မွန်ပြည်နယ် ဆားထုတ်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဘာတွေ အခက်အခဲရှိနေလဲ

/ /

မွန်ပြည်နယ်သည် နှစ်စဉ် နေလှန်ဆား မက်ထရစ်တန်ချိန် ၃ သောင်းကျော် ထွက်ရှိသည့် ပြည်နယ် တစ်ခု ဖြစ်ပြီး ဆားထွက်ရှိမူမှာ နိုင်ငံအတိုင်းအတာအရ ဒုတိယအများဆုံး ထွက်ရှိနေသည်။
ယခုဘဏ္ဍာရေးနှစ်မှာတော့ ဆားထုတ်လုပ်မှု ဧကပေါင်း ၃၉၀ဝ ကျော်မှ ဆားမက်ထရစ် တန်ချိန် ၃၃၈၄၅ တန် ထွက်ရှိခဲ့ပြီး၊ ယခင်နှစ်ထက် နှိုင်းယှဉ်ပါက ဆားမက်ထရစ် တန်ချိန် ၁၀၇၈၇ တန် ပိုမို ထွက်ရှိခဲ့သည်။
သို့သော်လည်း နေလှန်ဆားကို အဓိက ထုတ်လုပ်နေရသည့်အတွက် မိုးတွင်းကာလရောက်လျှင် ဆားလုပ်ကွက်များ ပိတ်သိမ်းရပြီး၊ မိုးကုန်မှသာ ဆားလုပ်ငန်းကို ပြန်စကြရသည်။
လက်ရှိမှာတော့ ဆားတောင်သူ အများစုကတော့ ၎င်းတို့၏ လယ်ယာမြေကို အခြားနည်းပြောင်းလဲ သုံးစွဲခွင့် ပုံစံ ၃၀(က) ရရှိရေးအပါအဝင် SME ချေးငွေ ရရှိရေး၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးရန် အစိုးရထံ တောင်းဆိုထားသည်။
သို့သော်လည်း SME ချေးငွေ ရရှိရေးအတွက်မူ လယ်ယာမြေကို အခြားနည်းပြောင်းလဲ သုံးစွဲခွင့် ပုံစံ ၃၀(က) မရ ရှိကြသေးသဖြင့် ချေးငွေ ရရှိရန် အခက်အခဲ ရှိနေသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ်ကတော့ ဆားကဏ္ဍဖွံ့ဖြိုးရေးအတွက် အစိုးရအနေဖြင့် SME ချေးငွေ ရရှိရေး အပါအဝင် လုပ်ငန်းစဉ် ၄ ရပ် ချမှတ် အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဟု ဇွန်လ ၂၄ ရက်က ဆားတောင်သူများကို ကတိပြုပြောကြားထားသည်။
ထို့အပြင် ဆားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအပြင် စားပွဲတင်ဆားစက်ရုံ ထူထောင်နိုင်သည်အထိ ကူညီပေးသွားမည်ဟု ဝန်ကြီးချုပ် ပြောဆိုထားသည်။
မွန်ပြည်နယ်မှာ နေလှန်ဆားကို ရေး၊ သံဖြူဇရပ် ပငကျေးရွာနှင့် ကျိုက္ခမီတို့မှာ အဓိက လုပ်ကိ်ုင်ကြနေသည်။
မွန်ပြည်နယ် ဆားကဏ္ဍနှင့် ပတ်သက်ပြီး
(မွန်ပြည်နယ် ဆားလုပ်ငန်းရှင် အသင်းဥက္ကဋ္ဌ ဦးဝင်းထိန် ဖုန်း 09428727553 )
(မွန်ပြည်နယ် ဆားလုပ်ငန်း ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်စိုး ဖုန်း 09420038493 )ထံ ဆက်သွယ် မေးမြန်းနိုင်သည်။

Facebook Comments