH နှင့် UABSC တို့တွင် Investor Account (Securities Account) ကို One Stop Service အနေဖြင့် NRC card နှင့် Bank Book ယူဆောင်ခဲ့ရုံမျှဖြင့် ဖွင့်လှစ်နိုင်စေရန် စီစဉ်ပေးထားပါသည်။နေရာအကန့်အသတ်ရှိတဲ့အတွက် အမြန်ဆုံးစာရင်းပေးဖို့လိုမယ်လို့လည်း သိရသည်။
Yangon Stock Exchange Message box မှ တဆင့်(သို့) ဖုန်းနံပါတ် ဝ၁-၃၇၁၂၇၄ နှင့် ဝ၉-၇၆၂၆၉၀၅၆၀ (သို) Online Registration Form: http://ysxexpo2019.ysx-mm.com/registration-form/တို့ကနေ စာရင်းပေးသွင်းနိုင်ပါသည်။

ref; http://ysxexpo2019.ysx-mm.com

Facebook Comments