ဘဏ်များမှ ကဏ္ဍအလိုက်ထုတ်ချေးထားသော ချေးငွေများ

/ /

မြန်မာနိုင်ငံမှာရှိတဲ့ အစိုးရဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ်တွေကနေပြီးတော့ ကဏ္ဍအလိုက်လုပ်ငန်းတွေကို ထုတ်ချေးထားတဲ့ ချေးငွေပမာဏဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် ပထမသုံးလပတ်ကနေ ၂၀၁၈ ခုနှစ် တတိယသုံးလပတ်အထိ ထုတ်ချေးထားတဲ့အခြေအနေတွေပဲ ဖြစ်ပါတယ်။
ဘဏ်တွေက အဓိက ချေးငွေထုတ်ချေးနေတဲ့ ကဏ္ဍတွေကတော့ စိုက်ပျိုးရေး၊ ထုတ်လုပ်ရေး၊ ကုန်သွယ်ရေး၊ ပို့ဆောင်ရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း၊ အထွေထွေချေးငွေ၊ အရစ်ကျစနစ်နဲ့ ဝယ်ယူခြင်း၊အိမ်ယာချေးငွေ၊အသေးစားအလတ်စားလုပ်ငန်းများစတဲ့ ကဏ္ဍ ၁၁ ခုမှာ အဓိက ထုတ်ချေးထားတာပဲဖြစ်ပါတယ်။
ဒီကဏ္ဍ ၁၁ ခုထဲမှာ စိတ်ဝင်စားစရာကောင်းတာတစ်ခုက အစိုးရဘဏ်တွေက နှစ်တိုင်းလိုလို အများဆုံး ထုတ်ချေးထားတဲ့ကဏ္ဍကတော့ စိုက်ပျိုးရေး၊မွေးမြူရေးဆိုင်ရာကဏ္ဍပဲဖြစ်ပြီး ပုဂ္ဂလိကဘဏ်တွေကတော့ ကုန်သွယ်မှုလုပ်ငန်းတွေနဲ့ ကုန်ထုတ်လုပ်ငန်းကို အများဆုံးထုတ်ချေးတာတွေ့ရပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိကဘဏ်တွေအကြား ချေးငွေထုတ်ချေးနိုင်မှု ပမာဏကို ကြည့်မယ်ဆိုရင် ပုဂ္ဂလိကဘဏ်တွေက ပိုမိုထုတ်ချေးနိုင်တာတွေ့ရပါတယ်။
ချေးငွေအချက်အလက် အသေးစိတ်ကို အောက်ပါ link မှာ ဒေါင်းလုတ်ရယူနိုင်ပါတယ်။


Ref; Central Bank of Myanmar

Facebook Comments