မော်တော်ယာဉ်အရောင်းစင်တာပိတ်သိမ်းထားသည့်ကုမ္ပဏီများစာရင်းနှင့် ဖျက်သိမ်းကုမ္ပဏီများစာရင်း

/ /

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ မော်တော်ယာဉ်အရောင်းစင်တာပိတ်သိမ်းထားတဲ့ကုမ္ပဏီများစာရင်းနဲ့ ဖျက်သိမ်းကုမ္ပဏီများစာရင်းဖြစ်ပါတယ်။
ပိတ်သိမ်းကုမ္ပဏီစုစုပေါင်း ၆၉ ခုရှိပြီး ဖျက်သိမ်းကုမ္ပဏီ ၁၀၆ ခုရှိပါတယ်။
မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒသစ်ကြောင့် လုပ်ငန်းဆက်လက်ရပ်တည်ရန် ခက်ခဲလာခဲ့တာကြောင့် ကုမ္ပဏီအများစုက အခုလို ဖျက်သိမ်း သို့မဟုတ် ပိတ်သိမ်းဆောင်ရွက်လာတာလို့ သိရပါတယ်။ ဖျက်သိမ်းလိုက်တဲ့ ကုမ္ပဏီတွေဟာ ပြည်ပက ကားဟောင်းဝယ်ပြီး ပြည်တွင်းကို ပြန်လည်ရောင်းချတဲ့ ကုမ္ပဏီတွေပဲဖြစ်ပါတယ်။
ကားအရောင်းပြခန်း ဖွင့်လှစ်ထားသော အရောင်းပြ ခန်း ၃၀ဝ ဝန်းကျင်ထဲက တစ်ဝက်ကျော်လောက် ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။
ပိတ်သိမ်းထားတဲ့ ကုမ္ပဏီစာရင်းနဲ့ ဖျက်သိမ်းထားတဲ့ ကုမ္ပဏီစာရင်း အပြည့်အစုံကို အောက်ပါ link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://myanmar.gov.mm/news-media/announcements/-/asset_publisher/idasset291/content/–4503

မော်တော်ယာဉ်အရောင်းစင်တာအတွက် DEPOSIT မြန်မာငွေကျပ်သိန်း(၁၅၀ဝ) ထားရှိသည့် ကုမ္ပဏီများစာရင်း (သက်တမ်းရှိ အရောင်းစင်တာများ)အပြည့်အစုံကို အောက်ပါ link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://myanmar.gov.mm/news-media/announcements/-/asset_publisher/idasset291/content/-deposit-

Facebook Comments