မုံရွာ မြို့ စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဟောပြောပွဲ (Monywa Stock Investment Seminar)

/ /

ရန်ကုန်စတော့အိပ်ချိန်းကနေပြီးတော့ ပုံမှန်လုပ်နေကျဖြစ်တဲ့ အများပြည်သူ အသိ ပညာ ပြန့်ပွားရေး အစီအစဉ် အရ Monywa Stock Investment Seminar ကို ၂၀၁၉ခုနှစ်၊ ဇွန်လ (၉) ရက်နေ့ (တနင်္ဂနွေနေ ့)မှာ မုံရွာမြို့မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

ဟောပြောပွဲမှာ ဆရာခင်မောင်ညို (ဘောဂဗေဒ)မှ “ရင်းနှီးမြှုပ်နှံသူကောင်းတစ်ဦးဆိုသည်မှာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်စတော့အိပ်ချိန်းမှ Executive Senior Manager ဦးသက်ထွန်းဦးမှ “ရန်ကုန်စတော့အိပ်ချိန်း နှင့် စတော့ ဈေးကွက်အလားအလာများ” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေး နွေး ဟောပြောကြမယ်လို့လည်း သိရပါတယ်။

ရေရှည်မှာ အကျိုးအမြတ် ဖြစ်ထွန်းစေမယ့် စတော့အိပ်ချိန်း စာရင်းဝင်ကုမ္ပဏီများတွေရဲ့ ရှယ်ယာတွေကိုု ဝယ်ယူ ရင်းနှီးမြှုပ်နှံထားခြင်းဟာ မည်သည့်အကျိုးများ ဖြစ်ထွန်းစေမည်၊ မည်သည့် အချက်များကို သတိပြု သင့်သည် စတဲ့ ဗဟုသုတတွေကိုလည်း ဆွေးနွေးဟောပြောကြမယ်လို့ သိရပါတယ်။
ပွဲချိန်အတွင်း စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံမှု စာရင်းဖွင့်လှစ် နိုင်ရန်စီစဉ်ထားတာကြောင့် စာရင်း ဖွင့်လှစ်လိုသူများ လိုသူများ အနေနှင့်် မှတ်ပုံတင်နှင့် ဘဏ်စာအုပ် ယူဆောင်လာမယ့်ဆိုရင် စာရင်းဖွင့်ပေးမှာဖြစ်ပါတယ်။

📅နေ့ရက်။ ။၂၀၁၉ခုနှစ်၊ ဇွန်လ (၉) ရက် (တနင်္ဂနွေနေ့)
⏰ အချိန်။ ။ နံနက် ၉းဝ၀ နာရီ မှ နေ့လည် ၁၂းဝ၀ နာရီအထိ
🏦နေရာ။ ။ ပေါ်ဦးခန်းမ၊ ဗိုလ်ချုပ်လမ်း၊ အောင်မင်္ဂလာရပ်ကွက်၊ မုံရွာမြို့။

Facebook Comments