မွန်ပြည်နယ် အစိုးရအဖွဲ့၏ ကတိကဝတ် အကောင်အထည် ဖော်မှု အခြေအနေ

/ /

ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်ကို စတင် ကျင်းပ လာခဲ့သည်မှာ ယခုဆိုလျှင် ၃ နှစ်ကျော် ကာလအထိ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ လွှတ်တော် အစည်းအဝေး စတင် ကျင်းပသည်မှ ယနေ့အထိ (၈.၇.၂၀၁၉) ပုံမှန်အစည်းအဝေး ၁၃ ကြိမ်၊ အထူးအစည်းအဝေးနှင့် အရေးပေါ် အစည်းအဝေး ၂ ကြိမ် စီ ကျင်းပထားသည်။
ကျင်းပခဲ့သော အစည်းအဝေးများ အားလုံးတွင် ကြယ်ပွင့်ပြမေးခွန်း ၄၁၄ ခု မေးမြန်းခဲ့ပြီး ကတိဝင် မေးခွန်း ၂၃၉ ခု ကတိဝင်ခဲ့သည်။ ကတိဝင် မေးခွန်းအပေါ် အစိုးရအဖွဲ့က ၆၀ ဒသမ ၆၇ ရာခိုင်နှုန်း အကောင်အထည် ဖော် ဆောင်ရွက်ထားသည်။
တင်းသွင်းခဲ့သော အဆိုများမှာတော့ အဆို စုစုပေါင်း ၄၆ ခု တင်သွင်းခဲ့ကာ အတည်ပြုအဆို ၃၈ ခု။ မှတ်တမ်းတင် ၆ ခု၊ အတည်မပြု အဆို ၂ ခု ရှိခဲ့သည်။ အတည်ပြု အဆို ၃၈ ခုတွင် အစိုးရအဖွဲ့ အကောင်အထည် ဖော်မှုမှာ ၄၄ ဒသမ ၇၄ ရာခိုင်နှုန်းသာ ရှိခဲ့သည်။
ဝန်ကြီး တစ်ဦးချင်းအလိုက် မေးခွန်းနှင့် အဆို အကောင်အထည် ဖော်မှု ရာခိုင်နှုန်း
အစဉ် ဝန်ကြီးဌာန အကောင်အထည် ဖော်မှု ရာခိုင်နှုန်း မေးခွန်း (%) အဆို(%)
၁ ဝန်ကြီးချုပ် ၅၀ –
၂ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ၅၈.ဝ၆ ၄၀
၃ စိုက်ပျိုး၊မွေးမြုရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ၅၇.၁၄ ၄၀
၄ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၄၂.၈၆ ၈၀
၅ လျှပ်စစ်၊စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန ၇၅ ၁၆.၆၇
၆ စီမံကိန်း၊ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၆၆.၆၇ ၃၃.၃၃
၇ လူမှုရေးဝန်ကြီးဌာန ၇၃.၁၇ ၄၀
၈ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ၅၀ ၆၆.၆၇
၉ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ၁၀ဝ
မှတ်ချက်။`။ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမူ မေးခွန်း တစ်ခုကိုသာ မေးမြန်းဖြေကြား၍ အကောင်အထည် ဖော်ခဲ့ခြင်းသာ ဖြစ်သည်။ ဝန်ကြီးချုပ်၏ အဆို အကောင်အထည်ဖော်မှုကို တွက်ချက်ထားခြင်း မရှိပေ။
ယခု ရာခိုင်နှုန်း တွက်ချက်မူကို မွန်ပြည်နယ် လွှတ်တော်နှင့် အစိုးရအဖွဲ့ရုံး အရာထမ်း၊ အမှုထမ်းများက တွက်ချက်ထားခြင်း ဖြစ်ပြီး၊ ပြီးခဲ့သည့် ၁၃ ကြိမ်မြောက် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိမှ ဖတ်ကြား အသိပေးထားခြင်း ဖြစ်သည်။

Facebook Comments